အင်မတန်လှော်တဲ့ကောင်တွေ . . ရဟန်းရှင်လူပြည်သူတွေကို အပြင်မှာ
တကယ်သတ်၊တကယ်ထောင်ချ၊တကယ်ဒုက္ခပေးရုံမျှမကသေးဘဲ ..
အွန်လိုင်းပေါ်မှာပါ .. .
(၁) သခင်ဆိုတဲ့နာမည်ကိုသုံးတယ်
(၂) မျိုးချစ်ဆိုတဲ့နာမည်ကိုသုံးတယ်
စသည်ဖြင့် အမျိုးဘာသာကိုအကြောင်းပြ ပါတီရေးအရမုန်းတီးတဲ့အတွေး
အခေါ်များကို ပြည်သူစစ်စစ်တွေထင်ယောင်ထင်မှားဖြစ်အောင် သွေးဆောင်
ဖြားယောင်းတယ် ။
ဒါကို ပြည်သူစစ်စစ်သားပေါက်လေးတွေက တကယ်ထင်ပြီး ..
တို့ ဗုဒ္ဓဘာသာကိုမထိနဲ့ .. ကွ။
တို့ အမျိုးကိုမထိနဲ့ . . ကွ ။ ဆိုပြီးလက်သီးလက်မောင်းတန်းကြပါလေရော ..
အေး .. ဒါမျိုးတွေသတိထားကြပါကွာ။
ပြည်သူစစ်စစ်ရေးတဲ့စာဆိုတာ . .
(၁) စစ်ခွေးနဲ့ကြံ့ဖွတ်မကောင်းကြောင်းပါတယ်
(၂) NLD အပါအ၀င် အခြားပါတီတိုင်းရဲ့အားနဲချက်များကိုဝေဖန်တာပါတယ်။
ဒါကိုသတိလေးမူမိကြစေဖို့ပြောတာပါ။
အခုအွံန်လိုင်းပေါ်မှာ ရုပ်ပြပြီး သခင်အဖြစ်အလုပ်စားနေတဲ့အဖွဲ့တွေ
လယ်တီသိမ်အကြောင်းကန့်ကွက်ရှုတ်ချတာလုံးဝမတွေ့ရပါဘူး။
အဲဒီလောက်ဆို သဘောပေါက်သင့်ပါတယ်။
အချုပ်အားဖြင့်ပြောရရင် .. အွန်လိုင်းအသုံးပြုသူများအနေဖြင့် ဘယ်သူဘယ်သူ
ရဲ့ စကားကိုမှ အရမ်းကာရောမယုံကြည်ကြပါနဲ့။ ဓာတ်ပုံတင်ပြီးကနော့နာမည်
̏ သခင်ဘယ်သူပါ˝ ကျမနာမည် ̏ မမျိုးချစ်ပါ˝ လို့ပြောလည်း အဲဒီကောင်သခင်
စစ်တယ်မစစ်ဘူး။ အဲဒီကောင်မ မျိုးချစ်စစ်တယ်မစစ်ဘူးဆိုတာကိုတိုင်းထွာနိုင်
တဲ့ ဉာဏ်ပညာလိုပါသေးတယ်လို့ .. အသိပေးပါစေ
█ ░ အလင်းရှင် ░ █

No comments :
Post a Comment