အမေရိကန်က မြန်မာစစ်အုပ်စုနဲ့ အပေါင်းအပါများကို ပစ်မှတ်ထားပိတ်ဆို့မှု ပိုမိုပြုလုပ်သင့်ဟု USCB တိုက်တွန်း
ယခု အမေရိကန်ပြည်ထောင်စုက Burmese Freedom and Democracy Act ဖြင့် မြန်မာစစ်အစိုးရနဲ့ အပေါင်းအပါများကို စီးပွားရေးပိတ်ဆို့အရေးယူခြင်းကို အမေရိကန်လွှတ်တော်တွင် သက်တမ်းတိုးမည်ဖြစ်ရာ မြန်မာအရေးလှုပ်ရှားနေသူ အင်အားစုများက မိမိတို့ ပြည်နယ်နဲ့ မြို့နယ်များက လွှတ်တော်အမတ်များ၏ ထောက်ခံမဲရရှိရေး ဆက်သွယ်ဖိအားပေးကြရန် တိုက်တွန်းလျက်ရှိသည်။
၂၀၁၁ ခုနှစ် မြန်မာပြည်တွင်း အထွေထွအကြပ်အတည်းများ ဆိုက်ရောက်လျက်ရှိပြီး နိုင်ငံရေးအကျဉ်းသားများ ထောင်နဲ့ချီ ဖမ်းဆီးချူပ်နှောင်ထားခြင်း၊ ထိုအချက်ကို လိမ်ညာဖုံးကွယ်နေခြင်း၊ ပြည်တွင်းစစ်နှင့် တိုင်းရင်းသားလူမျိုးစုအားလုံးကို လူ့အခွင့်အရေး ချိုးဖောက် ဖိနှိပ်လျက်ရှိခြင်း၊ လက်ဝါးကြီးအုပ် စီးပွားရေးဖြင့် ချုပ်ကိုင်လျက်ရှိခြင်းတို့ကြောင့် မြန်မာအစိုးရကို ဆက်လက် ပိတ်ဆို့အရေးယူမှုများ သက်တမ်းတိုးသွားရန် တိုက်တွန်းခြင်း ဖြစ်ကြောင်း မြန်မာ့အရေးလှုပ်ရှားသူများက ရှင်းလင်း စည်းရုံးလျက်ရှိသည်။
လွန်ခဲ့သည် ဇွန်လ ၂ ရက်နေ့က အမေရိကန် အောက်လွှတ်တော်၊ နိုင်ငံခြားရေးရာကော်မီတီ၏ ကြားနာမှု အစီအစဉ်တွင် ၀ါရှင်တန်ဒီစီအခြေစိုက် USCB အဖွဲ့ ဦးဆောင်သူ ကိုအောင်ဒင်က သြစတြေးလျနိုင်ငံ၏ မြန်မာပြည်အပေါ် ငွေကြေးစီးပွားဆိုင်ရာ ပိတ်ဆို့အရေးယူမှုမျိုးကို တိုးချဲ့ပြုလုပ်ရန် အကြံပြု တင်ပြခဲ့သည်။ သြစတြေးလျက မြန်မာစစ်အာဏာရှင်များ၊ မိသားစုများ၊ စစ်ခေါင်းဆောင်များ၊ အပေါင်းအပါ စီးပွားဖက်များ၊ အကာအကွယ်ပေးသူများ၊ မိသားစုများ၏ စုစုပေါင်း လူဦးရေ ၄၀၀ ကို စာရင်းပြုစု သတ်မှတ်ပြီး ငွေကြေးစီးပွားပိတ်ဆို့မှု ပြုလုပ်ထားကြောင်း ထောက်ပြသည်။ အမေရိကန်၏ ပစ်မှတ်ထားပိတ်ဆို့မှုမှာ ထိုစာရင်းထက်စာလျင် များစွာ လျော့နည်းကြောင်း ထိုနမူနာကို ကြည့်သင့်ကြောင်း တိုက်တွန်းထားသည်။
မိုးမခက နမူနာစာရင်းကို ကောက်ခံကြည့်ရာ အောက်ပါ လူပုဂ္ဂိုလ်များ၊ လုပ်ငန်းများသည် လက်ရှိ မြန်မာအစိုးရ၊ စစ်အုပ်စုတို့၏ အာဏာရှင်သက်တမ်းရှည်အောင် ထောက်ခံအားပေးကူညီနေသူများ ဖြစ်သည်ဟု စာရင်းတင်သွင်းလာကြသည်ကို တွေ့ရသည်။
http://moemaka.wordpress.com/page/98/
(တေဇ နဲ့ ထွန်းမြင့်နိုင် နဲ့ ဇော်ဇော်ကို တော့ အမေရိကန်ကပိတ်ထားပြီး ဖြစ်သည်)
စစ်အုပ်စု၏ အပေါင်းအပါများ The Regime’s Cronies List
No comments :
Post a Comment