.

AlinShin

Thursday, December 18, 2014

ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်မှာတားခံမှသိန်း(၁၀၀၀) ပေးနိုင်လျှင် တရားခံဘ၀မှလွတ်မြောက်နိုင်ခြင်း

Father Land ကြိုပွိုင့်တိုက်ခန်းဝယ်ယူထားပြီး အခန်းမရရှိသေး၍ 
တရားခွင်သို့ လာရောက်ခဲ့သူများ
☀✂ ✂ ✂ ☀ ✂ ✂ ✂ ☀ ✂ ✂ ✂ ☀ ✂ ✂ ✂ ☀ 


Father Land ကုမ္ပဏီပိုင်ရှင် ဦးကျော်မြင့်အား အာမခံရုပ်သိမ်းပြီး
ဖမ်းဝရမ်းထုတ်အာမခံဖြင့် အမှုရင်ဆိုင်နေရသော Father Land
ဆောက်လုပ်ရေး ကုမ္ပဏီ ပိုင်ရှင်ဦးကျော်မြင့်သည် ဒီဇင်ဘာ ၁၆
ရက်နေ့ ပထမဆုံး တရားရင်ဆိုင်သည့်နေ့၌ပင် တရားရုံးသို့
လာရောက်ခဲ့ခြင်း မရှိ၍ ကျောက်တံတားမြို့နယ် တရားရုံးမှ
အာမခံ ရုပ်သိမ်းပြီး ဖမ်းဝရမ်း ထုတ်ဆင့်ခဲ့သည်ဟု သိရသည်။

ဦးကျော်မြင့်သည် ကျန်းမာရေး မကောင်း၍ ဆေးရုံတက်နေရသည်ဟု
အကြောင်းပြခဲ့ပြီး မည်သည့်ဆေးရုံတွင် တက်ရောက်ကုသနေသည်ကို
၎င်း၏ ရှေ့နေက ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိခဲ့ပေ။
''သူက ဘယ်ဆေးရုံးမှာ တက်တယ်ဆိုတာလဲ မပြောနိုင်လို့ အာမခံရုပ်
သိမ်းတာ''ဟု တရားလိုရှေ့နေ ဒေါ်ဆွေဆွေငြိမ်းက ပြောသည်။

တရားရုံးမှ နံနက် ၁၀ နာရီခွဲတွင် ချိန်းဆိုခဲ့သော်လည်း ဦးကျော်မြင့်ဘက်မှ
မလာရောက်၍ မွန်းတည့် ၁၂ နာရီ ထပ်မံ ချိန်းဆိုခဲ့ကာ အာမခံရုပ်သိမ်းရန်
တရားရုံး က ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
Father Land ကုမ္ပဏီထံမှ တိုက်ခန်းကြိုပွိုင့်စနစ်ဖြင့် ၀ယ်ယူထားသူများ၊
တိုက်ခန်းမရရှိသူများနှင့် မြေပိုင်ရှင် အများ အပြားကလည်း အဆိုပါ
တရားရုံးသို့ စုပေါင်းရောက်ရှိနေခဲ့ပြီး နစ်နာသူများကလည်း ထပ်မံတရားစွဲ
သွားမည်ဟု တိုက်ခန်းဝယ်ယူခဲ့သူများက ပြောသည်။

Father Land ဆောက်လုပ်ရေး ကုမ္ပဏီပိုင်ရှင် ဦးကျော်မြင့်အနေနှင့်
ကျောက်တံတားတရားရုံးသို့ လာရောက် တရားရင်ဆိုင်ပါက ဖမ်းဆီးရန်
ဗိုလ်တထောင်ရဲစခန်း တာဝန်ရှိသူများကလည်း လာရောက်စောင့်ဆိုင်း
နေခဲ့သည်။ ဗိုလ်တထောင်ရဲစခန်းမှလည်း ဦးကျော်မြင့်အား အမှုဖွင့်
ထားကြောင်း အဆိုပါရဲစခန်း တာဝန်ရှိသူက News Watch ဂျာနယ်သို့
ပြောကြားသည်။

ဦးကျော်မြင့်အား ကျပ်သိန်း ၁၀၀၀ ဖြင့် အာမခံပေးခြင်းအပေါ်
နစ်နာနေသူ များဘက်က ဝေဖန်မှုများရှိခဲ့သည်။ ယင်း ကိစ္စနှင့်
ပတ်သက်၍ တရားလိုဦးစိုးမင်း ထက်က ''မြို့နယ်ကနေ ခရိုင်ကို
ဆက် တက်ဖို့ စီစဉ်နေပါတယ်''ဟု News Watch ဂျာနယ်သို့
ပြောကြားခဲ့သည်။
လက်ရှိ ဦးကျော်မြင့်အား ဗိုလ်တထောင်ရဲစခန်းမှ အမှုဖွင့်ထားသည့်
အပြင် နစ်နာသူများကလည်း ထပ်မံတရား စွဲဆိုမည်ဟု ပြောကြားခဲ့ပြီး
ဒီဇင်ဘာ ၃၀ ရက်သို့ ထပ်မံရုံးချိန်း ချိန်းဆိုထားသည်ဟု သိရသည်။
(၁) ကျော်မြင့်ကို စတင်ရုံးထုတ်စစ်ဆေးသောသတင်း
http://alinshin.blogspot.com/2014/12/father-land-1000.html
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

No comments :

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget