~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
ဘယ်မှာအတ္တ ရှာလိုရလဲ . . .
ခိုင်မှာမြဲမြံ တိုက်တည်ပြန်လည်း
ဟောင်းနွမ်းဆွေးလျ ပျက်စီးရတာပဲမဟုတ်လား
၊
ဒါကိုမသိလို့ မလိုလောဘတွေဇွတ်ကြီး
နောက်ဆုံးတော့လည်းထားပစ်ခဲ့ရတာပဲလေ .. ။
တိုင်းပြည်ခေါင်းဆောင်များ ပါးရှားလိုက်တာ။
ပြည်နယ်တိုင်းရင်းသား စစ်ပွဲများနဲ့
ရင်ဆိုင်နေရသလို
ပြည်မနယ်မခြား ပြည်သူအများကလည်း
လယ်ယာသိမ်းခံ မြေသိမ်းပြန်နဲ့ အခိုးခံ
အလုခံ
မကြေနပ်လို ဆန္ဒပြပြန်တော့ ပုဒ်မ ၁၈
နဲ့ထောင်ချပြန်လေသည်။
တွင်းထွက်ရေနံ ကျောက်သံပတ္တမြား ထုတ်ရောင်းစားကာ
ဒေါ်လာဘီလျံများက စစ်ခွေးဗိုလ်ချုပ်တို့အိပ်ထဲရောက်လို့သွားတယ်။
သြော် . . . သင်္ခတ သင်္ခါရ ၊
အဲဒီလိုသူယုတ်တွေမသိကြတော့
မြန်မာပြည်တွင်မက ကမ္ဘာမြေပါမဲမှောင်နေပါရော့လား . .။
ဘဒ္ဒ န္တကောဝိဒ (အလင်းရှင်)
No comments :
Post a Comment