ပါသနည်း။
ဗုဒ္ဓဘာသာဝပင်မဆိုထားနှင့်ဦး အခြားဘာသာဝင်တွေသည်ပင်
သရဏဂုံသုံးပါဆိုလျှင် သိကြသည်။ ထိုမှအပ သရဏဂုံအပါးငါးရာ
ဆိုတာကိုတော့ ဗုဒ္ဓဘာသာဝင်တိုင်းပင်ကြားဖူးမည်
သောစာပေအလေ့အလာနည်းပါးသော ရဟန်းတော်သည်ပင် သရ-
ဏဂုံအပါးငါးရာကိုသိမည်မထင်။
သရဏဂုံအပါးငါးရာဆိုသည်မှာ . . .
ပိဋကတ်သုံးပုံတည်းဟူသော မဟာဓမ္မသမုဒ္ဒယာကြီးထဲတွင် ဟိုမှာ
ဘက်ကမ်းမှ သည်မှာဘက်ကမ်းဆီသို့ . . .သည်မှာဘက်ကမ်းမှ
ဟိုမှာဘက်ကမ်းဆီသို့ လူးလာခေါက်ပြန် ကူးခပ်နိုင်စွမ်းရှိသော
ပိဋကတ်သူရဲတို့၏ အလုပ်ပင်ဖြစ်သည်။ တစ်ဆင့်တက်၍ သုံးသပ်
ပါရဦးမည်ဆိုပါက . ပိဋကတ်သူရဲထက် ပင်ကိုယ်ဉာဏကာယကပင်
ထူးချွန်မြင့်မောက်သော Thinking ရှိသည့် ပိဋကတ်မင်းသားကြီးတို့
မှာသာလျှင် မဟာသရဏဂုံကို ငါးရာအထိ ချဲ့မြင်နိုင်စွမ်းရှိပါပေ၏
ဤကဲ့သို့ ပိဋကတ်ခေါင်ထိ ဖြစ်တော်မူသော လယ်တီဆရာတော်
ဘုရားကြီး၏ မဟာသရဏ၈ုံငါးအား ဓမ္မဒါနအလို့ငှာဝေငှလိုက်ခြင်း
ပင်ဖြစ်ပါသည်။
မည်သူမဆို အောက်ပါလင့်တွင်ဝင်ရောက်ဒေါင်းယ
ကိုင်ဖုန်းထဲတွင် ထည့်သွင်းဖတ်ရှု့လေ့လာနိုင်ပါသည်
သာဓု .. သာဓု .. သာဓု . .
ဤဓမ္မအလင်းကုသိုလ်ကို အားလုံးကိုဝေငှပါတယ် ၊ Share မျှသော
သူများလည်း တူသောအကျိုးရပါစေကုန်သတည်း . . . .
သာဓု . .. သာဓု . .. သာဓု . .ပါဘုရား။
ဘဒ္ဒန္တကောဝိဒ (အလင်းရှင်)
No comments :
Post a Comment