အလင်းရှင်ဆိုတာ ပါတီစွဲ၊နိုင်ငံစွဲ၊လူမျိုးစွဲ၊၀ါဒစွဲ
လုံးဝမထားသလို ဆရာ
ဝါဒစွဲလည်းမထားပါဘူး။ အစွဲမပြုတ်သရွေ့ ၀ါနခေါ်
နိဗ္ဗာန်နှင့်လွဲနေဦးမည်
ငါ့ဘာသာမှ ငါ့ဘာသာဆိုသောအစွဲသည်
ယဉ်ကျေးသောဗုဒ္ဓဘာသာ
၏ မူကြိုတန်းအဆင့်ပင်ဖြစ်ပါသည်။
ယင်းကိုကျော်လွန်၍ ယောနိသော
မနသိကာရကို ဘာသာပြန်နိုင်ပါမှ
ဗုဒ္ဓ၀ါဒ၏ ပန်းတိုင်ဖြစ်သော ၀နဟူ
သည့်နိဗ္ဗာန်တံခါးကို
ဝင်ရောက်နိုင်လိမ့်မည်ဖြစ်သည်။
ဒီလိုရေးနေရင်း ပိဋကတ်ထဲက
အစွဲကြီးသူ သို့မဟုတ် ဗုဒ္ဓမြတ်စွာအား
မျက်စေ့အောက်ကအပျောက်မနိုင်လောက်အောင်
ကြည်ညိုလေးစား
သော ရဟန်းတစ်ပါးကို သတိရမိပြန်ပါသည်။
“ ငါ၏ သင်္ကန်းကိုစွဲကိုင်၍
နေစေကာမူ ငါ၏အကျင့်ကိုမကျင့်သရွေ့
ထိုသူသည် ငါ့နောက်ကိုလိုက်သည်မမည်”
ဟု ထိုရဟန်းတော်ကို မြတ်ဗုဒ္ဓမိန့်ကြားခဲ့ဖူးပါသည်။
ထို့ကြောင့် ဗုဒ္ဓ၀ါဒ
သည် အစွဲခံဝါဒမဟုတ်ပါ။
အစွဲပြုတ်သောဝါဒသာဖြစ်ပါသည်။ ငါ့လူမျိုး
ငါ့ဘာသာ၊ ငါ့နိုင်ငံကောင်းစားရေးထက်
ပိုမိုကျယ်ပြန့်သော သတ္တကောင်း
စားရေးကိုသာရှေ့ရှု့သောဝါဒဖြစ်သည်ဟု
ဒီနေ့ခေတ်လူငယ်များသိထား
စေချင်ပါသည်။
ငါတို့ (မဘသ) ၊ ငါတို့
(၉၆၉) ၊ ငါတို့ (မဟန) ဆိုတာထက် ထိုသူတွေ
ဘာလုပ်သလဲဆိုတာကို သိမြင်နိုင်အောင်လေ့လာမိဖို့လိုသည်။
မှတ်သား
ဖွယ်ရာကား ဒီကနေ့ဗုဒ္ဓဘာသာအလံတော်သည်ပင်
နိုင်ငံခြားသားလူမျိုး
တစ်ဦး၏ စိတ်ကူးဖြင့်ပုံဖေါ်ထားသည်ကို
ဘယ်သူငြင်းဝံ့ပါသနည်း။
ထို့ကြောင့် လူမျိုးစွဲတွေ
မထားသင့်ပါဘူး။ မွတ်ဆလင်မှ ၊ ခရာစ်ယာန်မှာ၊
စသည့်ဖြင့် အမုန်းတရားသည်
ထိုသူ၏စိတ်နှလုံးအား ဒုဂ္ဂတိ နိယတသို့
သာ လားရောက်စေနိုင်ပါသည်။
ကမ္ဘာ့သမိုင်းစာမျက်နှာထက်ဆီက
အတွေးအခေါ်ပညာရှင်ကြီးများသည်
ဗုဒ္ဓကိုကြည်ညိုခြင်းနှင့်
ဗုဒ္ဓ၀ါဒကိုသက်ဝင်ခြင်းသည် “ဥပါဒါန်” ကိုဖြုတ်
နိုင်သော ဗုဒ္ဓ၏ လမ်းပြမှုကြောင့်ဖြစ်သည်။
ဗုဒ္ဓသည် ငါ့ဆွေမျိုးကောင်း
စားရေးထက် သတ္တလောကကြီးကောင်းစားရေးကိုသာရှေ့ရှု့တော်မူခဲ့
သည်။ စရိယာပိဋကတ်တွင်
ဗုဒ္ဓတ္ထစရိယာကိုအရင်ပြထားသည်။
ပရိတ်ကြီး၌မူ ဗုဒ္ဓတ္ထစရိယကို
နောက်ဆုံးတွင်ပြထားသည်။ ပရိတ်ကြီးဟူ
သည် ပိဋကတ်မှနောက်ပါဠိဆရာတို့က
ပြင်ဆင်စုစည်းထားခြင်းဖြစ်သည်။
ထို့ကြောင့်စရိယာပိဋကတ်တွင်
လာသော ဗုဒ္ဓတ္ထစရိယာ၊ သည်သာပဓာန
ဖြစ်သည်။ ဗုဒ္ဓသည် ဗုဒ္ဓတ္ထစရိယာကိုဖြည့်ကျင့်ပြီးနောက်
သတ္တလောက
သားတစ်ခုလုံးအတွက် လောကတ္ထစရိယာကိုဖြည့်ကျင့်တော်မူခဲ့သည်။
ထို့ကြောင့် ကမ္ဘာ့အတွေးအခေါ်ပညာရှင်ကြီးများ
သိပ္ပံပညာရှင်ကြီးများ
သည် ဗုဒ္ဓအား လွန်စားလေးစားကြည်ညိုကြသည်။
ဗုဒ္ဓသည် ငါသာလျှင်
သာဘုရားဖြစ်သည်ဟု ဘယ်သောအခါမှ
မာနထောင်လွှားခြင်းမပြုလုပ်ဘဲ
ဥပါဒါန်အစွဲကင်းပြုတ်ရေးကိုသာလမ်းညွှန်တော်မူခဲ့သလို
ပါဏာတိပါတာ
စသော မကောင်းဒုစရိုက်များကို
ရှောင်ကျဉ်ရန်လမ်းပြတော်မူခဲ့ပါသည်။
သို့ပါသောကြောင့် ကိုယ်ကိုယ်ကို
ဗုဒ္ဓ၀ါဒသမားစစ်စစ်တစ်ယောက်ဟု
လက်ခံပါလျှင် ဥပါဒါန်အစွဲကို
ဖြုတ်နိုင်အောင်ဖြုတ်ရပါလိမ့်မည်။
ဗုဒ္ဓ၀ါဒဟူသည် အစွဲဥပါဒါန်ကင်းအောင်
လမ်းပြပေးသောဝါဒသာဖြစ်သည်။
ငါ့ကိုယ် ငါ့ဟာ ငါ့ဥစ္စာ
၊ ငါ့ပါတီ ၊ ငါ့ဘာသာ၊ ငါ့လူမျိုးဟူသောအစွဲသည်
အပါယ်ဒုဂ္ဂတိကိုလားရောက်စေနိုင်သည်ဟု
ဆိုသည်။
ထို့ကြောင်း အလင်းရှင်သည်
ဝိဘဇ္ဇ၀ါဒီပီပီ (မဘသ) (၉၆၉) (မဟန)
ဆိုတာထက် ယင်းအဖွဲ့အစည်းကြီးကဘာတွေကိုလုပ်ဆောင်နေသလဲ
ဆိုတာကိုသာ လေ့လာသည်
စူးစမ်းသည် သုံးသပ်ဆင်ခြင်သည်။
ယင်းတို့တွင်တာဝန်ထမ်းဆောင်ကြသော
ရဟန်းရှင်လူတို့အား အချစ်
အမုန်းမရှိခဲ့။ ယင်းပုဂ္ဂိုလ်တို့၏
action တို့ကိုသာ ခွဲခြမ်းစိပ်ဖြာ၍
နိုင်ငံလူမျိုးဘာသာသာသနာအတွက်
ကောင်းကျိုးဆိုးကျိုးကိုသာ
မြင်အောင်ကြည့်နိုင်ခဲ့သည်။ထိုအမြင်များကို ပြည်သူကို
ချပြပေးသည်။
ဒါကိုပဲ အလင်းရှင်၏ လူဖြစ်ခွင့်ရလာဒ်ကောင်းအဖြစ်
ကိုယ့်ကိုယ်ကို
ကြည်ညိုနေမိသည်။
ဘဒ္ဒ န္တကောဝိဒ (အလင်းရှင်)
No comments :
Post a Comment