.

AlinShin

Tuesday, November 18, 2014

ကဗျာ သင်္ခါရ


ငါကိုယ်တိုင်လည်း  . .
မသေခင်ရေးရပြောရဆဲဆိုနေရတာပါ။


မင်းတို့ကလည်း   . . .
မသေခင် ဖတ်ရ မှတ်ရ ဝေဖန်ဓိကပြုနေရတာပါ။

စစ်ခွေးကြံ့ဖွတ်တွေကလည်း  . .
မသေခင် သယံဇာတတွေရောင်းရချရဒေါ်လနဲ့လဲနေရတာပါ။

တရုတ်ကြီးကလည်း  . ..
မသေခင် သယ်ရ ပိုးရ သူ့နိုင်ငံထဲမောင်းထည့်နေရတာပါ။

အားလုံး  . . ဟာ ၊ အားလုံး  . .ဟာ၊
သေသွားတော့လည်း လပြန်ကျွတ် လပြွတ်နဲ့ပြန်ကြရတာပါ။
ဒါ့ကြောင့် အနတ္တကိုမြင်အောင်ကြည့်ကြပါရန်ငါအမြဲနိုးဆော်နေတာ။
ကဲ  . .  ငါ့လက်တမ်းဆောင်ပုဒ်လေးလိုက်မှတ်ကြ
ဖြစ်ဖြစ်သမျှ အနိစ္စ ၊ သင်္ခါရဟုမှတ် ။
မြင်မြင်သမျှ အနိစ္စ ၊ သင်္ခါရဟုမှတ်။
ကြားကြားသမျှ အနိစ္စ ၊ သင်္ခါရဟုမှတ်။
ရနံ့မှန်သမျှ အနိစ္စ ၊ သင်္ခါရဟုမှတ်။
တွေ့ထိသမျှ အနိစ္စ ၊သင်္ခါရဟုမှတ်။
ကြံတွေးသမျှ အနိစ္စ ၊သင်္ခါရဟုမှတ်။
ထိုထိုသင်္ခါရ ၊ ပြုသမျှကို ၊ ငါဘဲသူ့ဟာ၊
ထင်မလာနှင့်၊ အနတ္တသဘော ၊ မှတ်ကြလောဟု
ဘုရားဆူဆူ ၊ ဟောခဲ့မူသည်၊ တို့တွေကျင့်ရန် ကျင့်ဖို့တည်း။
သာဓု ၊ သာဓု ၊သာဓု
ဘဒ္ဒ န္တကောဝိဒ (အလင်းရှင်)

No comments :

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget