လက်ပံတောင်းတောင် သပိတ်စခန်းကို မြန်မာအာဏာပိုင်တွေက
အင်အားသုံး ဖြိုခွဲခဲ့တာ ၂ နှစ်ပြည့်တော့မည့်အချိန်မှာ မီးလောင်စေတဲ့
လက်နက်တွေ အသုံးပြုခဲ့မှုနဲ့ပတ်သက်ပြီး .....
ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ တာဝန်ရှိသူအဖြစ်နဲ့ မဖော်ထုတ်နိုင်သေးဘူး
ဆိုပြီး နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty International ကပြော
လိုက်ပါတယ်။
လွန်ခဲ့တဲ့ ၂ နှစ်က ဆန္ဒပြသံဃာတွေနဲ့ ဒေသခံတွေအပေါ် မီးလောင်နိုင်တဲ့
ဓါတုပစ္စည်းတွေပါဝင်တဲ့ လက်နက်မျိုးသုံးပြီး ဖြိုခွင်းခဲ့တာဟာ ......
ဘယ်လိုမှ လက်သင့်ခံနိုင်ဖွယ်ရာမရှိကြောင်းနဲ့ဒါဟာနိုင်ငံတကာဥပဒေကို
သိသိသာသာ ချိုးဖောက်မှုဖြစ်ကြောင်း Amnesty International အဖွဲ့ရဲ့
ကမ္ဘာ့ညွှန်ကြားရေးမှူး Audrey Gaughran ကဆိုပါတယ်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြောင့် လူ့အခွင့်အရေး ချိုးဖောက်ခံ
ရမယ့်အန္တရာယ်တွေ လည်း အကြီးအကျယ် ဆက်လက်ရှိနေဆဲဖြစ်တယ်လို့
Amnesty International ကထုတ်ပြန် ထားပါတယ်။
BBC Burmese မှကူးသည်။
No comments :
Post a Comment