အမျိုးစောင့်ဥပဒေကို ထောက်ခံရန် ဦးပါမောက်တို့ကျိုးစားနေ
ကြသည်။ ကဲ .. ဒီလိုဆိုရင် ဗုဒ္ဓမြတ်စွာသာသနာတော်
အကျိုးကိုသည်ပိုးဆောင်ရွက်ခဲ့ကြသော သံဃဂုဏ်ရည်ကို
အာရုံပြု၍အောက်ဖေါ်ပြပါမေးခွန်း (၄)ခွန်းမျှသာမေးပါရစေ . .
အခြားသောရဟန်းရှင်လူပြည်သူများ အဖြူအမည်းအကြောင်း
အကျိုးကိုသိရှိနားလည်စေရန်အတွက် ဖြေကြားပေးပါရန်မေတ္တာ
ရပ်ခံအပ်ပါသည်။

(၁)လယ်တီသိမ်စေတီတော်မြတ်ဟာ ဗုဒ္ဓဘာသာသမိုင်းအ
တွက် ရှေးဟောင်းအမွေအနှစ်မဟုတ်လို့လား . ..
(၂) မ-ဟ-န ဥက္ကဋ္ဌခေါ် ဗန်းမော်ကြီးက လယ်တီသိမ်စေတီကိုဖျက်
ဆီးရန်သြ၀ါဒပေးတုန်းက အဘယ့်ကြောင့်မကန့်ကွက်သနည်း . .။
(၃)လယ်တီသိမ်စေတီတော်ကို တရုတ်စစ်ခွေးကြံ့ဖွတ်တို့
BULLDOZER နဲ့ထိုးကာဖျက်ဆီးတုန်းက အဘယ်ကြောင့်
ကန့်ကွက်ရန်ဆန္ဒဖေါ်ထုတ်ခြင်းမပြုသနည်း . . . ။
(၄) အကယ်၍ ကိုယ်တိုင်ဆန္ဒမဖေါ်ထုတ်ဝံ့ပါက ဒေါ်နော်အုန်းလှ
နေမျိုးဇင်(ဗိုလ်ကြီးဟောင်း) အစရှိသော အဖွဲ့အစည်းများမှ
တရုတ်ကြံ့ဖွတ်စစ်ခွေးတို့အားကန့်ကွက်ဆန္ဒဖေါ်ထုတ်သည်
ကိုလည်း မသိလေရောသလား .။
ထိုလေးခွန်းသောမေးခွန်းကို ဖြေကြားပေးပါရန်မေတ္တာရပ်ခံပါသည်။
ဘဒ္ဒန္တကောဝိဒ (အလင်းရှင်)
အရှေ့ဥယျာဉ်တိုက်၊ ရှမ်းလမ်း
စမ်းချောင်းမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး။
No comments :
Post a Comment