အဘသည် စာပေကိုချစ်သလို သူ့လိုစာပေကိုမြတ်နိုးတက်သော
မိမိအား သားရင်းတစ်ယောက်လိုချစ်သည်။ သူ့အိမ်သို့သွားလျှင်
ဘဟုသုတဘဏ်တိုက်ကြီးထဲရောက်နေရသလိုရှိ၏။ အမြဲတမ်း
မပြင်းမရိအောင်လည်း အရယ်အရွှမ်းများပြောတက်သည်။ သူ
ပြောသောအရယ်အရွှမ်းများသည် ညစ်တီးညစ်ပတ်မပါ ခန့်ညား
မှတ်သားဖွယ်ရာကောင်းသည်။ တစ်ခါကပေါ့ ။ မိမိသည် အိမ်
ရှေ့လှေကားဝသို့ ရောက်ရုံရှိသေးသည် . ။

“ ဟော ”
“ဦးဇင်းတော့ရောက်လာပြန်ပြီ”
“အတော်ပဲဟေ့ ” “မေးစရာလေးရှိတာနဲ့အတော်ပဲ”
“ဘာများတုန်းအဘရယ် ”
“အဘဆီလာတာ ဦးဇင်းလွယ်အိပ်ထဲက ပေးဖို့မဟုတ်ဘူးနော်”
“အဘ နှလုံးအိပ်ထဲကနှိုက်ဖို့ . . .နော်”
“နှိုက်ပါဦးဇင်းရယ် .. နှိုက်ပါ ”
“အခုမေးတာကလည်း ဦးဇင်းလွယ်အိပ်ထဲကို ထည့်ပေးဖို့ပါပဲ”
“သြော် ”
“ ဒါဆို ခပ်မြန်မြန်သာမေးတော့အဘရေ . . .”
“ဦးဇင်း ပရိတ်ကြီး ၁၁ သုတ်ဆိုတာအကုန်ရသလား”
“အောက်မလေး အဘရယ်”
“သဒ္ဒါသဂြိုဟ်တို့သာ မရလို့မေ့ရင်ရှိရမယ် ပရိတ်တော့ရပါ့အဘရေ”
“သြော် . .သြော် . .”
“ဒါလိုဆို အတော်ပဲမေးရတာပေါ့”
“အဲဒီပ၇ိတ်တွေနဲ့ သူရဲသဘတ်တွေကိုမောင်းထုတ်လို့ရတယ်ဆိုရင်”
“အာဏာရှင်စစ်ခွေးတွေကိုရော မောင်းထုတ်လို့ရတဲ့ ပရိတ်များမရှိဘူးလား”
ထိုအခါ အဘစကားဆုံးသည်နှင့် မိမိသည် တ၀ါးဝါးတဟားဟားနှင့်
ရယ်မိပါတော့သည် ၊ ထိုအခါ အဘသည်လည်း မိမိရယ်သလိုလိုက်
ရယ်ပါသေးသည် . . ။
သြော် . . . ထိုတဒင်္ဂသည် မနေ့ကလိုနှယ်။ သို့သော် ကြာခဲ့
ပါပြီ၊ (၂၀၀၅)လောက်ကပါ။ ထိုသို့ အဘနှင့်ဆုံခဲ့ရသောအချိန်
ကာလများသည် မိမိအတွက်တော့ ရွှေတွင်းကြီးထဲမှာ ထိုင်နေရ
သလို .. ။
အခုတော့ဖြင့် . . . .
နှလုံးသားလှသောအဘသည် သုဂတိဘုံဘ၀မှာရောက်ရှိနေပြီဆိုတာ
မြေကြီးလက်ခပ်မလွဲပါ . .. တည်း။
ဘဒ္ဒန္တကောဝိဒ (အလင်းရှင်)
အရှေ့ဥယျာဉ်တိုက်၊
ရှမ်းလမ်း၊ စမ်းချောင်းမြို့နယ် ၊ရန်ကုန်

No comments :
Post a Comment