မင်းကိုနိုင်သို့ .
. . ဆက်တွေးခြင်း
❝ ❞ ❝ ❞ ❝ ❞
ခဲတံချွန်ပြီးပြီ
ကျောင်းသင်္ခန်းပုံဆွဲချင်ဆွဲ
ဝတ်လစ်စလစ်ပုံ ဆွဲချင်ဆွဲ
သဘောပဲလေ . . .။
ဒီမြေမှာ
ဓားလှံတွေ ကြဲချင်ကြဲ
ချိုးငှက်တွေ ၀ဲလိုဝဲ
သဘောပဲလေ . . .။
စိတ်ချ ကလေးရေ . .
စစ်တိုက်ခန်းတွေ မကြိုက်လို့
ထိုးကြိတ်ခန်းတွေ မကြည့်လို့
သူရဲဘောကြောင်တယ် စွပ်စွဲဘူး
. . .။
ဒါပေမယ့် ကလေးရေ . . .
ကိုယ်ဆွဲရာ ကိုယ့်ကားချပ်
ကိုယ့်လက်မှတ်တော့ ထိုးရမယ် . .။ ။
(မင်းကိုနိုင်)
☀✂ ✂ ✂
☀ ✂ ✂ ✂ ☀ ✂ ✂ ✂ ☀ ✂ ✂ ✂ ☀
ငါကိုယ်တိုင်ကိုက ကဗျာမှာမိုက်ရူးရဲဆန်ခဲ့တယ်။
ကိုယ့်’ လက်ကလွဲရင်
သူများလက်ပေါက်တွေကို
ကဗျာလို့ထင်တဲ့ကောင်မဟုတ်ဘူး။ အဲဒီ
လောက်ကို မိုက်တွင်းနက်တယ်။
အခုတော့ကွာ . . .
“မင်းကိုနိုင်” ကဗျာလေး
ငါဖတ်မိတော့မှ . .
အခုလိုချရေးမိတော့တယ် .. .။
ဆရာကြီးအောင်သင်းက ဆရာကြီးဦးရွှေအောင်ရေးတဲ့
ဓမ္မပဒ၀တ္ထုမှာ
ရဲ့အမှာစာမှာ
“ ဒီဓမ္မပဒ ၀တ္ထုထဲက တစ်ပုဒ်လောက်ရေးမိခဲ့ပါရင်
. .
ကျနော်ရေးပြီးတဲ့ ဆောင်းပါးတွေထောင်ကျော်ကို
မီးရှို့ပစ်ရဲပါတယ်” တဲ့။
အခုလည်း ငါကိုယ်တိုင်
ဆရာကြီးအောင်သင်းပြောသလိုဖြစ်နေခဲ့ပြီ။
ငါကောက်ယူတွေးမိတဲ့အနှစ်ချုပ်ကတော့ ..
လူဖြစ်လာခဲ့ပြီ . . .
ကုသိုလ်ကိုလည်း လုပ်ချင်လုပ်
အကုသိုလ်ကိုလည်း လုပ်ချင်လုပ်
ကိုယ့်သဘောပဲ . . တဲ့။
အေးကွာ . ..
မြန်မာပြည်မှာ ဦးနုတို့
နေ၀င်းတို့ သန်းရွှေတို့ သိန်းစိန်တို့ တတွေ
လူစိတ် သူစိတ်လေးများ
ရှိခဲ့မယ်ဆိုရင် တို့သန်းခြောက်ဆယ်ဘဝ
တွေ အခုလောက်အကျည်းတန်ခဲ့မှာမဟုတ်ပါဘူး။
မြန်မာတွေ တိုင်းတစ်ပါးမှာ
ဖာခံနေရတယ် .. .အထူးသဖြင့်တရုတ်
မယားလုပ်နေရတယ်။
လယ်ယာမြေပိုင်ရှင်တွေ
လယ်သူခိုးအဖြစ်ထောင်ထဲဝင်နေရတယ်။
စတဲ့ အတိဒုက္ခတွေဟာ သတင်းတွေကိုကြည့်ကာ
မျက်ကဏ်းမဟုတ်
တဲ့သူဆို . . ငါေ၇းပြတာထက်ပိုသိပါတယ်။
ဘဒ္ဒ န္တကောဝိဒ (အလင်းရှင်)
No comments :
Post a Comment