တို့စာရေးတာက အနာဂါတ်လူငယ်တွေ Thinking ကောင်းတွေး
တွေးတက်ဖို့ အတွေးတွေကိုချရေးပြနေတာပါ။တို့ကိုယ်တိုင်လည်း
ဒီလိုတွေးနိင်ဖို့ ရှေ့ကစာရေးဆရာကြီးများရဲ့စာအုပ်များကိုဖတ်ခဲ့
မှတ်ခဲ့ရတာပါ။ ရှေ့ဆရာကြီးများက သူတို့တွေးပြလိုက်တဲ့စာကို
မမေ့အောင် စကားပုံလင်္ကာလေးတွေနဲ့အပင်ပန်းခံခဲ့ကြတာပါ။
ဥပမာကွာ ..
• “မစူးမစမ်း ဉာဏ်မြင်ကဏ်း။စူးစမ်း ဉာဏ်ထက်သည်”
အဲလိုလေးတွေရေးတက်ကြတယ်။ ဒါ့ကြောင့် လူတစ်ယောက် အတွေး
ဉာဏ်ရင့်သန်စေဖို့ရန် ထိုထိုသောအတွေးများကိုပြုစုပျိုးထောင်ပေးခဲ့
သောစာအုပ်ကောင်းများဖတ်မှတ်ရန်လိုတယ်။
ဒါ့ကြောင့် ဒေါ်အောင်ဆန်းစုကြည်က မကြာမကြာဟောပြောပွဲတွေမှာ
ထုတ်ပြောလေ့ရှိတဲ့ “ပြည်သူလူထုတွေစာဖတ်ကြပါ” ဆိုတာဒါပဲ။
ဆရာပါရဂူ၊ ဆရာဦးရွှေအောင် ၊ စတဲ့ ကလောင်ရှင်ကြီးများရဲ့စာအုပ်
များဟာ ဗုဒ္ဓပိဋကတ်ကိုသူတို့တွေးပြီးချရေးထားတာတွေမို့ အတွေး
ကောက်ကြောင်းတွေကို တို့ဖတ်ရတယ်။
ဥပမာကွာ . .
• “ဆရာကြီးဦးရွှေအောင်ရေးသားတဲ့ “ဓမ္မပဒ”
အဲဒီစာအုပ်ဖတ်ကြည့် “သေလောက်အောင်တွေးပြထားတာ”။ အဲဒီ
စာအုပ်တစ်အုပ်ကို သုံးခေါက်လောက်ဖတ်ဖူးရင် အဲဒီကောင် “အတွေး
ချန်ပီယံ” ဖြစ်ပြီ။ အဲဒီစာအုပ်လေးဖတ်နေရင်း ငါကိုယ်တိုင်ဗုဒ္ဓခေတ်ထဲ
ကိုပြန်ရောက်သွားတယ် ..
ဇေတ၀န်ကျောင်းကိုလည်း ငါတွေ့ခဲ့သလို .. သာဝတ္ထိပြည်ရဲ့လူတွေ
စည်းကားမှုကိုလည်း ငါ မြင်ခဲ့ရတယ် . . ။
ဒီတော့က လောကကို အမှန်မြင်နိုင်ဖို့ ပိဋတက်ကိုဖတ်မှ ၊ ထိုပိဋကတ်
တွေထဲက ထုတ်ပြထားတဲ့ ကျမ်းစာအုပ်များကိုဖတ်မှ။ ဘာလို့လည်းဆို
တော့ “လောက သစ္စံ နသစ္စံ” လို့ဆိုတာကိုး . . ပိဋတကက်ထဲမှအပ
အခြားသော သစ္စာစကားတွေဟာ အမှန်ချည်းမဖြစ်နိုင်ဘူး။
မင်းတို့မယုံကြည် ပိဋကတ်သုံးပုံကိုလှန်ကြည့် . ..
သူ့အသတ်ကိုသတ်ပါလို့ ချီးမွန်းထားတဲ့ ပါဠိတစ်လုံးမှမရှိပါဘူး။
ဒါ့ကြောင့် ပိဋကတ်ထဲက သစ္စာကတော့ အမှန်သစ္စာပဲ။ ဒီကနေ့ခေတ်
မှာ အတွေးဉာဏ်တွေနည်းသွားရတာဟာ ပိဋကတ်ကို မဖတ်မိကြလို့
ပါပဲ ။ ပုဂံခေတ်မှာ ရေခပ်ထင်းခွေရင်းတောင် ပါဠိနဲ့ပြောခဲ့ကြတယ်လို့
မှတ်တမ်းများကဆိုပါတယ်။
ဒါ့ကြောင့် ရေခံမြေခံအတွေးအခေါ်များကို ပြုစုပျိုးထောင်ပေးသောစာ
များဖတ်ဖို့လိုပါတယ်။ အွန်လိုင်းပေါ်ကစစ်ခွေးကြံ့ဖွတ်လော်ဘီတွေ
ရေးနေတဲ့စာတွေသာဖတ်မိနေပါက မိစ္ဆာဝါဒအတွေးများသာတိုးပွား
လာမှာပါ။
တရုတ်နဲ့ပေါင်းပြီးကုလားမုန်းတီးရေးကို တွင်တွင်အော်ခိုင်းနေတာပါ။
ဒါကို ဉာဏ်မမီသူများက အဟုတ်ထင် ငရဲတိုးပွားရေးစိတ်ဓာတ်များ
သာတည်း။ အရင်းစစ်ရင် အမြစ်မြေကဆိုတဲ့အတိုင်း ကုလားတွေတ
ရုတ်တွေကို မြန်မာ့မြေထဲမောင်းထည့်ခဲ့တာဟာ အခုတိုင်မသေသေး
တဲ့ စစ်ခွေးဗိုလ်ချုပ်မှူးကြီးသန်းရွှေပါပဲ။
ဒီကောင်ကြီးအတ္တကြီးစိုး နွားလိုတစ်ဘို့ထဲထားခဲ့လို့ မြန်မာပြည်မှာ
ဘယ်နေရာကြည့်လိုက်ကြည့်လိုက် ပြည်သူတွေအတိဒုက္ခရောက်နေ
တာပါပဲ။
အခုပူးတွဲဓာတ်ပုံဟာ အဲဒီစစ်ခွေးကြီးရဲ့နေအိပ်ပဲလို့ဘလော့တစ်ခုမှာ
တွေ့လို့ ပြလိုက်တာပါ။ မြင်တဲ့အတိုင်းပဲ ပြည်သူတွေရဲ့ အိမ်နဲ့ စစ်ခွေး
ကြီးရဲ့အိမ် ဘယ်လိုကွားခြားလည်း။
ဒါကို စစ်ခွေးလော်ဘီကြံ့ဖွတ်လော်ဘီတွေက ရူးချင်ယောင်ဆောင်နေ
ကြတာပါ။ မြှုတ်ထားတာပေါ့လော။ ပြည်သူကို မျက်ကဏ်းအောင်ဖန်
တီးရေးသားနေကြတာပါ။
ကဲ .. ဒီလောက်ပဲပြောတော့မယ် မင်းတို့ ဆရာကြီးဦးရွှေအောင်ရဲ့
စာအုပ်တွေကို အောက်ကလင့်မှာ ၀င်ဒေါင်းလို့ရတယ်။ ငါအပင်ပန်း
ခံပြီးတင်ထားပေးတာပါ။
ဘလော့ထဲရောက်ရင်တော့ သာဓုကလစ်တစ်ချက်တော့ခေါက်ခဲ့ဦး

Download ဆွဲရန်လင့်
http://aungminkhoung.blogspot.com/2014/07/pdf-658-kb.html
ဘဒ္ဒန္တ ကောဝိဒ
█ ░ အလင်းရှင် ░ █
ရှမ်းလမ်း၊အရှေ့ဥယျာဉ်တိုက်
စမ်းချောင်းမြို့နယ်၊ရန်ကုန်

No comments :
Post a Comment