အတုယူသင့်သည်ကို အတုယူရမည် ၊ ပစ်ပယ်သင့်သည်ကိုပစ်ပယ်ရမည်။
သို့မှသာ လူဖြစ်ရခြင်း၏ အနှစ်သာရသည်ရှိမည်။
ဒါကို ဒီနေရာမှာ ပိဋကတ်အကျော်ဆရာတော်တစ်ပါးရဲ့လက်ရာလင်္ကာလေး
ကို ရွတ်ရင်း သတိသံဝေဃပွားများကြမယ်။
• ကုသိုလ် ဥစ္စာ ၊ ကျန်းခန်းသာ၍ ၊
• ပညာ တန်ခိုး ၊ တစ်မျိုး မျိုးမှ ၊
• အကျိုး မထွက် ၊ ထိုနေ့အတွက် ၊
• သက်သက်ဝမ်းနည်းဖွယ် . . . .။
(မဟာဂန္ဓာရုံဆရာတော်)
ဒီတော့က . ..
တို့ကမ္ဘာကိုကြည့်လိုက်စမ်း . . .
ဥရုေ၈ွးသမ္မတကြီးကတော့ သူကိုယ်ပိုင်ဥစ္စာ ၉၀% ကို လှူဒါန်းခဲ့တယ်။
ဟော .. တို့မြန်မာပြည်က စစ်ဗိုလ်ချုပ်တွေကတော့ဖြင့် အများဆိုင်
အများပိုင်များကို နည်းမျိုးစုံခေါင်းစဉ်တပ်ပြီး အိပ်ကပ်ထဲထည့်ခဲ့ကြတယ်
ဆိုတာ မျက်စေ့မြင် နားကောင်းတဲ့သူများ သိပါတယ်။
ဘဒ္ဒ န္တကောဝိဒ (အလင်းရှင်)

No comments :
Post a Comment