https://www.facebook.com/friday13nlh?fref=ufi
Nay Lin Htun ရေ . . .
စာကဗျာဆိုတာ ပုံနှိပ်စက်လို့ရိုက်ထုတ်လို့ရတာမျိုးမဟုတ်ဘူး၊ အနုပညာပစ္စည်း
တစ်မျိုးပါ။ နာမ်ဝိဉာဉ်ပစ္စည်းခေါ်တယ်။ ရုပ်ဝတ္ထုတွေလို လိုသလောက်ရိုက်ထုတ်
လို့မရဘူး။ရင်နဲ့ရင်း၍ဖြစ်တည်လာရတာမျိုးပါ။ဒါ့ကြောင့်ငါရဲ့
http://aungminkhoung.blogspot.com/
ကိုဝင်ကြည်ရင်မင်းသိလိမ့်မယ်။ ငါကဘယ်ပါတီကိုမှစောင်းပေးသည်
မဟုတ် အမှန်တရားကိုသာစောင်းပေးသည်။ဒေါ်စုကြည်မှားခဲ့လွဲခဲ့တာတွေကိုငါရေး
ထားတာမင်းရှာဖတ်ကြည့်လေ။ အဓိကကရေးတာနဲ့မဆိုင်ပါဘူးကွယ် ၊ အမှန်တရား
နဲ့သာဆိုင်တာပါ။ လောကတစ်လုံးကို ခြုံငုံသုံးသပ်ကြည့်ရင် ဘုရားရှင်မှတစ်ပါးလုံးဝ
မှန်သူဆိုတာမရှိပါဘူး။ အဲဒီအပေါ်မှာ တို့ရဲ့သုံးသပ်ချက်တွေဆိုတာလည်းတစ်
သတ်မတ်တည်း်ဖြစ်မနေဘူးလေ .. ဒကာတော်ဒီလောက်ဆို နားလည်လောက်
ပါပြီလို့ထင်ပါတယ်။ နဲနဲထပ်ရှင်းပြမယ်၊ တို့ဦးဝီရသူကို ချီးမွန်းဂုဏ်ပြုခဲ့သောကဗျာ
များရေးခဲ့ပါတယ်။ သူ့ရုပ်လုံးကို လယ်တီသိမ်ကနေစပြီးပေါ်လာတာပါ။ အမျိုးသား
ရေးကိုဦးစားပေးတယ်လည်းဆိုသေးတယ်တရုတ်ကြီးရှေးဟောင်းသိမ်တွေကိုဖြိုေ
တာ့ တာဝန်မဲ့တဲ့စကားကိုသုံးခဲ့တယ်။ အဲဒီမှာတင် ဦးဝီရသူရဲ့အမျိုးသားရေးသည် တရုတ်ကြီးနဲ့ကြံ့ဖွတ်စစ်ခွေးတို့ရဲ့အာဘော်များသာဖြစ်လေတော့သည်လို့ကောက်
ချက်ချနိုင်ခဲ့ပါတယ်။တော်ပါပြီကွာ။ဆက်ပြောလည်းအကုသိုလ်ဘက်သို့ယိမ်းတက်ပါတယ်။

အချိန်ကုန်ခံပြီး အကုသိုလ်မယူခြင်ဘူး။ မင်းလည်းယူဖို့မကြိုးစားပါနဲ့။
ငါဟာင့ါယုံကြည်ချက်နဲ့ငါလမ်းငါလျှောက်တာပါ။ အကယ်၍ မင်းယုံကြည်ချက်နဲ့
တစ်ထပ်တည်းမကျဘူးဆိုရင်လည်း ငါ့ရင်ကဗျာလမ်းထက်ကနေမင်းဆင်းသွားရုံပါ
ပဲ။ မင်းတို့တွေကို စာဖတ်အားကောင်းကြစေချင်ပါတယ်။ ဘာလို့လည်းဆိုတော့
စာဖတ်ရင် အလိမ်အခံရတော့ဘူး။ စစ်ခွေးအလိမ်၊ ၀ီရသူအလိမ်၊ ဒေါ်စုအလိမ်
စသည်ဖြင့်စသည်ဖြင့်မခံရတော့ဘူးပေါ့ကွာ။
ရှင်းရှင်းပြောမယ် ဗုဒ္ဓဓမ္မသံဃကလွဲရင် ငါဘယ်ကောင့်ကိုမှမယုံဘူး။ အဲဒါမင်းမြဲမြဲ
မှတ်ထား ။ ငါလိုပဲကျင့်သုံးစေချင်ပါတယ်။ မင်းတို့ ဘုရားရှင်ရဲ့ကာလမသုတ်ကို
နှလုံးသားထဲသွင်းနိုင်ဖို့ကောင်းမယ်။
█ ░ အလင်းရှင် ░ █

No comments :
Post a Comment