.

AlinShin

Friday, May 16, 2014

အမျိုးသားရေးလုပ်ချင်ရင် ဒါလေးကိုသိအောင်ဖတ်ထား

“ပြောတော့သူဌေး၊ စားတော့အကြွေး၊ တောင်းတော့မပေး” တဲ့
တို့တော့ရွာကဈေးဆိုင်လေးတွေမှာ ဒီလိုစာလေးတွေကပ်ထားလေ့ရှိတယ်ကွ။
အေး အခုလည်း တို့မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာခေါင်းဆောင်ဆိုပြီးနာမည်ကြီး
နေတဲ့သူတွေရဲ့လုပ်ရပ်ကလည်းပဲ ၊ ဒီနံရံကပ်စာလေးလိုပဲကွ။ စကားလုံးလေး
ပြောင်းကြည့်လိုက်ရင် အတူတူပဲ။
“ပြောတော့အမျိုးသားရေးတရုတ်ကြီးဒိုစာနဲ့ထိုးတော့ခွေအလှည်းနင်းခံရတဲ့အတိုင်း”
အဲလိုဖြစ်နေတယ်။ အမျိုးသားရေးဆိုတာ အလွန်ကိုလှတဲ့စကားလုံးကွ။ နိုင်ငံသား
တိုင်းခံတွင်းလိုက်ပါ့။ သို့သော် တကယ်တမ်းအမျိုးသားရေးကိုလုပ်သလားမလုပ်ဘူး
လားဆိုတာ ငါတို့မင်းတို့ကသုံးသပ်နိုင်ရမယ်။
Photo: အမျိုးသားရေးလုပ်ချင်ရင် ဒါလေးကိုသိအောင်ဖတ်ထား
♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  ♥  
 “ပြောတော့သူဌေး၊ စားတော့အကြွေး၊ တောင်းတော့မပေး” တဲ့ 
တို့တော့ရွာကဈေးဆိုင်လေးတွေမှာ ဒီလိုစာလေးတွေကပ်ထားလေ့ရှိတယ်ကွ။
အေး အခုလည်း တို့မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာခေါင်းဆောင်ဆိုပြီးနာမည်ကြီး
နေတဲ့သူတွေရဲ့လုပ်ရပ်ကလည်းပဲ ၊ ဒီနံရံကပ်စာလေးလိုပဲကွ။ စကားလုံးလေး
ပြောင်းကြည့်လိုက်ရင် အတူတူပဲ။ 
“ပြောတော့အမျိုးသားရေးတရုတ်ကြီးဒိုစာနဲ့ထိုးတော့ခွေအလှည်းနင်းခံရတဲ့အတိုင်း”
အဲလိုဖြစ်နေတယ်။ အမျိုးသားရေးဆိုတာ အလွန်ကိုလှတဲ့စကားလုံးကွ။ နိုင်ငံသား
တိုင်းခံတွင်းလိုက်ပါ့။ သို့သော် တကယ်တမ်းအမျိုးသားရေးကိုလုပ်သလားမလုပ်ဘူး
လားဆိုတာ ငါတို့မင်းတို့ကသုံးသပ်နိုင်ရမယ်။
အမျိုးသားရေးကို အများနားလည်အောင် ငါဒီလိုပဲဘာသာပြန်ပေးလိုက်မယ်  . .. 
(၁) နိုင်ငံရဲ့ခေတ်အဆက်ဆက်ပေါ်ထွန်းခဲ့တဲ့ သမိုင်းဝင်ရှေးဟောင်းအမွေအနှစ်
ပစ္စည်းများ “ (ရုပ်ဝတ္ထုပစ္စည်းများ)” 
(၂) နိုင်ငံသားတိုင်းမှာ သိရှိနာလည်းနှလုံးပိုက် ကျင့်သုံးဆောက်တည်မယ့် 
စရိုက်လက္ခဏာ “(စိတ်ဝတ္ထုပစ္စည်းများ)”
ဒါပဲကွ။ ရုပ်နဲ့ နာမ်။ အခုကြည့်။ တို့နိုင်ငံရဲ့အမျိုးသားယဉ်ကျေးမှုအမွေအနှစ်တွေ
ဖြစ်တဲ့ ရှေးဟောင်းသမိုင်းဝင်လယ်တီသိမ်နဲ့စေတီတော်၊ ဒီရုပ်ပစ္စည်းတွေဟာ 
သမိုင်းဝင်ပစ္စည်များဖြစ်တာထက်ပိုမိုလေးနက်ပုံဆောင်မှုဟာ စေတီတွေသိမ်တွေ
ဖြစ်နေလို့ပဲ  .ကွ။ လူအများစုကိုးကွယ်ယုံကြည်ရာဘာသာသနာအဆောက်အဦ
ဆိုတာ အထွဋ်အမြတ်ဘဲ . . ကွ။ ဒီလိုထပ်ပြီးရှင်းပြမယ်။
ကိုယ်နေတဲ့အိမ်ဟာ ကိုယ့်မိသားစုတစ်စုလုံးရဲ့မရှိမဖြစ်ဆိုသလို ကိုယ်ကိုးကွယ်
တဲ့ဘာသာအဆောက်အဦတွေဟာလည်းပဲ မရှိယုံနဲ့တင်ထက် တို့ထိလို့ကိုမရစ
ကောင်းတဲ့အရာတွေပါပဲ။ 
ဒီတော့ တရုတ်ကြီးက တို့နိုင်ငံရဲ့အမျိုးသားရေးရောကိုးကွယ်ယုံကြည်မှုပိုင်းဆိုင်
ရာမှာရော မီးလောင်ဗုံးနဲ့ပစ်သတ်တယ် ၊ဒိုဇာနဲ့ထိုးတယ်။ ဒါတွေဟာ တို့နိုင်ငံရဲ့
အမျိုးသားရေးအပြင်ဘာသာရေးကိုပါစော်ကားတာပဲ။ ဒီလိုစော်ကားမှုမျိုးကိုရေငုံ
နှုတ်ပိတ်နေကြစတမ်းဆိုရင်  . .သေချာတယ်  .. 
မင်းတို့အိမ်နဲ့မင်းတို့ရဲ့ ညီအစ်ကိုမောင်နှမတွေကို တရုတ်ကြီး ဒိုဇာနဲ့ထိုးပစ်ဦးမှာပဲ။
ဒါ့ကြောင့် အမျိုးသားရေးလုပ်ချင်ရင်  .. အမျိုးသားရေးလို့အော်ချင်ရင် ဒါကိုတော့
သိထားမှကောင်းမယ်။ နောက်မို့ဆို တို့ရွာကနံရပ်ကပ်စာတမ်းလေးနဲ့အလားတူ
နေမယ်။ သူဌေးသူဌေးနဲ့ အကြွေးတွေချည်းပဲ။ 
အမျိုးသားရေးအမျိုးသားရေးနဲ့ တရုတ်ကြီးFင်ချခံနေရသလိုဖြစ်နေပြီ။ ဒါ့ကြောင့်
စိတ်ပိုင်းဆိုင်ရာအမျိုးသားရေးနဲ့ ရုပ်ပိုင်းဆိုင်ရာအမျိုးသားရေးကိုဒွန်တွဲပြီးသိရှိနား
လည်ဖို့လိုအပ်တယ်။ သိတဲ့အတိုင်းလည်းဆောင်ရွက်ပါမှ စစ်မှန်တဲ့အမျိုးသားရေး
ဖြစ်မယ်။နောက်မို့ဆို  .. တို့ရွာဈေးဆိုင်က နံရံကပ်စာလိုဖြစ်နေမယ်။
ဒါ့ကြောင့်အမျိုးသားရေးလို့အော်ပြီး တရုတ်ကြီးလုပ်သမျှ ငြိမ်ခံဖီးတက်နေရင်တော့
အဲဒီအမျိုးသားရေးဟာ ပစ္စုပ္ပန်အတွက်လည်းမကောင်းသလိုကိုယ့်ဘ၀သံသရာခ
ရီးအတွက်လည်း အပါယ်လမ်းအပါယ်ဇာတိမှာဆုံးဆုံးမြုတ်နေပါလိမ့်မယ်။
█ ░ အလင်းရှင် ░ █

No comments :

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget