30.05.2009 နေ့ အချိန်အားဖြင့် မွန်းလွဲနေခင်း 02:30 တွင်ကျိုက်ဓနုတ်စေ
တီတော်ကြီးသည် အောက်ခြေ ဖိနပ်တော်မှစ၍ အဆင့်ဆင့်ပြိုကျ ပျက်စီးတော်မူခဲ့ပါသည်။
ဒေသခံများ၏ ပြန်လည်ပြောကြားချက်အရစေတီတော်ကြီး၏စိန်ဖူးတော်နှင့်ငှက်မြတ်နားတော်
တို့မှစတင်၍ပြိုကျခြင်းဖြစ်ကြောင်းသိရှိရပါသည်။စေတီတော်အနောက်ဘက်ကောင်းကင်
ထက်မှမီးလုံးနီကြီးတစ်လုံးတက်လာပြီးစိန်ဖူးတော်နှင့်ငှက်မြတ်နားတော်ကိုဝင်ရောက်
တိုက်မိသည်ဟု သိရပါသည်။တိုက်မိသည်နှင့်အတူ စတင်ပြိုကျလာပြီး အချိန်အနည်း
ငယ်ခန့် ရပ်တန့်ပြီးမှစေတီတော်ကြီးအားလုံးနီးပါးပြိုကျပါတော့သည်။စေတီတော်ကြီး
အားလုပ်အားကုသိုလ်ပေးနေကြသော တပ်မတော်ရေတပ်သားများနှင့်ပြည်သူပြည်
သားတော်တော်များများ ထိခိုက်ဒဏ်ရာ များရရှိခဲ့ကြသည်။
ဒဏ်ရာကြောင့်သဆေုံးသူများလည်းအများအပြားရှိသည်။ပတ်ဝန်းကျင်နှင့်မျက်မြင်ဒေ
သခံတို့၏ပြောအရ သေဆုံးသူပေါင်း ၆၀ ကျော်၇၀ နီးပါးခန့်ရှိနိုင်ကြောင်းသိရသည်။
စေတီတော်ကြီးပြိုကျရခြင်းအကြောင်းရင်းခံများစွာရှိပါသည်။စေတီတော်ပြုပြင်ရာ၌
တတ်သိသော ပညာရှင်များ၏ပညာရပ်များအသုံးမဝင်ဖြစ်ရခြင်း၊စေခိုင်းသောသူ၏
အာဏာကိုကြောက်၍ ဖြစ်သင့်သည်ကိုမလုပ်ရဲပဲ ရေငုံနေရခြင်း၊ခိုင်းသမျှ အနအေထား
အရသာလုပ်နေရခြင်း၊မသန့်ရှင်းခြင်း စသည် အကြောင်းတရားများကြောင့်ဖြစ်ပါ
သည်။အခြားအချက်များစွာရှိနေပါလိမ်အုံးမည်။မျက်မြင်သာပြောနိုင်ပြီးမမြင်ရသော
အကြောင်းများလည်းရှိနေပါအုံးမည်။ယခု အချိန်ထိတိုင်အောင်ပင် စေတီတော်ကြီး
ပြိုကျရခြင်းမှာဘယ်အကြောင်းကြောင့်ပါဆိုသည်ကိုလည်းကောင်း၊သဆေုံးဒဏ်ရာ
ရသူမည်မျရှိသည်ကိုလည်း အသိပေး ပြောကြားပေးခြင်း မပြုသည်ကိုလည်း
မအံ့မသြပဲရှိ၍ နေပါတော့သည်ခင်ဗျာ/
https://www.facebook.com/ko.a.linn.77?fref=nf
မှကူးယူသိမ်းဆည်းထားပါသည်။
အလင်းရှင်
No comments :
Post a Comment