ငါ့ဘုရားရဲ့ သာသနာတော်ကို ငါ့သားတော်တွေကပဲဖျက်မည်
(မြတ်ဗုဒ္ဓ)
•••× •••× •••×•••× •••×•••×
ဒီစကားကို ဗုဒ္ဓမြတ်စွာမိန့်ကြားတော်မူခဲ့တယ်ဆိုရင် . .
ငါးသိန်းမကသော သံဃာထုကြီးက သာသနာတော်ကိုဖျက်နိုင်သည်မထင်
သက်သေအနေနဲ့ အခုလယ်တီသိမ်ကိုဖျက်တာ ဘယ်သူလဲ ?
ငါးသိန်းမကသောသံဃာထုကြီးက အနားမျှပင်မကပ်နိုင်ပါ။
(၄၇)ယောက်သော (မဟန)ဥက္ကဌကြီးရဲ့ သိမ်ဖျက်အမိန့်ကြောင့်ပါ။
နောက်ထပ် အဲဒီ (မဟန)ကြီးက ..
(၁)ရွှေတိဂုံစေတီတော်မြတ်ကြီးကိုသော်လည်းကောင်း
(၂) ကျိုက်ထီးရိုးဆံတော်ရှင်စေတီတော်မြတ်ကြီးကိုသော်လည်း
(၃)ပြည်ရွှေဆံတော်စေတီတော်မြတ်ကြီးကိုသော်လည်း
စသည်ဖြင့် . စသည်ဖြင့် . .တရုတ်ကြီးကစိန်သတ္ထုသိုက်ကြီးရှိလို့
ဖျက်ခိုင်းလျှင် ယင်း (မဟန)ကြီးက ဖျက်ဖို့သြ၀ါဒပေးမှာလားဆိုတာ
စဉ်းစားစမိပါက မြန်မာနိုင်ငံရဲ့ အနာဂါတ်ဗုဒ္ဓဘာသာသာသနာတော်
သည် အတော်ကိုရင်လေးစရာကောင်းလှသည်။
ဒီလို သိမ်တွေစေတီတွေကို ပါဠိတော်၊အဋ္ဌကထာ၊ဋီကာနည်းတို့ဖြင့်
ဖျက်ကောင်းရွှေ့ကောင်းတယ်ပြောတဲ့ (မဟန)ကြီးကို ထိုင်ကန်တော့
နေကြတဲ့ ဗုဒ္ဓဘာသာဝင်တွေရဲ့ရှေ့ရေးဟာဖြင့် အသဲယားစရာ
ကောင်းလှသည်။ ဗုဒ္ဓမြတ်စွာရဲ့ ဓာတ်တော်မွေတော်များဋ္ဌာပနာရာ
ကို ဒိုဇာနဲ့ထိုးတာဟာ သင့်လျှော်လျှောက်ပတ်တယ်လို့ယူဆတဲ့
ထိုဘုန်းကြီးများကို .. ပြည်နှင်ဒါဏ်ပေးသင့်ပြီ .. သင်္ကန်းချွတ်သင့်ပြီ
█ ░ အလင်းရှင် ░ █

No comments :
Post a Comment