တို့ ဒကာညီငယ်ညီမငယ်တို့ မှတ်ထားကြ။ သက်ရှိထင်ရှားရှိနေသေးတဲ့ ဆရာ
ကြီးအောင်သင်းကပြောဖူးတယ် ။ ဆရာကြီးဦးရွှေအောင်ရေးတဲ့ “ဓမ္မပဒ၀တ္ထု” ရဲ့

အမှာစာတစ်ခုမှာပေါ့။
“ဒီလိုဝတ္ထုမျိုး တစ်ပုဒ်လောက်ရေးနိုင်ရင် ကျနော်ရေးခဲ့
ပြီးသော ဆောင်းပါးပေါင်းများစွာကို မီးရှို့လိုက်ချင်ပါတယ်”
(အောင်သင်း)
အေးကွ၊ အခုလည်း အဲလိုကိန်းဆိုက်နေပြီ . . ငါလည်း ဆရာကြီးအောင်သင်း
ပြောသလို အခုလိုပြောချင်ပါတယ် . .
“ ဒီလိုကာတွန့်မျိုးလေး ဆွဲတက်ရေးတက်ရင် ငါရေးခဲ့ပြီးတဲ့နိုင်ငံရေးသုတေနသ
ဆောင်းပါးများစွာကို မီးရှို့လိုက်ချင်ပါတယ်”
(အလင်းရှင်)
အဲလိုပြောချင်တယ်ကွာ။ ကာတွန့်ဆရာများဟာ အတော်ကိုလေးစာတုယူဖွယ်
ကောင်းတယ်ဆိုတာ သူတို့ရေးဆွဲထားတဲ့ကာတွန့်လေးတွေက ၀န်ခံနေပါ . . ရဲ့။
█ ░ အလင်းရှင် ░ █

No comments :
Post a Comment