.

AlinShin

Monday, April 21, 2014

လောကကိုဒီကောင်တွေပေတံတစ်ချောင်းတည်းနဲ့တိုင်းနေကြတယ်။

Photo: လောကကိုဒီကောင်တွေပေတံတစ်ချောင်းတည်းနဲ့တိုင်းနေကြတယ်။
☀ ✂•••× ☀ ✂•••× ☀ ✂•••×✂•••× ☀   ✂•••× ☀ ✂•••×✂•••× ☀  
တစ်ချို့တွေ စာပေလေ့လာမှုအားနည်းတော့ နယ်ပယ်အသီးသီးမှာသူနဲ့ငါ
ဆိုသလိုတိုင်းကြထွာကြတယ်။ ဒါ စာမတက်လို့ ပေတံတိုင်းနေကြတာ။
သတ္တ၀ါဆိုတာအနန္တ စိတ်ဆိုတာလည်းအနန္တဖြစ်ပျက်နေတာ။ 
ဥပမာကွာ။ အလင်းရှင်ကို သီတဂူနဲ့ခိုင်းနှိုင်းပြီးမပြောကောင်းဘူး။ သီတဂူက
သီတဂူပဲ။ သူလည်းသူစွမ်းတာသူဝါသနာစရိုက်ပါရမီအထိုက်အလျှောက်လုပ်
တာပဲ။ အလင်းရှင်လည်း ကိုယ်စွမ်းရာကိုယ့်ဝါသနာစရိုက်ပါရမီအထိုက်အ
လျှောက်လုပ်တာပဲ။ ဒီလိုခွဲခြားနားလည်ရမယ်။ သတ္တ၀ါတွေဟာဘ၀အနန္တ
မှာ အသွင်သဏ္ဍာန်အမျိုးမျိုးနဲ့ ဖြစ်တည်နေကြတာပါ။ ဒါကိုသိတဲ့ရှေးသူတော်
ကောင်းကြီးများက “ ဗြဟ္မာ့ပြည်မှာတစ်ဝင်းဝင်း ၀တ်စားကျင်းတစ်ရှုတ်ရှုတ်”
စကားပုံလေးနဲ့ပြောဆိုတက်ကြတယ်။ 
အခုဘ၀ ဗြဟ္မာဖြစ်နေပေမယ့် နောက်ဘ၀မှာ ၀က်ဘ၀ရောက်ပြီး ချေးကျင်း
ထဲမှာ နှာထိုးကော်စားနေရတဲ့ဇာတ်လမ်းဟာ ပိဋကတ်မှာရှိတယ်လေ။ဒါကို
ရှေးလူကြီးသူများက ထုံးပုံပမာပြုကာ သံဝေဃယူတက်ကြတယ်။အကယ်၍
သူနဲ့ငါ ထိုသူနှင့်ဤသူ စသသည်ဖြင့် ခိုင်းနှိုင်းတိုင်းထွာကြမယ်ဆိုရင် ပွင့်တော်
မူခဲ့ပြီးသော ဘုရားအဆူဆူတောင် မတူညီတဲ့ ကံသတ္တိအကျိုးပေးတွေရှိတယ်။
သတ်တမ်းခြင်းလည်းမတူဘူး။ အကျိုးပေးပုံခြင်းလည်းမတူဘူး။ ဒါအကြမ်းစား
သာဓကထုတ်ပြတာ။
ဒါ့ကြောင့် စာပေများမနှံ့စပ်ရင်ဖြင့် လောကဟာ ငြင်းစရာခုံစရာ ခိုင်းစရာနှိုင်းစ
ရာတွေနဲ့ အလုပ်ရှုပ်နေကြမယ်။ အေး စာပေများများနှံ့စပ်လာပြီဆိုရင် ခေါင်း
ညိတ်တက်လာတယ်။ အရာရာကို ယောနိသောမနသိကာရအဖြစ်နှလုံးသွင်း
တက်သွားတယ်။ အချို့ နွားလားပိန်းတုံးကောင်တွေက ဒီလိုမတွေးယူဆတက်
ကြဘူး။ ယူဆနိုင်တဲ့စာပေကိုလည်းသူတို့မဖတ်ထားမသင်ကြားထားရသေးဘူး
ဒါ့ကြေင့် လောကကိုဒီကောင်တွေ ပေတံတစ်ချောင်းတည်းနဲ့တိုင်းနေကြတယ်။
ဒီတော့ အလင်းရှင်ရဲ့ ဓမ္မမာမကတို့ . .  ဒီလိုဗာလနံစရင်းမ၀င်ရလေအောင်
စာဖတ်ကြပါ။ www.alinshin.co.vu မှာအလင်းရှင်ရေးထားတင်ထားတာ
(၁၇၀၀)ကျော်နေပြီ။ အဲဒါတွေဝင်ဖတ်ကြ။ ဒါ့အပြင် ပိဋကတ်မြန်မာပြန်တွေ
လည်းတင်ထားတယ်။ ၀င်ပြီးဒေါင်းကြ။ ဖတ်ကြ။ စာဖတ်မှ စာမငတ်မှာ။
စာမငတ်မှ မင်းတို့တွေ အလင်းနဲ့အမှောင်ရဲ့သရုပ်သကန်ကိုခွဲခြားနိုင်မှာ။
ကဲ ဒါပဲနော်။
█ ░ အလင်းရှင် ░ █

No comments :

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget