.

AlinShin

Sunday, April 20, 2014

အဘဦးဝင်းတင်၏နောက်ဆုံးခရီးစဉ်အတွက်အမှတ်တရ

☀ ✂•••× ☀ ✂•••× ☀ ✂•••×✂•••× ☀  ✂•••×✂•••× ☀ 
အနိစ္စ၊ဒုက္ခ အနတ္တဟု ၊ရှင်တော်ဘုရား၊ ဟော်ဖေါ်ကြားလည်း၊
စစ်ခွေးဘီလူး ၊ အာဏာရူးတို့ ၊ ရူးကြ မူးကြ၊ ယစ်မူးကြ၏။
မှတ်လောအမြဲ ၊ နားစိတ်စွဲလော ၊ သင်္ခါရဟူ ၊ ဓမ္မအယူကား၊
ဘယ်ဟာမမြဲ ၊ နိစ္စပဲတည့်။ ဆင်းမြင်းဗိုလ်ပါ ၊ ဘီလျှံနာလည်း၊
သေရွာမပါ ၊ သေသို့မလိုက် ၊ နောက်ချန်ထိုက်၏ ၊ ကိုယ့်ပြုသည့်
ကံ၊ ကုသလံတို့၊ သေလည်းလိုက်မြဲ ၊ နေလိုက်မြဲ၏ ။ 
ထို့ကြောင့် ညီမောင် ၊သတိဆောင်လော့ ၊ ဤခန္ဓာကို၊ အပုတ်ယိုကား၊
နေ့စဉ်ရက်စက် ၊ ပုတ်အက်ယိုစီး ၊ ရွံစရားကြီးတည်း။ ထိုသည့်ခန္ဓာ၊
ပုတ်သဏ္ဍာန်အား၊ ကမ်းဘက်ယူကူး၊ ငှက်ပြောဘူးသို့ ၊ ကမ်းသို့ရောက်လျှင်၊
ရေစပ်တွင်ပင်၊ ထားပစ်အလား ၊ မှတ်ကာသားလော့၊ နိဗ္ဗာန်ကမ်းနား၊
အရောက်သွားဖို့ ၊ တို့ပုတ်ခန္ဓာ၊ ဤမသာအား ၊ အသုံးချလော့။ 
ကြည့်စမ်းအမောင် ၊ သတိဆောင်လော့၊ ရှေးရှေ့ဘုရားတကာ၊ နိစ္စပါဟု၊
တွင်တွင်ဟောကြား၊ အမှာထားလည်း ၊ တဏှာအရူး၊ စစ်ဘီလူးတို့၊ 
ပြည်သူဘဏ္ဍာ၊ သယံဇာအား ၊ မောင်ပိုင်ဝမ်ပေါင်၊ အတ္တကောင်တို့၊
ခိုးစား၊၀ှက်စား၊သတ်၍စားသည်၊ သန်းခြောက်ဆယ်၏ ဒုက္ခတည်း။
မှတ်ချက်။
အဘဦးဝင်တင်၏သက်မဲ့ဝိဉာဉ်အားဤကဗျာဖြစ့်ဂုဏ်ပြုလိုက်ပါသည်
များလူသံဝေဃရစေသော်ဝ်  .. .Shareခြင်းမိတ္တုရစေသော ၀် . . ။
ဤသို့ကဗျာလက်တမ်းရေးစပ်နိုင်ရန် မဃဒေ၀လင်္ကာကျမ်းအားအာဂုံ
ဆောင်ရန်ဆူပူကျိန်းမောင်းခဲ့သာဆရာသခင် အသျှင်ဣန္ဒ၀ံသအားဦးတင်
သပါ၏။
█ ░ အလင်းရှင် ░ █

ကြည့်စမ်းအမောင် ၊ သတိဆောင်လော့၊ ရှေးဘုရားတကာ၊ နိစ္စပါဟု၊
တွင်တွင်ဟောကြား၊ အမှာထားလည်း ၊ တဏှာအရူး၊ စစ်ဘီလူးတို့၊
ပြည်သူဘဏ္ဍာ၊ သယံဇာအား ၊ မောင်ပိုင်ဝမ်ပေါင်၊ အတ္တကောင်တို့၊
ခိုးစား၊၀ှက်စား၊သတ်၍စားသည်၊ သန်းခြောက်ဆယ်၏ ဒုက္ခတည်း။
မှတ်ချက်။
အဘဦးဝင်တင်၏သက်မဲ့ဝိဉာဉ်အားဤကဗျာဖြစ့်ဂုဏ်ပြုလိုက်ပါသည်
များလူသံဝေဃရစေသော်ဝ် .. .Shareခြင်းမိတ္တုရစေသော ၀် . . ။
ဤသို့ကဗျာလက်တမ်းရေးစပ်နိုင်ရန် မဃဒေ၀လင်္ကာကျမ်းအားအာဂုံ
ဆောင်ရန်ဆူပူကျိန်းမောင်းခဲ့သာဆရာသခင် အသျှင်ဣန္ဒ၀ံသအားဦးတင်
သပါ၏။
█ ░ အလင်းရှင် ░ █

No comments :

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget