.

AlinShin

Tuesday, April 29, 2014

သို့၊ ဆရာတော် ဦးသောပါက

Photo: သို့
ဆရာတော်ဦးသောပါက
https://www.facebook.com/profile.php?id=100004669573084&fref=ufi
အလင်းရှင်သည် ရဟန်းတော်တစ်ပါးမို့ ကုသလနှင်အကုသလလောက်ကိုတော့
သိထိုက်ပါသည်။
အင်တာနက်တွင်အချိန်ကုန်ငွေကုန်ခံ၍ အကုသိုလ်ကိုယူတက်သောသူဟူသည် 
ကုသလနှင့်အကုသလတို့ကိုဘာမျှမသိသောသူသာဖြစ်ပါလိမ့်မည်။
အလင်းရှင်သည် ကမ္ဘာအေးဟုအများသိသည့် ၊(အချို့က ) ကမ္ဘာပူဟု ထိုနေရာကို
သမုတ်ကြသည်။အဘယ့်ကြောင့်ဆိုသော် ထိုနေရာသို့ အမူသည်ဘုန်းကြီးများအမြဲတ
စေ၀င်ထွက်နေကြသောကြောင့်ယင်းကိုသိသောရဟန်းတော်တို့က . . .
(ကမ္ဘာအေးအား ကမ္ဘာပူ) ဟုလှောင်ပြောင်သမုတ်ကြသည်။
ထိုဒေသတွင်အလင်းရှင်ကျက်စားခဲ့ဖူးသည်မှာ အဖန်ဖန်အထပ်ထပ်။ ဒီကနေ့နိုင်ငံရေး
သမားများက (မော်စကို) ဟုတင်းစားခေါ်ဝေါ်သမုတ်သော (အကစ)တက္ကသိုလ်တွင်
ဝါပေါက်ဝါဆိုနေထိုင်သီတင်းသုံးဖူးသည်။ထို့ကြောင့်အလင်းရှင်သည် နိုင်ငံရေးစကား
ကွက်နှင့် သန်းခြောက်ဆယိတို့ရဲ့အတိဒုက္ခကိုမြင်သည် သိသည် ကရုဏာပိုသည်။
ဘုရားရှင်သည် သိမ်ကျောင်းဇရပ်များကို ဖျက်သည်ကိုမဆိုထားနှင့်၊ ဇေတ၀န်ကျောင်း
အနီးသို့ကပ်လျှက်ဂျိန်းဘုန်းကြိးတို့မှာကျောင်းလာဆောက်သည်ကိုပင်ပြင်းထန်စွာ
ကန့်ကွက်ခဲ့သည်ကို ပိဋကတ်စာပေလေ့လာလိုက်စားကြသူတိုင်းသိကြပါလိမ့်မည်။
ထိုသို့ဆိုလျှင် ဦးကောဝိဒ သည် အလင်းရှင်ဆိုသောကလောင်နာမည်ကိုသုံးကာ 
ဗုဒ္ဓအလိုတော်ကျ ဘုရားကျောင်းကန်တို့အားဖျက်ဆီးသူများကို ကန့်ကွက်ရှုတ်ချသည်ကို
အပြစ်မြင်သူသည် မိစ္ဆာတိတ္ထိသမားစစ်ခွေးအဖွဲ့သားများပင်ဖြစ်ပါလိမ့်မည်။ 
အချို့ကိစ္စတို့ကိုဝေဖန်သုံးသပ်ရာတွင်  .. .ခြေမမကောင်းခြေမ၊လက်မမကောင်း
လက်မအဖြစ်တိုက်ရိုက်ညွှန်းဆို၍မရနိုင်ကြောင်း မြန်မာသဒ္ဒမျှကောင်းစွာတက်
ဖူးလျှင်သိနိုင်သလိုဇာတကပိဋကတ်တို့တွင်လည်းထိုဥပမေယျများကိုလော့လာနိုင်
ပါသည်။
ဘုရားရှင်သည်ပုထုဇဉ်များအလျှောက် အဂတိလေးပါးအား ငဲ့ကွက်မည်ကို သဗ္ဗညုတရွှေဉာဏ်တော်ဖြင့်သိတော်မူသောကြောင့် အမှန်တရားနှင့်ပတ်သက်
လာလျှင် အသက်ပါအသေခံရမည်ဟူသောအကြောင်းအရာတို့ကိုယင်းဇတက
ပိဋတက်တွင်မြောက်များစွာဟောကြားထားသည်ကိုပိဋကတ်လေ့လာ
ဖူးသူများသိပါသည်။ ထို့ကြောင့်အလင်းရှင်သည်  .. 
(၁) သံဃာကိုမစော်ကား 
(၂) စစ်ခွေးအလိုကျငဲ့ကွက်နေကြသောသူများကိုသာ ရည်ညွှန်းသည်။
ထိုမျှလောက် အကြောင်းပြန်ယုံဖြင့် ဆရာတော်ဦးသောပါကသည်- 
အလင်းရှင်ဟူသည်ကား..
အမှန်တရားအတွက်သာရှေ့ရှု့ငဲ့ကွက်သော “အညတရရဟန်းတစ်ပါးသာဖြစ်
ကြောင်းသိနိုင်ကောင်းပါသည်။”
ဗုဒ္ဓနှင်ဗုဒ္ဓ၀ါဒကိုသာလျှင်
လေးစားလျှက်၊ ရိုသေလျှက် ၊ ဦးခိုက်လျှက်
ဘဒ္ဒ န္တကောဝိဒ
အရှေ့ဥယျာဉ်တိုက်
စမ်းချောင်းမြို့နယ်၊ရန်ကုန်
သို့

No comments :

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget