ထောင်ကထွက်ကတည်းက www.alinshin.co.vu လေးမှာစာရေးလာတာ
ဟိုတစ်လလောက်ကမှ အဲဒီဝက်ဆိုဒ်မှာ facebook လင့်နဲ့ Like လေးကို
ဘလော့ခရီးသည်ထံကသင်ယူပြီးထည့်လိုက်တာအဆင်ပြေသွားတယ်။
အခုအဲဒီမှာဝက်ဆိုဒ်လေးကို လူ(၂၀၀)ကျော် Like ထားတာတွေ့ရတယ်။
အင်တန်စိတ်ကြည်နူးမိတယ် .. ကွယ် .. ။
အင်း .. မသေခင် ကြည်နူးစရာကောင်းတဲ့အထဲမှာတို့အတွက်တော့ဒါလေးပါပဲ။
တို့ဆရာဘုန်းကြီးက သက်တော် (၉၅)မှာပျံလွန်တော်မူတယ်။ သူကဘာပြော
ခဲ့သလည်းဆိုတော့ .
“သစ်ပင်လေးတွေစိုက်တယ်ဆိုတာ၊ ဖိုထိုးတယ်ဆိုတာ ”
“ရဟန်းကြီးရဲ့ သမာဓိထူထောင်တာကွ”
“ဒါ့ကြောင့် သစ်ပင်တွေကို မင်းတို့မဆော့ကြပါနဲ့ မခုတ်ကြပါနဲ့ ” တဲ့။
အေးကွာ . .တို့တော့ . .
ရန်ကုန်ရောက်ကတည်းက စိုက်စရာမြေလည်းမရှိလို မစိုက်ဖြစ်ဘူး ၊
တို့ဆရာသမားထံကဖိုထိုးတဲ့အဂ္ဂိယတ်ပညာလည်း ဆရာနည်းတကျသင်
ထားပေမယ့် ဖိုရုံဆောက်ဖို့နေရာလည်းမရှိဘူးကွ။ ဒီတော့စာပဲရေးတယ်။
စာရေးတာ တို့ရဲ့သမာဓိပဲ။ ဒီတော့ တို့သမာဓိလေးဖြစ်တဲ့ဝက်ဆိုဒ်လေးမှာ
Like လေးတွေမြင်ရတော့ သမာဓိတက်တယ်ကွာ။
ကဲ . .. . တို့ ညီတော် ညီမတော်များလည်း အလင်းရှင်ရဲ့ သမာဓိလေးကို
ပံ့ပိုးတဲ့အနေနဲ့ ၀က်ဆိုဒ်လေးကိုအလည်လေးသွားကြပါဦးလား ..
တို့များက နည်းပညာကလည်းမတက်လေတော့ ၀က်ဆိုဒ်လေးကိုအရမ်းလှ
အောင်မဆင်တက်ဘူးကွယ်။ အဲဒီအတွကတော့ အားနာပါတယ်။
ဧည်သည်ကို အိမ်လည်ခေါ်ပြီး ဖျာစုတ်နဲ့ဧည့်ခံတဲ့အိမ်ရှင်ရယ်လို့တော့မထင်
ကြပါနဲ့ ကွယ်။ ဒီဝက်ဆိုဒ်လေးဖြစ်အောင် စာအုပ်ဝယ်ပြီးလုပ်ထားရတာပါ။
နည်းပညာကူညီပေးမယ့်သူမရှိပါဘူး။ သိတယ်မဟုတ်လား (ထောင်ထွက်)
ဆိုလူတွေကအဘက်မလုပ်ကြတော့ဘူးလေ ..
ကဲ .. ကဲ . . စကားလည်းကောင်းသွားပါရဲ့  အလည်တော့လာခဲ့ကြပါဦးနော်။
█ ░ အလင်းရှင် ░ █

No comments :
Post a Comment