ဖေ့ဘွတ်ပေါ်မှာ မြေမကောင်းရင်ခြေမပြောလက်မမကောင်းရင်လက်မပြော .. ။
ဥပမာ လက်ပတောင်းတောင်ဦးအာဝုဓ မကောင်းရင်သူ့ဘွဲ့နာမည်ထည့်ပြော
ရုံနဲ့လုံလောက်တယ်။သံဃာလို့အနောက်ကဖြစ်စေအရှေ့ကဖြစ်စေထည့်မပြောနဲ့။
တော်နေကြာ ထောက်ချင်တဲ့သူက(သံဃာ)ဆိုတာဗုဒ္ဓမြတ်စွာတစ်သာသနာလုံး
ကရဟန်းတွေကိုပြောတာလားဆိုပြီးမင်းကို တွယ်လိမ့်မယ်။
ဒါ့ကြောင့် ပုဂ္ဂလကိုသာသုံးသံဃဆိုတဲ့အများကိန်းကိုထည့်မသုံးနဲ့ . .။
ငါ့တောင်တစ်ခါက (မဟန) မကောင်းကြောင်းကိုတဲ့ရေးလိုကတာကို(မဟန)
ကိုပြောရမလား(၃ပါး)နှင့်အထက်ဆိုရင် သံဃာမြောက်တယ်။ အလင်းရှင်သံဃာကိုဆော်ကားနေတာလားဆိုပြီး comment ရေးကြတယ်။
ငါကအခုလိုပြန်ပြောတယ် . ..
♥ပိဋကတ်သုံးပုံမှာ သံဃာရတနာလို့သာပါတယ် (မဟန)ရတနာမပါဘူး။
♥မဟနဆိုတာ ပိဋကတ်သုံးပုံထဲမှာမပါဘူး။ ပိဋကတ်သုံးပုံထဲမှာ ဗုဒ္ဓဓမ္မသံဃ
♥ပဲပါတယ်။ ငါပြောတာက သံဃကိုမပြောဘူး ငါ့ရဲ့ ပို့ပေါင်း တစ်ကျော်မှာ
♥သံဃာဆိုတဲ့ စကားနဲ့အပြစ်တင်တာတစ်လုံးတစ်ပါဒမှမပါဘူး။ ငါပြောတာက
♥(မဟန)အဖွဲ့ကိုပြောတာ သံဃအဖွဲ့ကိုပြောတာမဟုတ်ဘူး။ (မဟန)ဆိုတာ
♥သံဃာထုငါးသိန်းရဲ့စစ်မှန်တဲ့ထောက်ခံမှုနဲ့ဖွဲ့ထားတာမဟုတ်ဘူး။ နေ၀င်း
♥ရဲ့ အလိုကျဖွဲ့ထားတာ . . . .}
အဲလိုစသည်ဖြင့်ပြန်ရေးတော့မှ comment သမားတွေထွက်ပြေးသွားကြတယ်။
အခြားသံယောင်လိုက်တဲ့ comment သမားတွေက ငါ့ကိုတောင်းးပန်ကြတယ်။
ဒါ့ကြောင့် သံဃဆိုတဲ့အများကိန်းကိုမသုံးကြနဲ့ . .ဂိုဏ်းသင့်တက်တယ်။
ဂိုဏ်းနဲ့ရှင်လာရင် ဘုရားတောင် ပါလေယျတောကိုပြေးရသေးတယ်။
အေး .. ငါက စကားလုံးလှအောင် (ပြေး) ဆိုတဲ့စကားကိုသုံးတာကို အချို့
ကိုယ်တော်တွေက ဒီလိုမသုံးပါနဲ့ဆိုပြီး ငါ့ကို comment ရေးတယ်။
ငါကပြန်ပြောရတယ် . .
♥(စကားလုံးအတ္ထဗေဒစနစ်ကို အဲလောက်အထိမချုပ်ကိုင်ပါနဲ့ )လို့ မော်ဒန်ဆန်
ဆန်ပြန်ပြောလိုက်တော့မှ အဲဒီကိုယ်တော် စကားရှဲသွားတယ်။
ခက်တယ်။ ဒါ့ကြောင့် စာရေးကြတဲ့ တို့သူငှာတွေ ကုသိုလ်စိတ်နဲ့ကိုယ်ကရေး
ပေမယ့် ဖတ်တဲ့သူက အကုသိုလ်စိတ်နဲ့ဖတ်ရင် ရှင်းရလင်းရတာမသက်သာ
လှတဲ့အပြင် ကိုယ့်ကိုလည်း စာမရေးတက်ကောင်းရယ်လားလို့ ပျက်ရယ်ပြု
ခြင်းကိုခံရပါတယ်။
ကဲ .. ဒီလောက်ဆို အလင်းရှင်ရဲ့စေတနာကို သိလောက်ပါပြီနော်။
█ ░ အလင်းရှင် ░ █

No comments :
Post a Comment