မသိလို့မေးပါရစေ
“ မောင်မဘသ ” တို့ရေ . .
လယ်တီသိမ်ဆိုတာ မဘသထဲမှမပါဘူးလား ?
နားမလည်လို့မေးပါရစေ
“မောင်၉၆၉” တို့ရေ
လယ်တီစေတီတော်မြတ်ဟာ
ကိုးခြောက်ကိုးစာရင်းမ၀င်လို့လား?
ဟင် .. .
တရုတ်ကြီးကိုကြောက်တဲ့အထဲမှာ မောင်မဘသတို့လည်းပါလား?
ဝမ်ပေါင်ကြီးကို ခစားရတဲ့အထဲမှာ မောင်၉၆၉တို့လည်းပါသလား?
သြော် .. အော် .. သြော်
ချစ်၍ငဲ့ရသော ဆန္ဒဂတိ
ကြောက်၍ ရူးခြင်းယောင်ဆောင်နေရသော ဘယဂတိ
လာဘ်မျှော်ရာထူးပျှော်၍ ခေါင်းညိတ်လိုက်ရသော လောဘဂတိ . .
ထိုဂတိတို့မှ .. . ကင်းဝေး၍
တို့ကမ္ဘာကြီးပေါ်မှာ လယ်တီသမိုင်းတို့တည်တံ့ပါစေ။
✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂
မှတ်ချက်။
မည်သူမဆို ဓမ္မဒါနအဖြစ် share ခွင့်ပြုပါသည်။
█ ░ အလင်းရှင် ░ █
No comments :
Post a Comment