ဘာမှန်းမသိတာကို ချရေးတာ . . ကဗျာမဟုတ်ဘူး
ကဗျာဆိုတာ ရင်ထဲက စကားလုံးတွေကို ချရေးတာပါ။
ဖွဲ့နွဲ့မှုလေးကွာသွားတာနဲ့ . . . အတူ ..
ကဗျာရဲ့လှုပ်ရှားသက်ဝင်ပုံခြင်း ကွာခြားသွားတာပါပဲ။
ကဗျာဆရာတော်တော်တော်များများရှိပါတယ်။
အဲဒီအထဲကမှ တာရာမင်းဝေကို ဖတ်ဖူးတယ်။
သဘောကြပါတယ်။
ထမင်းပန်းကန်လေး မှောက်ကျသွားတဲ့ သူဆင်းရဲသားရဲ
သရုပ်ကို စာကားလုံးနဲ့မြင်အောင်ရေးတက်တာကို ကဗျာ
လို့ခေါ်ရင်လည်း .. မမှားပါဘူး။ ဒီလိုပါပဲ . .
အလင်းရှင်ကဗျာစရေးဖြစ်တဲ့နေ့လေးက လက်ဖက်ရည်
ပန်ကန်လုံးလေးထဲက ပဲပြုတ်လေးနဲနဲကို ပုရွတ်ဆိတ်နဲ့အ
တူညီတူညီမျှ ခွဲဝေစားသောက်ခဲ့ပုံကို စရေးမိတာပါ။
အဲဒီကနေ အခုလို ကဗျာတွေဆောင်းပါးတွေ ၀တ္ထုတိုလေး
တွေရေးဖြစ်ပြီး ဂျာနယ်တစ်ခုရဲ့ပင်တိုင်ဆောာင်းပါးရှင်အဖြစ်
အသုံးပြုခြင်းကိုခံခဲ့ရပါတယ်။ မင်းတို့ အလင်းရှင်ရဲ့ ကဗျာ
စစ်စစ်တွေကို ခပ်သောက်ခြင်တယ်ဆိုရင်တော့ .. မှဝင်သာ ကြည့်လိုက်တော့ .. .
အမြည်းမပါပဲ သောက်လို့ကောင်းတဲ့ .. ကဗျာ
အရည်အဖတ်မဟုတ်ဘဲ .. မူးရစ်စေတဲ့ .. ကဗျာ။
ထမင်းတစ်နပ်ကို နပ်မှန်အောင်လေ့ကျင့်ရတဲ့ .. ကဗျာ။
မျက်လုံးချစရာမရှိလို့ ကြောခင်းရာမရှိတဲ့ .. . ကဗျာ။
သူတို့စီးတဲ့ကားကသန်းခြောက်ဆယ်ရဲ့မျက်ရေတွေဖြစ်တဲ့ .. . ကဗျာ။
ကဲ .. ကဲ .. စိတ်ဝင်စားရင် ၀င်ဖတ်ကြည့်ကြပေါ့ကွာ။
ငါ့မှာတော့အသဲမရှိလို့ .. ငါ့ကဗျာကတော့ အသဲမကွဲတက်ဘူး။
သို့သော် ..
ပြည်သူကိုချစ်လို့ အော်ဟစ်ငိုကြွေးခဲ့ရတဲ့ မျက်ရည်တွေကတော့ ငါ့အသဲပဲ။
ရုပ်တော့ .. အလှဘူး။
ပိုက်ဆံတော့ .. မရှိဘူး။
အေး .. ဒါပေမယ့်
ဗုဒ္ဓဘာသာနဲ့ပြည်သူအတွက်ဆိုရင် .. မင်းတို့မျိုးချစ်တွေလိုပဲစွန့်ရဲပါတယ်။
သေချာတာတစ်ခုကတော့ ..
စက်တင်ဘာဟာ ငါ့ရဲ့ ထောင်ထွက်လက်မှတ်ပဲ။
█ ░ အလင်းရှင် ░ █

No comments :
Post a Comment