.

AlinShin

Monday, February 3, 2014

ဥပမေယျကထာနှင့်စကားပြောခြင်း

ဗုဒ္ဓမြတ်စွာ၏ အယူအဆများတည်ရာ ပိဋကတ်ကိုဖတ်လျှင် ယထဘူတဉာဏ်ကို
နားလည်သကဲသို့ ထိုသို့ဟုတ်တိုင်းမှန်စွာသိ
နိုင်သောအလင်းဉာဏ်လေးကိုရဖို့
ဘုရားရှင်သည်ကောင်းစွာတန်ဆာ
ဆင်အပ်သည့်ဥပမေယျပေါင်းမြောက်များစွာ
ကိုတွေ့ရသည်။
ထို့ကြောင့် အဂုင်္တ္တရနိကာယ် အဋ္ဌကနိပါတ်မှာ
“ဥပမာယမိဓေ ကစ္စေ၊ အတ္ထံ ဇာနာတိ ပဏ္ဍိတာ’’ ဟု ဆိုသည်။
ထိုဥပမာများကို . . ဤအရှင်သည် စွဲမက်သည် နှစ်ခြိုက်သည်။ အထူးသဖြင့်
ယဉ်ကျေးသောစကားလုံးများကိုသ
ာ သုံးနှုံန်းထားပြီး ဗုဒ္ဓမြတ်စွာ၏ညှင်သာ
သည့်အမှုအကျင့်ကိုလည်း မြင်ရသလို ကြင်နာဟန် စာနာသည့်အသွင်သဏ္ဍာန်
များကိုလည်း တွေ့ရသည်ပြန်ပါသည်။ ထို့ကြောင့်ပင် ဤအရှင်သည်နိစ္စဓူဝဆို
သလို ထိုပိဋကတ် အဆုံးအမများအား ဖတ်ရင်းတွေးရင်းဖြင့်သာ ဘ၀ကိုကျေ
နပ်နေလေ့ရှိပါသည်။ ထောင်ကျစဉ်ကလည်း မိမိနှလုံးသားဝယ် ဗုဒ္ဓကိုကြည့်
ညိုသည့် ပဿန္တစိတ်များဖြင့် နေရသောကြောင့် ထောင်ကျသည်မကျသည်ဟု
မခံယူမိဘဲ “ငါသည် ဗုဒ္ဓမြတ်စွာ၏ အပါးတော်၌ နေ့စဉ်ကပ်ရောက်ခွင့်ရနေ၏’’
ဆိုသော စိတ်ဖြင့်နေမိသည်။
ကျပ်တည်းကျဉ်းမြောင်းသော ထောင်နံရံသံတိုင် အနီကြီးများသည် မိမိအတွက်
စရဏတစ်ခုကိုလေ့ကျင့်ရသော camp အဖြစ်ဖြင့်သာမြင်၏။ အခုထောင်လွတ်
ခွင့်ရလာပြန်တော့လည်း အခွင့်သာလျှင် ဤသို့စာများရေးသားခြင်းဖြင်
့ ဒုနိစ္စ-
တော ဒုက္ခတော အနတ္တတောဟူသော ဘ၀သစ္စာကို ကောင်းမွန်စွာနှလုံးသွင်း
တက်လာပါသည်။
ရံခါတွင်မူ ..
အို . . ကာမ၀ိက္က . .တိဋ္ဌ ။
ကမ၀ိတက္က၊ ကာမဂုဏ်အာရုံကိုကြံစည်တက်တဲ
့ ဟဲ့ အမောင် စိတ်တို့ ..
တိဋ္ဌ၊ မင်းတို့တွေ .. ဒီနားလေးမှာနေရစ်ကြကုန်လော့
. .
အဲလိုလေးများ ရွတ်မိရင် နှလုံးသားမှာလေ ..
အေး .. သွား . .တာပဲ .။ ငြိမ်း .. သွား . .တာပဲ .။
ကိုယ့်လိုပဲလေ .. လူသားများကို အဲဒီအအေးဓာတ်လေးများဝေငှမိခ
ျင်ရာက
“အလင်းရှင်’’ ဆိုတဲ့နာမည်နဲ့ စာရေးတဲ့အညတရကိုယ်တော်လေးတစ
်ပါးအဖြစ်
လူအချို့ရဲ့ အသိအမှတ်ပြုခြင်းကိုခံခဲ့ရတ
ယ်။
ဟုတ်ပါရဲ့ .. ဒကာတို့ရေ . .
ကာမ၀ိတက်ဆိုတဲ့ ခံစားမှုအာရုံမှန်သမျှဟာ ဘ၀သစ်ကိုဖြစ်စေတက်တယ်။ တို့
သူငှာတို့ရဲ့ သတ္တလောကကြီးကို သူပဲဖန်ဆင်းခဲ့တာပါ။ ကောင်းတဲ့အာရုံဆိုတဲ့
သောမနဿလေးနဲ့တွေ့ရင်လည်း ကိုယ့်မှကြေနပ်ပြီး အဲဒီအာရုံလေးကိုနောက်
ထပ်အကြိမ်ပေါင်းများစွာခံစာ
းနိုင်ဖို့ . . တို့မှာ .. နေ့စဉ်ဆိုသလိုအိပ်ချိန်လေးမှာ
သာအနားပေးပြီးသကာလ တွေးလိုက်ရတဲ့ ကာမဝိတက်တွေ . .။
“အောင်မယ် ’’ အဲဒီ အမောင်ကာမ၀ိတက်တွေကလေ ရံခါအိပ်ချိန်မှာတောင်
အိပ်မက်အဖြစ်တို့ကို ဖန်ဆင်းပြသေး . .၇ဲ့။

“ဒေါက် .. ဒေါက် . .ဒေါက်’’
ညှင်သာသော တံခါးခေါက်သံကြောင့် အခုရေးလက်စ တွေးလက်စကိုခဏချ
ထားရင်း ..

“ဘယ်သူများလဲ . . .ကွယ် ’’
တံခါးက စေ့ထားရုံမျှသာပါ။ ၀င်လာခဲ့လေ . . .

“သြော် . .ထွေးထွေးတို့ပါလား’’
မြန်မာပြည်ပြန်ရောက်တုန်း ခရီးထွက်နေမယ်ထင်လို့ ဦးဇင်းကမမျှော်မိတာပါ။

“ဟုတ်တယ်ဘုန်းဘုန်းရဲ့’’
တပည့်တော်တို့ ပုဂံကိုသွားမလို့ဘုရား သို့သော် ပိဋတကတ်အလှူလေးမြောက်
သွားအောင် လှူပြီးမှသွားချင်လို့ အခုထွက်လာကြတာပါဘုရား။ မနက်ဖန်သွားကြ
မယ်လေဘုရား ’’
“ပိဋကတ်အလှူဆိုတော့ဘာကျမ်းစ
ာအုပ်များလှူမှာလဲ ’’

“ဘုန်းဘုန်းကလည်း ’’
“ဖေ့ဘွတ်ပေါ်မှာရော ဘလော့ပေါ်မှာပါ စာတွေဒီလောက်ရေးနေပြီး တပည့်တော်တို

့လှူမယ့်ပိဋကတ်အလှူကိုမရိပ်မိဘူးလားဘုရား ’’
ဒါတောင်မသိဘူးလား’’

“အော် ..ထွေးထွေးရယ် ’’
တို့က လိုင်းချော်နေပြီ .. ဟဲ့။ ဒီတော့ မရိပ်စားမိဘူး .. ကွဲ့။

“ ဒီမှာလေ .. ဘုန်းဘုန်းရဲ့ ’’
“ဘုန်းဘုန်းကို အပြည့်အစုံလှူခြင်လွန်းလို့
အလေးခံပြီး စက္ကူဘူးတွေပါ
အမေရိကားက သယ်လာရတာဘုရား ’’

“ Aspire ၊ E ’’
Explore beyond Limits . .
“ ဟဲ့ ..ထွေးထွေး ’’ “ဒီကွန်ပျူတာလေးလား’’

“ဟုတ်တယ်လေ . .ဘုန်းဘုန်းရဲ့’’
ဒါ . . FOURTH GENERATION ကမ္ဘာမှာနောက်ဆုံးထွက်တဲ့မျိ
ုးဆက်သစ်
ပါဘုရား။ နောက် Intel Core i5 Cpu @ 1.60 ပါဘုရား။ 1.60 ဆိုပေမယ့်
On တဲ့အခါမှာ double အလုပ်လုပ်ပါတာမို့ . . ဘုန်းဘုန်း Microsoft Word နဲ့
ရေးနေချိန်မှာ Photoshop သုံးလို့ရတဲ့အပြင် အင်တာနက်မှာ Firefox သုံးရင်း
New Tab တွေကို အများကြီးသုံးလို့ရတယ်ဘုရား
။ ဥပမာဘုန်းဘုန်းရဲ့ ပိုစ့်တွေ
ဆယ်ခုလောက်ကို တစ်ပြိုင်နက် New Tab ဖွင့်ထားပြီးဘုန်းဘုန်းရဲ့b
log မှာ
နောက် Facebook မှာပါ Tag ချိပ်ချင်တိုင်းချိပ်လို့ရတ
ယ်ဘုရား။
ဒီတော့ ဘုန်းဘုန်းမှာ စိတ်မပင်ပန်းတော့ဘူးပေါ့ဘုရ
ား။ အခုလို Cpu
မြန်တော့ Sleep လုပ်ထားလိုက်ပြီးကိုယ်သုံးခ
ျင်လို့ပြန်ဖွင့်ရင်လည်းပဲ
စက်က မလေးတော့ဘူး အရမ်းပေါ့တယ်ဘုရား ဘုန်းဘုန်းအတွက်
အဲလိုအစစအရာရာ အဆင်ပြေအောင်ရယ်နောက် ပိဋကတ်အလှူမျိုး
လည်းအဖြစ်ရည်ရွယ်ပြီးဝယ်လာတ
ာပါဘုရား။ ထူးထူးခြားခြားမွန်မွန်
မြတ်မြတ်လေးဖြစ်အောင် တပည်တော့်မအလေးခံပြီး အမေရိကကတောင်
သည်လာခဲ့တာပါဘုရား။

“သြော် .. ’’
ဗုဒ္ဓဓမ္မတန်ခိုးက ဒီမျှလောက်ပင် ပစ္စပ္ပန်မှာအကျိုးပေးနေပါရော
လားကွယ်။
အင်း .. အင်း .. အင်း သာဓုပါ ..
အဲလိုဆိုရင် ကွန်ပျူတာထဲကို ဦးဇင်းစုဆောင်းထားတဲ့ ပိဋကတ်တွေ အဋ္ဌကထာ
တွေ .. ကဲ .. တစ်ခါတည်းထည့်ပြီးမှ ဖွင့်ထားကာ ဒီဓမ္မအလှူကို သုံးဆယ်တစ်
ဘုံကြားအောင် . . ငါအော်ပြောလိုက်ချင်တယ် . .ကွယ်။
ဒါ့ကြောင့် . .
ရော့ . .ရော့ . . EXTERNAL HARDISK ထဲကနေကိုယ်တိုင်ပဲကူး လိုက်

ယင်းနောက် တစ်နာရီလောက်ခန့်အကြာတွင် acer အသစ်စက်စက်လေးထဲသို့
ပိဋကတ်သုံးပုံ အပါ အဋ္ဌကထာများ ဋီကာများထည့်သွင်း install လုပ်ပြီးခဲ့ပါသည်။

ကဲ . . ကွန်ပျူတာလေးရှေ့ချလို့ သြကာသလေးညီညာစွာဆိုလိုက်ကြရ
အောင်
. . . . .
. . . .
. . .. .
အမျှဝေ . .
ဤဓမ္မဒါန ဓမ္မစေတီ ဓမ္မဒေသန ဓမ္မသာကစ္ဆာ အလှူကို ကိုယ်စောင့်နတ်မှအစ
ထား၍ဘ၀ကြီးငယ်အသွယ်သွယ်တို့
တွင် တော်စပ်ခဲ့ကြသော မိဟောင်းဖဟောင်း
ဖဟောင်းဘိုးဟောင်းဘွားဟောင်
းစသည်တို့အားအမျှပေးဝေပါသည်အားလုံးကုန်
အမျှရကြ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေကုန် သော် .. .
အားလုံး ကြားကြသမျှ အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော . .
သာဓု သာဓု သာဓု ပါဘုရား။

“ကဲ .. အေးကွယ် ’’
မရှိလို့မလှူ မလှူလို့မရှိဆိုသလို
ရှိလို့လှူ လှူလို့ရှိကြပါစေ . .. ဒီနေ့ညတော့ ဘလော့ထဲမှာ ဒီအကြောင်းလေး
တော့ ဦးဦးဖျားဖျားရေးတင်လိုက်ဥ
ီးမယ်ကွယ်။

“မှန်ပါဘုရား’’
ရေးပြီးတင်ထားလိုက်ပါဘုရား တပည့်တော်တို့ ပုဂံရောက်ရင် ဖွင့်ဖတ်ကြပါမယ်။
အခုတော့ မနက်ဖန်အတွက်စီမံစရာလေးတွေ စီမံရမှာမို့ ခွင့်ပြုတော်မူပါဦးဘုရား။

“သာဓု .. သာဓု .. သာဓု ’’ ကွယ်။
ဦးဇင်းလည်း ကွန်ပျူတာအဟောင်းလေးကနေ အကောင်းလေးကိုကိုင်ကာ
ဓမ္မရသများဝေငှခွင့်ရတော့မှာ
မို့ . . ထွေးထွေးတို့မိသားစုတွေလည်း
ကံဟောင်း ကံဆိုးများကုန်ပျောက်လို့ ကံကောင်း အကြံကောင်းများတိုးပွား
ပါစေကွယ် ..

“ပေးတဲ့ဆုနဲ့ပြည့်ပါစေဘုရား
။’’

█ ░ အလင်းရှင် ░ █

No comments :

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget