၂၆ ရက် ဗုဒ္ဓဟူးနေ့ မှာ လယ်တီသိမ်နဲ့ စေတီကို ဖြိုဖျက်ကြတော့မည်ဟု
သတင်းကြားရ၍ ၀မ်းနည်းခြင်းအထိမ်းအမှတ်အဖြစ်ရေးလိုက်သည်။
Share ခြင်းဖြင့် ဆင့်ပွားကုသိုလ်ယူကြပါကုန်လော့ ..
သက္ကရာဇ် ၁၂၈၄-ခုနှစ်၊ နတ်တော်လဆန်း ၁၃-ရက်
AD – ၁၊ December ၊ ၁၉၂၂ - ခုနှစ်လောက်က .. . ပေါ့ ။
သြော် .. .
နှစ်တွေအတော်အတန်ကြာခဲ့ပြီဖြစ်သော်လည်း မေ့မရနိုင်သောအမေ့
ကောင်းသည့် အတိတ်အကြောင်းတစ်လွှာဆိုတာတော့ ရှိစမြဲ။ အဲဒီအတိက်
လေးကို ဒီနေ့ခေတ်သုံးလူငယ်လေးတွေကိုချပြလိုက်ချင်တယ်။
̏ အမှန်တွေကြာတော့လဲမေ့ပျောက်ရစ်ခဲ့တာဟာ ဓမ္မသဘောပဲမဟုတ်လား˝
ဒီနေ့ခေတ်လူငယ်လေးတွေအတွက် အနာဂါတ်မှာစိတ်မအေးစရာတွေပါ။
ဗုဒ္ဓ၀ါဒတွေကိုဖွင့်ဆိုရေးသားတဲ့ ကျမ်းတွေကွယ်ပနေတာကိုယ်က မြန်မာ
နိုင်ငံနဲ့မြန်မာလူမျိုးများအတွက် ရတက်ပွေဖွယ်ရာပါ။
အခုပူးတွဲတင်ပြတဲ့ ဓာတ်ပုံပါမွေးနေ့အလှူကတော့ ဒီပနီကျမ်းပေါင်းများစွာ
ကိုရေးသားပြုစုတော်မူရှာသော လယ်တီဆရာတော်ဘုရားကြီးရဲ့ သက်တော်
၇၆-နှစ် ၀ိဇာယနမွေးနေ့အလှူပါ။
ကျေးဇူးရှင်နွားပေါင်း ၅ကောင်။ အပြစ်မဲ့ ဆိတ်ပေါင်း ၃ကောင်နှင့်ကြက်၁၇၀
ကောင်၊ ရေကြက်၊၁၆ကောင်၊ငါးပေါင်း ၊ ၃၂၅၈၀ ၊ စုပေါင်းသတ္တ၀ါ၃၂၇၈၄
ကောင်တို့ကိုဘေးမဲ့ပေးခဲ့သည့် ̏ ဇီဝိတဒါနအဘယဘေးမဲ့သက်လွှတ်ပွဲကြီး˝
ဒီနေ့ခေတ် ရဟန်းရှင်လူတို့ ဒီလိုမွေးနေ့ပွဲမျိုးကိုအတုယူသင့်သည်။ အတုယူ
နိုင်ရန်လည်း အလင်းရှင်မှအခုလို အသိပေးဖေါ်ပြလိုက်ရခြင်းပင်ဖြစ်ပါသည်။
ဤဓမ္မဒါနဇီဝိတဒါနအဘယဘေးမဲ့အလှူကို . . .
ဖေါ်ပြခြင်းတည်းဟူသော ဓမ္မဒါနကုသိုလ်ကို .. . .
ကျးဇူးရှင်ဖခင်ကြီးဆရာစံ၊နှင့်လွန်တော်မူခဲ့ကြသောဘိုးဘွားမိဘဆရာ
သမားများနှင့် .. ၃၁ဘုံသားများအားဝေငှပါသည် Share သူသာဓုခေါ်

စေသောဝ် . . သာဓု ၊ သာဓု ၊ သာဓု .. .
█ ░ အလင်းရှင် ░ █
No comments :
Post a Comment