.

AlinShin

Friday, January 31, 2014

လယ်တီ . . . မိုး (သို့) ဟင်္သတမှာ မရွာသော .. မိုး . .။

လယ်တီ . . . မိုး (သို့)
❝ ❞ ❝ ❞ ❝ ❞ ❝ ❞ ဟင်္သတမှာ မရွာသော .. မိုး . .။
တစ်နေ့သ၌ ..
ကျနုပ်၏ ငြိမ်းအေးသော အဇ္ဈတကမ္ဘာလေးထဲသို့ အနှီလူတစ်သိုက်သည်
စွမ်းအားရှင်တို့ . . မိုက်ကြေးခွဲသည့်ပမာ တံခါးခေါက်၍ ၀င်လာကြသည်။

“ ဗျို့ ..ဆရတော်’’
‘တို့ဆရာတော်ကတော့ ကြည့်လိုက်ရင် ကွန်ပျူတာနဲ့မျက်နှာနဲ့ကိုမခွာဘူး’
ဒ့ါကြောင့်မို့လည်း ဖေ့ဘွတ်ပေါ်မှာ မွတ်ဒေါင်းကဖဲ့လိုက် စစ်ခွေးဆိုးကြီးနဲ့
ခရိုနီခွေးသားပေါက်တွေက ၀ိုင်းကိုက်လိုက်နဲ့ . မဟုတ်လား?

“ ဟဲ့ .. မင်းစံ ’’
မင်းက ငါ့ကျောင်းရိပ်ကိုလာခို . . .
ကိုးကွယ်ရာစေတီပါးမှာဆုပါး .. ပြီးတော့
ငါ့ကိုမှ စော်ကားပါရော .. လား /

“သြော် . . ဆတော်ကလည်း’’
‘သစ္စာဘူတ ဖြစ်နေတာကိုပြောတာကို ဘာ့ကြောင့် လက်မခံခြင်ရတာတုန်းဘုရား’

“ဟ .. မင်းကပါ ’’
‘မွတ်ဒေါင်းလေသံ . . ခရိုနီသားပေါက်စစ်ခွေးလေသံနဲ့ပါလားကွ’
‘မှတ်ထားကွ’ မင်းစံရ ၊ လောကမှာ ဘုရာတောင်အကဲ့ရဲ့မလွတ်ဘူး။
အေး . .အဲလို အတုလံအတုမဲ့ ဘုရားရှင်ကိုတောင် ..
(၁) ကိုယ်ဝန်ရပါတယ်ဆိုပြီး ဆွဲချက်တင်တယ်။
(၂) လူသတ်မုဒိန်းမှုနဲ့ ဇေတ၀န်မှာ သတင်းဆိုးထုတ်တယ်။
(၃) ပညာအမျိုးမျိုးနဲ့ အယူဝါဒကို ယှဉ်ပြိုင်တယ်
(၃) ဆင်ဆိုးကို အရက်တိုက်ပြီး တိုက်သတ်တယ်။
(၄) ဒါနဲ့တောင်မရတော့ ကျောက်မောင်းဆင်ပြီး ခလုပ်ဖြုတ်သတ်တယ်။
ကဲ . . ကဲ .. ဒါအခုစိတ်ကူးထဲပေါ်တာပြောတာနော် ..
အဲဒီလောက်တောင် မဟာကရုဏာရှင်ဘုရားလည်း အနှိပ်စက်ခံရတာပဲကွ
ဘုရားစစ်စစ်ကြီးမို့လို့နော် .. နောက်မို့ဆို နံပတ် (၁)လောက်ကတည်းက
၂၉၅ ပုဒ်မနဲ့ငြိပြီး အင်းစိန်ထောင်မှာ ထောင်ကျနေပြီ .. ကွ။ သိလား ?
ဒ့ါကြောင့် ..
တို့များက အဲလိုဗုဒ္ဓရဲ့ကရုဏာကမ္ဘာမှာ ကြည်ညိုရာသဒ္ဓါတရားနဲ့နေတာမို့
မင်းတို့ မင်းတို့ အစရှိတဲ့သူတွေ . .ကဲ့ရဲ့ဆိုတင်းစကားများကို နကမ္ပတိပါ
မောင် ..ရာ။

“တပည့်တော်က’’ “ဆတော်နေ့စဉ်စာထဲလုံးပန်းနေရလို့ ’’
စိတ်ပြေလက်ပျောက် လျှောက်ထားမိတာပါဘုရား။
“ ဟုတ်ပါတယ် ’’ “ မင်းကိုလည်း ငါက ’’
‘မင်းပြောတဲ့စကားအပေါ်မှာ ဟုတ်တိုင်းမှန်စွာသတိသံဝေဃရအောင်
ပြောလိုက်တာပဲကွာ။’

“မှန်ပါ့ဘုရား’’
ဒါနဲ့ စကားမစပ် ဟိုတစ်ပတ်ဆီက တပည့်တော် ဆပ်ကပ်တဲ့ စက္ခုပါလဆေးများ
ဘုန်းပေးသုံးဆောင်ဖြစ်သေးလား ဘုရား။

“အေး’’ “သုံးပါရဲ့ ဒကတော်’’
အဲဒီဆေးက အညောင်းအကိုက်ကို သက်သာစေတာပဲ။ အာရုံကြောအားစိုက်ရတဲ့
တို့အတွက်တော့ အဆင်ပြေသားကွ။ ဆေးကုန်ခါနီးမှ မှာမယ်လေကွာ။

“မှန်ပ့ါဘုရား’’
“ဒါနဲ့ဘုရား။’’ “စကားမစပ်ဆိုသလို’’
ဆရတော်ကတော့ အင်တာနက်အမြဲဖွင့်နေတော့ မြန်မာနိုင်ငံပြည်သူတွေ ..
လယ်ယာအိုးအိမ်ခြံမြေတွေအသိမ်းဆည်းခံ . .ဒါကို တောင်းဆိုတော့ ဥပဒေနဲ့မညီ
လို့ဆိုပြီး ထောင်ချနေတဲ့သတင်းတွေ ကြားနေမြင်နေရမှာပေါ့နော် . .

“ အောက်မလေး’’ “ဒကာကိုမင်းစံရယ်’’
ဒီသတင်းက မင်းတို့ပြောတဲ့ ကိုရီးယားဇာတ်လမ်းတွဲအတိုင်းပဲလေ . .
ဒါတွေဟာ .. ဟိုးတုန်းဆီက လယ်တီဆရာတော်ဘုရားကြီးများကဲ့သို့သော
ဆရာတော်ဘုရားကြီးများသာရှိရင် .. .
ဘယ်လိုများရေးလိုက်မလည်းမသိဘူးနော် . . .
သီပေါမင်းလက်ထက်မှာနဲ့တူတယ် .. “မြန်မာဘုရင် က ထီ’’ ဖွင့်ပွဲလုပ်တာတောင်
အပြုသဘောဆောင်ကာ ထီကိုဘုရင်ကိုယ်တိုင်လည်း မဖွင့်မရောင်းသင့်သလို ပြည်
သူပြည်သားတွေလည်း မထိုးသင့်ကြောင်း . .နောက် တို့ရဟန်းသံဃာတော်များလည်း
ထီမထိုးရန် တားမြစ်တယ်ကွ။

“ သြော် ’’ “မှန်လှပါဘုရား’’
အတော်ကိုပဲ အမြျှော်အမြင်ကြီးမားလှတဲ့ ဆတော်ကြီးတွေပါလားဘုရား။

“ ဒါနဲ့မကသေးဘူး ဒကာမင်းစံရဲ့’’
မြန်မာပြည်ကို ကာလ၀မ်းရောဂါတွေရောက်လာပြန်တော့လည်း ဆတော်ဘုရားကြီး
ဟာ အနားမနေခဲ့ဘူးကွ။ အဲလိုကပ်ရောဂါဘေးကကလွတ်ရအောင် ၊ ဘုရားဆေးနည်း
များကိုဝေငှတော်မူတယ် . .
‘ငါ’ ဟိုတစ်နေ့က ဖေ့ဘွတ်ပေါ်မှာ အဲဒီစာအုပ်လင့်တွေတောင် ပေးမိသေးတယ်လေ။

“သြော်’’
“တပည့်တော်များသတိမထားမိပါ့ဘုရား။’’
အိမ်ရောက်မှာအရှင်ဘုရား blog ထဲဝင်ပြီးမွေနှောက်ကြည့်ပါမယ်ဘုရား။

“ အေး .. အေး . .’’
‘ရောဂန္တဒီပနီကျမ်း’ က တို့မြန်မာပြည်ကို ပလိပ်ရောဂါတို့ကာလ၀မ်းရောဂါတို့
ဝင်ရောက်ကူးစက်ပျံ့ပွားတဲ့အခါမှာ . . လယ်တီဆတောဘုရားကြီးက အလျင်
အမြန်ရေးထုတ်ဖြန့်ဝေခဲ့တာပဲ .. ဒကာကိုမင်းစံရဲ့ .. အဲဒီစာအုပ်ကို ဦးဇင်း
Blog ထဲက “ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒ’’ စာမျက်နှာမှာ ၀င်ပြီး Download လုပ်လိုက်လေ။

“မှန်ပါ့ဘုရား။’’
ဆရာတော်အခုလို အသိတွေထပ်ဆင့်ဝေငှပေးနေတာကိုပဲ နိုင်ငံနဲ့လူမျိုးအတွက်
ထောက်တည်ရာဖြစ်စေပါတယ်ဘုရား

“သြော် ’’
တို့များက မိတ္တူစက်တစ်လုံးမျှသာပါကွယ် . .
တကယ့်မူရင်းဆတော်ဘုရားကြီးများရဲ့ အာဘော်အာဃများမပျောက်ပျက်ရအောင်
မင်းတို့ကို Copy ပြန်ပေးတာပါ . . ဒကာရယ်။
အေး .. လယ်တီဆရတော်အကြောင်းပြောတော့ အခုစိတ်ထဲပေါ်လာတာလေး
မင်းတို့ကိုပြောရဦးမယ်။ အခုပရိတ်သတ်ထဲမှာ ဧရာဝတီတိုင်းက ဟင်္သတဇာတိသား
များပါကြလား .. ကွ။

“ မှန်ပါ့ဘုရား .. တပည့်တော် ဒကာတိုးကြီးက ဟင်္သတသားပါဘု၇ား’’

“ ကဲ .. ဟန်ကြပြီကွ’’
မင်းရဲဇာတိမြေ ဟင်္သတမှာ (အေဒီ ၁၉၀၆-ခု သြဂုတ်လ) ကြီးမှာ အကြီးအကျယ်မိုး
ခေါင်ဖူးတယ်ဆိုတာ လူကြီူးသူမများပြောတာ ကြားဖူးလားကွ။

“ မှန်လှပါဆရာတော် ’’
“တပည့်တော် သတိမထားမိပါဘုရား’’

“အေး . .’’
အဲဒီတုန်းက ဟင်္သတတို့ ဇလွန်တို့ ဓနုဖြူတို့ ဆိုတာ မိုးတွေခေါင်လို့ လယ်သမားများ
လယ်ပျက်စာရင်းတွေကို အင်္ဂလိပ်အစိုးရကိုတင်ရတယ်လေ . . ။
ဒီတော့က ဧရာဝတီတိုင်းမင်းကြီးမက်ကဆွဲ (Maxwell ) က အတော်ကိုစိတ်ပျက်သွား
တယ်။ ဒါနဲ့ တို့ရဲ့ဆရာတော် လယ်တီကိုလာပင့်တယ်လေ . . .
“မိုးမရွာတာကို ’’
“ဒီဆရာတော်က ဘာလုပ်နိုင်မှာမို့လည်းဆိုတဲ့ ကဲ့ရဲတဲ့ ဗမာတွေကရှိသေးကွ။’’
နောက် လယ်တီဆရာတော်ဟာ သမညဆိုရင်လည်း လိုက်ရဲမှာမဟုတ်ဘူးနော် . .
သို့သော် လယ်တီဆရာထေရ်မဟာက မကြောက်မရွံဘဲ မရွာတဲ့မိုးကို ရွာအောင်. .
သူအနှစ်(၂၀)ကျော် လယ်တီတောရမှာ ရေ၀တ်ကြီးကိုသတိရအောက်မေ့ကာ
ငါးရံ့မင်းမရိတ်တော်ကို ပုတီးစိတ်တော်မူတယ်။ နောက် ပဇ္ဇုန်နတ်အပြင် အထက်
ဝလာဟကနတ်တွေကို အထူးမေတ္တာဓာတ်လွှတ်တော်မူခဲ့တယ်။
ဒါနဲ့ လယ်တီဆရာတော်ဘုရားကြီးဟာ မင်းတို့ဟင်္သတကိုစာပို့သင်္ဘောကြီးနဲ့ လိုက်
ပါလာတာပေါ့ကွာ။
ဖြစ်ပုံများကတော့ ..
လယ်တီဆရာတော်ဘုရားကြီးစီးနင်းလိုက်ပါလာတဲ့ စာပို့သဘောင်္ကြီးဟာ ဟင်္သတ
မြို့အ၀ရောက်တာနဲ့ မိုးဟာ အသဲအမဲ ရွာတော့တာပဲ ။ ရွာတဲ့နေရာမှာလည်း မိုးတိမ်
တို့အုံ့မှိုင်းတိမ်ဆင်ပြီးမှရွာတာမျိုးမဟုတ်ဘူးတဲ့ .. ကွ။
ဆရာတော် စီးနင်းလာတဲ့ စာပို့သင်္ဘောကြီး ဟင်္သတာမြိုဆိပ်ခံနားရောက်တော့မှ
တစ်ခဲနက်သည်းထန်စွာရွာတယ်ဆိုပဲ . .

“မှန်ပါ့ဘုရား’’
ဆရာတော်ပြောတာနဲ့ တပည့်တော်များတောင် ကြက်သည်းမွှေးညှင်းများထကာ
သံဃာဂုဏ်တော်များကို ကြည်ညိုမိပါရဲ့ . .ဘုရား။

“အေး’’
ဆက်ပြောမယ်ကွ။ မိုးဘယ်လောက်အထိသဲသလည်းဆိုရင်ကွာ။ အဲဒီခေတ်က
မိုးရေချိန်လက္မတိုင်းတာတို့မပေါ်မရှိတော့ မပြောနိုင်ဘူးဆိုပေမယ့်။ လယ်တီ
ဆရာတော်ဘုရားကြီးစီးနင်းလာတဲ့ စာပို့သင်္ဘောဟာ ရေလည်ခေါင်မှာ ကျောက်
ဆူးချထားပြီးနေရတယ် .. ကမ်းကိုမကပ်နိုင်ဘူး .. ကွ။

“အောက်မလေးဘုရား’’
“သံဃာဂုဏ်တော်များ အံ့သြပါရဲဘုရား’’

“အေးကွာ’’
ဒီဖြစ်စဉ်ကို အဲဒီခေတ်က လယ်တီဆတော်ရဲ့ ပညာရှိတပည့်ကျော်များမှာ စာရင်းဝင်
တဲ့ .. လယ်တီဦးလှတင် (ဦးဝဏ္ဏိတ) ရေးသားပြုစုတဲ့ ထေရုပ္ပတ္တိကထာမှာ တို့များ
ဖတ်ရတာပဲ .. တို့ဖတ်စဉ်ကလည်းပဲ .အံ့သြခြင်း၊ ကြည်ညိုခြင်း၊ နှမြောတသခြင်း
တွေဖြစ်ရသေးသည်ပ .. ဒကာတို့ရာ . . အခုပြောနေရင်းကိုပဲ ဗုဒ္ဓဂုဏ်၊ဓမ္မဂုဏ်၊သံ
ဃဂုဏ်တော်များရဲ့ ကျေးဇူးများဟာ တို့နှလုံးအိမ်ကို ယူကြုံးစေရဲ့ .. ကွာ။

“မှန်ပါ့ဘုရား’’
ဒါ့နဲ့ လယ်တီမိုးအကြောင်း စကားလေးပြန်ဆက်တော်မူပါဦးဘုရား။

“အေး ’’
မိုးက တစ်နာရီခွဲကျော် နှစ်နာရီနီးပါးရွာတာကွ
လယ်တီဆရာတော်ဘုရားကြီးတို့ဟာ ဧရာဝတီမြစ်လည်ကောင်သင်္ဘောကြီးကို
ကျောက်ဆူးချပြီးနေကြတရာကွ။ မိုးဆဲတဲ့အခါ သင်္ဘောကို ဟင်္သတဆိပ်ကမ်း
တဖြည်းဖြည်းခြင်းကပ်ရတာ။ အဲဒီတော့မှာကွ ..
“လယ်တီဆိုတာ တကယ့် လယ်တီပဲ .. ကွ’’
“လယ်တီဆိုတာ မိုးသိကြားကိုတောင် ခေါ်နိုင်တယ် .. ကွ’’
ဆိုပြီး မိုးငတ်နေတဲ့ ဟင်္သတသားတွေ .. . .
မိုးခေါင်လို့ . . စပါးပြောင်နေတဲ့ . . ဟင်္သတသားတွေ ..
ဘယ်ကနေဘယ်လိုမှ လူမစု လူမခေါ် မစည်းရုံးပဲ .. ဟင်္သတဆိပ်ကမ်းကို အိမ်
လုံးကျွတ်လာကြတာတဲ့ .. ကွာ။ . . နေပူထဲကို မိုးရွာလိုက်တော့ . . မြေမာကြီး
ပေါ်မိုးရွာတော့ . . ရွံတွေက ဗွက်လုံးမကြမ်းပေမယ့် လမ်းလျှောက်လို့မရတော့ဘူး
ကွ။ ဒါနဲ့ ။ ထမ်းစင်လုပ်ပြီး ဆရာတော်ဘုရားကြီးကို ပင့်ရတယ် .. ဆိုပဲ။
လယ်တီဆရာတော်ဘုရားကြီးက . . .
“ဟဲ့ ’’ “ဒီဟာကြီးက ဘာလုပ်ကြတာလဲကွဲ့’’ လို့မေးတယ်။
ထိုအခါမှာ ဟင်္သတသားများက . .
“မှန်လှပါ .. ’’
“မိုးကသည်းကြီးမဲကြီးရွာထားတော့ လမ်းလျှောက်လို့မရတော့ဘူးဘုရား’’
အဲဒီအခါ တို့များရဲ့ ထေရ်ဆရာက . .
“မင်းတို့ . . .ဟင်္သတမြို့မှာ ’’
“မိုးခေါင်ရေရှာနေတယ်လို့ကြားတာ အခုတော့လည်းမိုးရွာရေပေါပါလားကွဲ့’’
လို့မိန့်တော်မူပြီး ထမ်းစင်ကိုမစီးဘဲ ဗွတ်တောထဲမှာတဖြည်းဖြည်းခြင်းကြွလှမ်း
တော်မူပါသတဲ့ ..

ကမ်းခြေမှာတော့ . . တစ်မြို့လုံးညွတ်တဲ့ လူအုပ်ကြီး .. .
နောက် အင်္ဂလိပ် မင်းကြီးမက်ကဆွဲ (Maxwell ) ကိုယ်တိုင် ဆရာတော်ဘုရားကြီးကို
အရိုအသေပေးခဲ့ရတယ် .. . ဒကာရေ .. .

“မှန်ပါဘုရား’’
ဟင်္သတသားတပည့်တော်များတောင် ဒီလိုဒီပုံမသိခဲ့ရပါဘုရား။ ဆရာတော်ရဲ့ကျေးဇူး
ကြောင့် အခုလိုသိရတာမို့ . . တပည့်တော်များ တကယ်ကို ပဏ္ဍိတာနဉ္စသေ၀နာ မင်္ဂလာကို ခံစားရပါတယ်ဘုရား။
တလက်စတည်းလျှောက်ထားရရင် . . ဒီအကြောင်းလေးများကို အများသိအောင်
ဆရာတော်ရဲ့ Blog မှာရေးတင်းပေးပါလားဘုရား . . ။

“အင်း’’
ဟုတ်သား ဒကာရဲ့ . . အခုအချိန်ကလည်း တရုတ်နဲ့ဦးပိုင် အပြီးချိုင်နေတဲ့
လက်ပန်းတောင်းမြေမှာ .. လယ်တီသိမ်ဆိုတာ အဓိကရပဲမဟုတ်လား?
အဲဒီသိမ်တော်မြတ်ကို ဖျက်ဆီးတော့မယ်သတင်းလည်း တို့ကြားရတာ ရင်နာ
လှပါရဲ့ . .. ဒါ့ကြောင့် ..
လယ်တီရတော်ရဲ့ ဂုဏ်ကို ထင်ပေါ်ရာလည်းရောက် .. ဗုဒ္ဓသာသနာအမွေအနှစ်များ
ကိုထိမ်းသိမ်းရာလည်းရောက်အောင် .. အခုပဲ ကြိုးစားပြီးရေးတင်လိုက်ပါ့မယ်
ဒကာတော်တို့ရေ . ..

“မှန်လှပါဘုရား။’’
ဆရာတော်လည်း ..
အခုလို သမိုင်းဝင်တန်ခိုးထင်ပေါ်တဲ့ ဆရာတော်ဘုရားကြီးများရဲ့ ဂုဏ်ကျေးဇူးနဲ့အမွေ
အနှစ်တွေကို ကာကွယ်ပေးရတဲ့ အသိအလင်းများဝေငှတာမို့ . . .
အလွန်မတန်သော ကုသိုလ်ကမ္မပထအကျိုးများ တိုးပွားပါရဲ့ .. ဘုရား။

“ အေး .. အေး .. ’’
“ သာဓု . . . သာဓု . . သာဓု ’’ ဒကာတော်တို့ရေ .. .

ဤဓမ္မဒနကို မိခဖခင်နှင့် (၃၁)ဘုံသားများအား ဝေငှပါသည်။
█ ░ အလင်းရှင် ░ █

No comments :

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget