.

AlinShin

Wednesday, January 29, 2014

ဟိုး . တုန်း . .က . .ထေရ်သံဃာ (၁)


(၁) လောက၀တ်ကို ငဲ့ကွက်ခြင်းမရှိ
✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂
ဆွမ်းစားဝိုင်းတွင် ဆွမ်းစားရင်း . . .
“သြော် . . ’’
“ဟိုးတုန်းကဆတော်ကြီးတွေမျာ
း တယ်လည်း
ဝိနယဓမ္မကိုသာ ငဲ့ကွက်တော်မူကြတာကိုး . . ။’’
မှတ်ချက်
(ဆတော်ကြီး) လို့ခေါ်ခြင်းသည် ဘုန်းတော်ကြီးများမှ သက်တော်
ထေရ်ရဆရာတော်ဘုရားကြီးများအ
ား ကြည်ညိုစံပြ ရိုသေသော
စကားကို သုံးတော်မူရာက(ဆရာတော်ကြီး)
ဟုခေါ်ရမည်အစား
(ဆတော်ကြီး)ဟု လျှာဖြားလေးဖြင့် ရိုသေစွာခေါ်သောဓလေ့ဖြစ်၏။

ယခုလိုဆွမ်းဝိုင်းတွင် ဆွမ်းစားရင်း စကားချီးစလိုက်ပုံကိုထောက်]
ခြင်းအားဖြင့် ဆရာတော်သည် သံဃာများဝိနည်းဓမ္မနဲ့ပက်သက်
ရာ
ကိုသာ မိန့်တော့မည်ဆိုတာကို ‘ချက်ဆို နားကွက်ကမီးတောက်’
သည့် အလင်းရှင်က သိလိုက်သည်။ ဒါ့ကြောင့် ဆရာတော်အား

“ မှန်ပါ့ . . အမိန့်ရှိပါဘုရား ’’
ဟု စကားထောက်ပြုလိုက်သည်နှင့် . .။

“ သြော် .. ’’ “အခြားဟုတ်ရိုးလားကိုယ်တော်
’’
“လယ်တီဆရာတော်ဘုရားကြီးတို့
က ကျောင်းမှာဆိုရင် သပိတ်နဲ့
သာဘုဉ်းပေးသုံးဆောင်တာဘုရား
’’ “နောက် ’’ သာမှုနာမှုရှိလို့
ရပ်ထဲရွာထဲ ဆွမ်းစားကြွရပြန်တော့လည်း နီးစပ်ရာဆွမ်းဟင်းကို
သာ နှိုက်ယူဘုဉ်းပေးတာ ကိုယ်တော် . . ရဲ့။

“မှန်ပါ့ဘုရား’’
“တပည့်တော်များက ရဟန်းငယ်များဆိုလေတော့ အဲဒီခေတ်ကိုမမီ
တော့ မသိဘူးဘုရား။’’
“ဆရာတော်အခုလိုမိန့်မှပဲ သိရာတာပါဘုရား။’’ “ဒ့ါကြောင့် ’’
“သက်ကြီးစကားသက်ငယ်ကြားဆိုတ
ဲ့ အတိုင်းမိန့်ပါဦးဘုရား’’

“ အင်း’’
လယ်တီဆတော်ကြီးက ရပ်ထဲရွာထဲဆွမ်းစားကြွရလို့
ဆွမ်းစားနေ
ရင်း ဆွမ်းကပ်သူဒကာက
“ ဒီ . . ဟင်းလေးက ကောင်းပါ့ဘုရား’’
“ ဟို . . ဟင်းလေးက ကောင်းပါ့ဘုရား ’’ လို့သာပြောလိုက်ရင် အဲဒီ
ဟင်းခွက်တွေ ဆရာတော်မဘုဉ်းပေးတော့ဘူး .. ဗျ။
ဣဏပရိဘောဂကို လွတ်စေခြင်းငှာ အမြဲဆင်ခြင်သုံးသပ်ပြီး
မှ သုံးဆောင်တော်မူတာ . . ကွ။
“တို့ခေတ်ကတော့’’ “ပဋိကူလသညာအားဖြင့်’’
ဆိုင်ရာဝတ္ထုကိုစိမ့်စိမ့်ရှု
ဆင်ခြင်တော်မူသော်လည်းပဲ . .
“ဆွမ်းဒကာငဲ့ပြီး အားနာနာနဲ့ နှုက်ဘုဉ်းရတဲ့အပြင်. .’’
“ ဟ . . ဒကာပြောတာ ဟုတ်သား’’
“ဘယ်သူချက်တုန်းဗျ’’ “ကောင်းပါ့ဗျာ’’ လို့ဆိုကာ လောက၀တ်
ကိုငဲ့ရပြန်သကိုး . . ။
“အချို့ထင်ကြတယ် ’’
‘မိစ္ဆာဇီဝ’ ဆိုတာ စစ်ခွေးဆိုးတွေ လက်ပန်း တောင်းတောင်ကြီးကို
တရုတ်ရောင်းစားလိုက်တာ . . .ပြည်သူပိုင် ဂစ်တွေ ကိုရောင်းစား
ပြီး ရတဲ့ဒေါ်လာတွေ ကိုယ့်ဘဏ်ထဲထည့်လိုက်တာ . . နောက်
စစ်ခွေးတွေနဲ့ပေါင်းပြီး စားနေတဲ့ ခရိုနီကောင်တွေ ပြည်သူပိုင်လယ်
ယာမြေတွေ သိမ်းဆည်းမတရားလုပ်တာကိုမှ . ‘မိစ္ဆာဇီ’၀လိုထင်
တာကိုး .. ။ စာအရပြောရင် .. အခုလိုဒကာဒကာမတွေကိုငဲ့ကာ
အကြိုက်လိုက်ပြောရတာကလည်း . . .
“ ကုဟန လပန ကုလဒူသက အာပါထကဇ္ဈာယီ မိစ္ဆာဇီဝ ’’ ပဲ
ဗျ။ ဒါ့ကြောင့် ရှေးဆတော်ဘုရားကြီးများ အင်မတန် ကင်းအောင်
နေကြတာက အတော်ကိုပဲ ကြည်ညိုဖွယ်ရာပါ ကိုယ်တော်တို့ . . ’’

“ဆွမ်းဝိုင်းလေးမှာ ’’
“အခုလို ဆရာတော် မိန့်ကြားတော်မူတာက’’
တပည့်တော်တို့လို ရဟန်းငယ်များအတွက် သတိပြုဖွယ်ရာမို့
အပ္ပမာဒမို့ ဆက်လက်မိန့်တော်မူပါဘုရား ’’

“အေးလေ . .ကွ’’
“အခုငါပြောတာလည်း မင်းတို့ လည်းသင်ထားပြီးသားပဲလေကွာ’’

“မှန်တော့မှန်ပါတယ်ဘုရား’’
လက်ဝှေ့သင်ပြီး ကြိုးဝိုင်းထဲမ၀င်ဘူးသေးတဲ့
တပည့်တော်တို့အ
တွက်တော့ ဆရာတော်မိန့်မှပဲ Shortcut Key လေးတွေမို့ အဖိုး
တန်ပါတယ်ဘုရား ’’

“ကိုယ်တော်တို့ ကြားဖူးပါတယ်လေ ’’
“ တတိယနံမော်ဆရာတော်ကြီး’’ ဆိုတာ။

“မှန်ပါ့ဘုရား’’
“ကြားတာဖူးတာဘုရား ထဲထဲဝင်ဝင်တော့မသိလို့ ဆရာတော်ဆက်
လက်မိန့်ကြားပါဦးဘုရား။’’

“အေး . .’’
“အဲဒီ နံမော်ဆတောဘုရကြီးက ’’
(သူတော်ကောင်းရဟန်းတို့မည်သ
ည် သီလစသော ရဟန်းတရား ချွတ်ယွင်းမည်ကိုသာစိုးသည် လောက၀တ်ချွတ်မည်ကို တစ်စိုး
တစီမျှမရှိ) လို့ကို “သီလ၀ိသောဓနီကျမ်း’’ မှာမိန့်ကြားခဲ့တယ်ကွ။
ဒါ့ကြောင့် တို့လယ်တီဆတော်ကြီးကလည်း သူ့လယ်တီတောရ
ကျောင်းထဲကိုလာတဲ့ ဒကာဒကာမတိုင်း ချဉ်းကပ်ခွင့်ရတာမဟုတ်
ဘူးကွ။ သာမှုနာမှုအကြောင်းရှိလို့ လျှောက်ထားရာမှာလည်း
တို့ခေတ်လို . လောကွတ်စကားပြောရဖို့နေနေသာ
သာ လိုရင်းကို
အမြန်လျှောက်ပြီး ပြန်ရတာ .. ကွ။
“ကျောင်းကန်ဒကာ’’ ရယ်လို့လည်း ငဲ့ကွက်ခြင်းမရှိဘူးနော် ..မျက်
နှာထားကတော့ ခပ်တင်းတင်းဗျ။ အေး .. သို့သော်လည်း သံဃာ
ငယ်များမနာမကျန်းဖြစ်ရင် သူကိုယ်တိုင်မရွံမရှာပြုစုတ
ာနော် . .။
“ အင်း ’’
ဒီအကြောင်းများပြောရတာ ဆတော်ပုံကိုမျက်စေ့ထဲမြင်ရသ
လိုပါ
ပဲ ..ကွာ။ “နို့’’ နံက်မိုးမလင်းခင် လယ်တီဆတော်ဟာ သံဃာတော်
များသောက်သုံးရေ၀တ်နဲ့ အခြားဝေယျာဝစ္စများကို ကိုယ်တိုင်လုပ်
တာ . ဗျ။

“ သြော် .. မှန်ပါ့ဘုရား’’
“ဆရာတော်ကတပည့်တော်တို့ကိုေ
နာက်ကြောင်းပြန်ပြေးနေသော်
လည်းပဲ တပည့်တော်ကတော့ ရုပ်ရှင်ပိတ်ကားထဲမှာ ကြည့်မြင်ရ
သလို ပူဇော်ကြည်ညိုမိပါတယ်ဘုရား။
’’

“အေး ’’ ဒါ့ကြောင့် “ ဟိုတလောဆီက’’
(ဒေါ်အောင်ဆန်းစုကြည် ရှေ့မှာ ကျုပ်ရှိတယ်)
“လို့ပြောတဲ့ဆရာတော်များ .. ’’
“ဘယ်လိုများ လောက၀တ်ကို ငဲ့ရပါသလဲလို့ ’’ တွေးမိရာက ဒီစ
ကားများပြောမိတာပါကွာ။
“ ကဲ . .ကဲ . . ဘုန်းပေးကြ . .ဘုန်းပေးကြ .. . ’’
အချိန်လင့်ကုန်ပြီ . . . .
✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂
ဤဓမ္မ၀တ္ထုဖြင့်မွေးသမိခင်ကျေ
းဇူးရှင်သို့ ဓမ္မကျေးဇူးဆပ်ပါသည်။
✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂

█ ░ အလင်းရှင် ░ █

ဟိုး .  တုန်း . .က . .ထေရ်သံဃာ
❝ ❞ ❝ ❞  ❝ ❞ ❝ ❞ ❝ ❞  ❝ ❞❝ ❞ ❝ ❞  
(၁) လောက၀တ်ကို ငဲ့ကွက်ခြင်းမရှိ
✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ 
ဆွမ်းစားဝိုင်းတွင် ဆွမ်းစားရင်း  . . .
“သြော်  . . ’’
“ဟိုးတုန်းကဆတော်ကြီးတွေများ တယ်လည်း 
ဝိနယဓမ္မကိုသာ ငဲ့ကွက်တော်မူကြတာကိုး . . ။’’ 
► မှတ်ချက် ◄
(ဆတော်ကြီး) လို့ခေါ်ခြင်းသည် ဘုန်းတော်ကြီးများမှ သက်တော်
ထေရ်ရဆရာတော်ဘုရားကြီးများအား ကြည်ညိုစံပြ ရိုသေသော
စကားကို သုံးတော်မူရာက(ဆရာတော်ကြီး)ဟုခေါ်ရမည်အစား
(ဆတော်ကြီး)ဟု လျှာဖြားလေးဖြင့် ရိုသေစွာခေါ်သောဓလေ့ဖြစ်၏။

ယခုလိုဆွမ်းဝိုင်းတွင် ဆွမ်းစားရင်း စကားချီးစလိုက်ပုံကိုထောက်]
ခြင်းအားဖြင့် ဆရာတော်သည် သံဃာများဝိနည်းဓမ္မနဲ့ပက်သက်ရာ
ကိုသာ မိန့်တော့မည်ဆိုတာကို ‘ချက်ဆို နားကွက်ကမီးတောက်’ 
သည့် အလင်းရှင်က သိလိုက်သည်။  ဒါ့ကြောင့် ဆရာတော်အား

“ မှန်ပါ့ . . အမိန့်ရှိပါဘုရား ’’
ဟု စကားထောက်ပြုလိုက်သည်နှင့် . .။

“ သြော်  ..  ’’  “အခြားဟုတ်ရိုးလားကိုယ်တော် ’’
“လယ်တီဆရာတော်ဘုရားကြီးတို့က ကျောင်းမှာဆိုရင် သပိတ်နဲ့
သာဘုဉ်းပေးသုံးဆောင်တာဘုရား ’’  “နောက် ’’ သာမှုနာမှုရှိလို့
ရပ်ထဲရွာထဲ ဆွမ်းစားကြွရပြန်တော့လည်း နီးစပ်ရာဆွမ်းဟင်းကို
သာ နှိုက်ယူဘုဉ်းပေးတာ ကိုယ်တော် . . ရဲ့။

“မှန်ပါ့ဘုရား’’
“တပည့်တော်များက ရဟန်းငယ်များဆိုလေတော့ အဲဒီခေတ်ကိုမမီ
တော့ မသိဘူးဘုရား။’’  
“ဆရာတော်အခုလိုမိန့်မှပဲ သိရာတာပါဘုရား။’’  “ဒ့ါကြောင့် ’’
“သက်ကြီးစကားသက်ငယ်ကြားဆိုတဲ့ အတိုင်းမိန့်ပါဦးဘုရား’’

“ အင်း’’  
လယ်တီဆတော်ကြီးက  ရပ်ထဲရွာထဲဆွမ်းစားကြွရလို့ ဆွမ်းစားနေ
ရင်း ဆွမ်းကပ်သူဒကာက
“ ဒီ . . ဟင်းလေးက ကောင်းပါ့ဘုရား’’
“ ဟို . . ဟင်းလေးက ကောင်းပါ့ဘုရား ’’ လို့သာပြောလိုက်ရင် အဲဒီ
ဟင်းခွက်တွေ ဆရာတော်မဘုဉ်းပေးတော့ဘူး  ..  ဗျ။ 
ဣဏပရိဘောဂကို လွတ်စေခြင်းငှာ အမြဲဆင်ခြင်သုံးသပ်ပြီး
မှ သုံးဆောင်တော်မူတာ . . ကွ။ 
“တို့ခေတ်ကတော့’’ “ပဋိကူလသညာအားဖြင့်’’ 
ဆိုင်ရာဝတ္ထုကိုစိမ့်စိမ့်ရှုဆင်ခြင်တော်မူသော်လည်းပဲ . .
“ဆွမ်းဒကာငဲ့ပြီး အားနာနာနဲ့ နှုက်ဘုဉ်းရတဲ့အပြင်. .’’
“ ဟ . . ဒကာပြောတာ ဟုတ်သား’’ 
“ဘယ်သူချက်တုန်းဗျ’’  “ကောင်းပါ့ဗျာ’’  လို့ဆိုကာ လောက၀တ်
ကိုငဲ့ရပြန်သကိုး . . ။ 
“အချို့ထင်ကြတယ် ’’ 
 ‘မိစ္ဆာဇီဝ’ ဆိုတာ စစ်ခွေးဆိုးတွေ လက်ပန်း တောင်းတောင်ကြီးကို
တရုတ်ရောင်းစားလိုက်တာ . . .ပြည်သူပိုင် ဂစ်တွေ ကိုရောင်းစား
ပြီး ရတဲ့ဒေါ်လာတွေ ကိုယ့်ဘဏ်ထဲထည့်လိုက်တာ . . နောက် 
စစ်ခွေးတွေနဲ့ပေါင်းပြီး စားနေတဲ့ ခရိုနီကောင်တွေ ပြည်သူပိုင်လယ်
ယာမြေတွေ သိမ်းဆည်းမတရားလုပ်တာကိုမှ  . ‘မိစ္ဆာဇီ’၀လိုထင်
တာကိုး  .. ။ စာအရပြောရင်  .. အခုလိုဒကာဒကာမတွေကိုငဲ့ကာ
အကြိုက်လိုက်ပြောရတာကလည်း  . . .
“ ကုဟန လပန  ကုလဒူသက အာပါထကဇ္ဈာယီ  မိစ္ဆာဇီဝ ’’ ပဲ
ဗျ။ ဒါ့ကြောင့် ရှေးဆတော်ဘုရားကြီးများ အင်မတန်  ကင်းအောင်
နေကြတာက အတော်ကိုပဲ ကြည်ညိုဖွယ်ရာပါ ကိုယ်တော်တို့ . . ’’

“ဆွမ်းဝိုင်းလေးမှာ ’’ 
“အခုလို ဆရာတော် မိန့်ကြားတော်မူတာက’’ 
တပည့်တော်တို့လို ရဟန်းငယ်များအတွက် သတိပြုဖွယ်ရာမို့ 
အပ္ပမာဒမို့ ဆက်လက်မိန့်တော်မူပါဘုရား ’’ 

“အေးလေ . .ကွ’’ 
“အခုငါပြောတာလည်း မင်းတို့ လည်းသင်ထားပြီးသားပဲလေကွာ’’

“မှန်တော့မှန်ပါတယ်ဘုရား’’
လက်ဝှေ့သင်ပြီး ကြိုးဝိုင်းထဲမ၀င်ဘူးသေးတဲ့ တပည့်တော်တို့အ
တွက်တော့ ဆရာတော်မိန့်မှပဲ Shortcut Key လေးတွေမို့ အဖိုး
တန်ပါတယ်ဘုရား ’’

“ကိုယ်တော်တို့ ကြားဖူးပါတယ်လေ ’’
 “ တတိယနံမော်ဆရာတော်ကြီး’’ ဆိုတာ။ 

“မှန်ပါ့ဘုရား’’ 
“ကြားတာဖူးတာဘုရား ထဲထဲဝင်ဝင်တော့မသိလို့ ဆရာတော်ဆက်
လက်မိန့်ကြားပါဦးဘုရား။’’

“အေး . .’’ 
“အဲဒီ နံမော်ဆတောဘုရကြီးက ’’
(သူတော်ကောင်းရဟန်းတို့မည်သည် သီလစသော ရဟန်းတရား ချွတ်ယွင်းမည်ကိုသာစိုးသည် လောက၀တ်ချွတ်မည်ကို တစ်စိုး
တစီမျှမရှိ) လို့ကို “သီလ၀ိသောဓနီကျမ်း’’ မှာမိန့်ကြားခဲ့တယ်ကွ။
ဒါ့ကြောင့် တို့လယ်တီဆတော်ကြီးကလည်း သူ့လယ်တီတောရ
ကျောင်းထဲကိုလာတဲ့ ဒကာဒကာမတိုင်း ချဉ်းကပ်ခွင့်ရတာမဟုတ်
ဘူးကွ။ သာမှုနာမှုအကြောင်းရှိလို့ လျှောက်ထားရာမှာလည်း 
တို့ခေတ်လို  . လောကွတ်စကားပြောရဖို့နေနေသာသာ လိုရင်းကို
အမြန်လျှောက်ပြီး ပြန်ရတာ  .. ကွ။
“ကျောင်းကန်ဒကာ’’ ရယ်လို့လည်း ငဲ့ကွက်ခြင်းမရှိဘူးနော်  ..မျက်
နှာထားကတော့ ခပ်တင်းတင်းဗျ။ အေး  .. သို့သော်လည်း သံဃာ
ငယ်များမနာမကျန်းဖြစ်ရင် သူကိုယ်တိုင်မရွံမရှာပြုစုတာနော် . .။
“ အင်း ’’ 
ဒီအကြောင်းများပြောရတာ ဆတော်ပုံကိုမျက်စေ့ထဲမြင်ရသလိုပါ
ပဲ  ..ကွာ။ “နို့’’ နံက်မိုးမလင်းခင် လယ်တီဆတော်ဟာ သံဃာတော်
များသောက်သုံးရေ၀တ်နဲ့ အခြားဝေယျာဝစ္စများကို ကိုယ်တိုင်လုပ်
တာ  . ဗျ။ 

“ သြော်  ..  မှန်ပါ့ဘုရား’’
“ဆရာတော်ကတပည့်တော်တို့ကိုနောက်ကြောင်းပြန်ပြေးနေသော်
လည်းပဲ တပည့်တော်ကတော့ ရုပ်ရှင်ပိတ်ကားထဲမှာ ကြည့်မြင်ရ
သလို ပူဇော်ကြည်ညိုမိပါတယ်ဘုရား။’’

“အေး ’’ ဒါ့ကြောင့် “ ဟိုတလောဆီက’’
(ဒေါ်အောင်ဆန်းစုကြည် ရှေ့မှာ ကျုပ်ရှိတယ်) 
“လို့ပြောတဲ့ဆရာတော်များ  .. ’’
“ဘယ်လိုများ လောက၀တ်ကို ငဲ့ရပါသလဲလို့ ’’ တွေးမိရာက ဒီစ
ကားများပြောမိတာပါကွာ။ 
“ ကဲ . .ကဲ . . ဘုန်းပေးကြ . .ဘုန်းပေးကြ .. . ’’
အချိန်လင့်ကုန်ပြီ . . . .
✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ 
ဤဓမ္မ၀တ္ထုဖြင့်မွေးသမိခင်ကျေးဇူးရှင်သို့ ဓမ္မကျေးဇူးဆပ်ပါသည်။
✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ ✂ 
█ ░ အလင်းရှင် ░ █


No comments :

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget