❝ ❞ ❝ ❞ ❝ ❞ ❝ ❞ ❝ ❞ ❝ ❞ ❝ ❞ ❝ ❞
ကဲလကွယ် . . ဖြဲလပျယ် . .
ပြဲ လပျယ် . . မည်းလကွယ် . .
အေးလကွယ် . .
မင်းတို့ပြည်သူတွေကလည်း ဆန္ဒပဲပြနိုင်ကြသလို . .
ဆိုးလကွယ် . .
တို့ စစ်တပ်+ခရိုနီတွေကလည်း လယ်မြေပဲသိမ်းနိုင်ကြတာပဲ . .။
သိမ်းလကွယ် . . ကျိန်းလကွယ် . .
သိမ်းသူကအပိုင်သိမ်းလို့ ..
ပြန်တောင်းသူကလည်း အပိုင်ပြန်တောင်း . .။
ကောင်းလည်းကောင်း မကောင်းလည်းမကောင်း
2014 ဆိုတာ တစ်နိုင်ငံလုံးအတွက်
စစ်တပ်ပိုင်မြေဖြစ်ရေး . .
ခရိုနီခင်ရွှေ . . တေဇ ..ဌေးမြင့် . ၀ါဝါ၀င်း . ဇော်ဇော်တို့ရဲ့
မြေသိမ်းတိုက်ပွဲ အ်ေသံလား ?
မှတ်ချက် ။ ။
စစ်ကိုင်းတိုင်း မုံရွာခရိုင် အရာတော်မြို့တွင် စစ်တပ်မှ ၁၉၉၀ ခုနှစ်က
သိမ်းယူထားသော လယ်ယာမြေ ၁၉၂၈ဧကကို ပြန်လည်ပေးအပ်ရန်
တောင်သူ ၁၅၀ခန့်က ဇန်န၀ါရီလ ၁ ရက်နံနက် ၁၀နာရီက တရားဝင်
စာတင်ကာ နှစ်နာရီခွဲမျှ ဆန္ဒထုတ်ဖော်ခဲ့သည့် အမှတ်တရကဗျာ။
အလင်းရှင်
No comments :
Post a Comment