.

AlinShin

Tuesday, December 17, 2013

No Brain

လက်ပံတောင်းတောင်ကို အသာထားဦး . ..
တောင်ကြီးပြိုသွားတာကအရေးမကြီးဘူး။
ကျွန်းသစ်တွေ ပြောင်သွားတာအရေးမကြီးဘူး။

ဧရာဝတီနဂါးကြီးကို တရုတ်သတ်ပစ်တာကအရေးအကြီးဘူး။
Sea Game ကို
အားသွန်ခွန်စိုက် ကျိုးစားကြပါ။
လက်ပံတောင်းတောင်ပြိုသွားလည်း . .
ပြိုတာပေါ့
ကျွန်းသစ်တွေ ဓာတ်ငွေတွေ ပြောင်သွားလည်း . .
ပြောင်တာပေါ့
ဧရာဝတီနဂါးကြီးသေတော့လည်း . . .
သေတာပေါ့။
ဒီမှာ . . ဒီမှာ .. အရေးကြီးနေတာက Sea Game ဗျ။
တောင်ကြီးကို . . . ကျုပ်တို့ မြေပြန်ဖို့မယ်။
ကျွန်းသစ်ကို . . . ကျုပ်တို့ ပြန်စိုက်မယ်။
သဘာဝဓာတ်ငွေ့တွေကို . . . ကျုပ်တို့ ပြန်ထည့်ပေးမယ်။
ဧရာဝတီနဂါးကြီးကို. . . နောက်ထက်တစ်ကောင်ပြန်မွေးပေးမယ်။
ဟင် . . အင် .. မှားလို့ . . မှားလို့ ..
resource ဆိုတဲ့သယံဇာတက လူဖန်တီးလို့မရဘူး
Sea Game ဆိုတာလူဖန်တီးလို့ရတဲ့အရာ။
တောက် . .
ငါ့ကိုယ်ငါ အလင်းရှင်ဆိုပြီး ကလောင်နာမည်ပေးတာ မှားပါရဲ့
ဟား . . ဟား . . ဟား . .
လူကြီးရှက်တော့ ရယ်တယ် . .
ဘုန်းကြီးရှက်တော့ ရပ်တောင်လေးနဲ့ကာတယ် . . တဲ့။
ကောင်မလေးတွေ ရှက်တော့ မျက်နှာလေးအောက်ချတယ်။
အလင်းရှင်ရှက်တော့ အခုလိုလေးတောင်းပန်မိတယ်။
resource ရဲ့တန်ဘိုးကိုနားမလည်ဘဲ . .
အမျိုးသားရေးလို့ကျွေးကြော်နေမိတဲ့အလင်းရှင်ကိုခွင့်လွှတ်ကြပါ။

အလင်းရှင်
No Brain  
❝ ❞ ❝ ❞  ❝ ❞  ❝ ❞  

☀ အလင်းရှင် ☀

No comments :

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget