တကယ်တော့ မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ ပြည်သူ့တွေရဲ့ ဒုက္ခတွေဟာ
ဗုဒ္ဓ၀ါဒကို မလိုက်နာတဲ့ လူတစ်စုကြောင့်ဖြစ်နေရတာလို့သုံးသပ်မိတယ်။
အာဏာရှင်ဦးနေ၀င်းကအစထားပြီး စစ်ခွေးဆိုးကြီးဗိုလ်သန်းရွှေအထိကို
ဒီနှစ်ယောက်ပေါ့လေ . ။ သူတို့သာ ဗုဒ္ဓ၀ါဒသမားများဖြစ်ကြရင် မြန်မာပြည်
ဟာ ကမ္ဘာမှာ သယံဇာတများနဲ့ပြည့်ဝရာသီဥတုမျှတစွာနဲ့ပြည်သူတွေမှာ
ဒုက္ခဆိုတာ ဂျိုနဲ့လားလို့တောင် မေးရမလို။ သို့သော်လည်း ထို စစ်ခွေးဆိုး
ကြီးက ဗုဒ္ဓ၀ါဒကို လားလားမှမကျင့်သုံးမလိုက်နာတော့ . . သန်းခြောက်
ဆယ်မှာ အတိဒုက္ခမျိုးစုံရောက်ခဲ့ရပါတယ်။
အကယ်၍ စစ်ခွေးဆိုးကြီးသာ . . ယံ ရူပံ အနိစ္စံ ၀ါ အနိစ္စံ ၀ါတိ။ လို့ မြတ်
စွာဘုရားရှင်က ပဉ္စ၀ဂ္ဂီငါးပါးကိုမေးခဲ့တယ်။ မြန်မာလိုလေးက ။ မင်းတို့
ရဲ့ရုပ်ခန္ဓာသည် အမြဲသဘောကိုဆောင်သလား မမြဲသဘောကိုဆောင်
သလား? လို့မေးတာ ။ အဲဒီအခါ ငါးဦးသောအရှင်မြတ်တို့က . .
အနိစံ္စ ဘန္တေ။ လို့ဖြေတယ်တယ်။ မြဲသောသဘောမရှိပါဘူး စက္ကန့်တိုင်း
ကို နာကျင်ခံခက်ကိုက်ခဲပူနာ ဝေဒနာများနဲ့ နှိပ်စက်နေခြင်းသာဖြစ်ပါ
တယ်မြတ်စွာဘုရား။ လို့ ဖြေခဲ့တာ။
ဒီတော့က တို့တွေရထားတဲ့ ရုပ်ကြီးက ဘယ်လိုပဲပြုပြင်နေစေကာမူ ပြု
ပြင်လို့မရဘူးဆိုတာကို သိထားကျင့်ထား ပွားများထားတဲ့လူတစ်ယောက်
ရဲ့သဏ္ဍာန်မှာ လောဘအလိုဆိုးများ မကပ်ငြိတက်ဘူးကွဲ့ ။ အကြောင်းစုံ
လို့ ကပ်ငြိလာပြီဆိုရင်လည်း ထိုလူဟာ ခဏအတွင်းမှာပဲ အဲဒီလောဘ
အပူစလေးကို ငြိမ်းသတ်နိုင်တယ်။
ဒါ့ကြောင့် မြန်မာပြည်က စစ်ခွေးဆိုးကြီးမျာဟာ ဗုဒ္ဓ၀ါဒများကို ထဲထဲဝင်
ဝင်မသိ . . မကျင့် . . မခံစားနိုင်ရင်တောင် အနိစ္စံ ဘန္တေလေလာက်သိရင်
တော်တော် အကျိုးများမှာ။ သူတို့ဘ၀တွင်မကဘူး သန်းခြောက်ဆယ်ရဲ့
နံနက်ခင်းတွေမှာလည်း လှပသာယာသွားမှာ။ မြန်မာပြည်ကြီးမှာလည်းပဲ
ကျွန်းသစ်တောများ ဒီရေတောများ အဆုံးရှုံးတဲ့အတွက် ရာသီဥတုများက
လည်း နာဂစ်လို ကြမ်းကြမ်တမ်းတမ်းကြီးမဖြစ်နိုင်။ အခုတော့ မြေပေါ်ရှိ
ကျွန်းသစ်အပါအ၀င် လက်ပံတောင်းတောင် စံပါယ်တောင်အစရှိတဲ့တောင်
ကြီးတွေကဲ့သို့သော တောကြီးများ ပျက်ဆီးပြုန်းတီးခြင်းရဲ့အကျိုးဆက်က
ဖေါက်ပြန်တဲ့ ရာသီဥတုများကို လှမ်းခေါ်သလို။ ကမ္ဘာ့သဘ၀တရားကြီးကို
ကဖေါက်ပြန်နေချိန်မှာ မြန်မာပြည်က တောတောင်တွေပြုန်းတီးနေတော့
ဆိုးသထက်ဆိုးတာပေါ့။
ဒါ့ကြောင့် ဗုဒ္ဓ၀ါဒဆိုတာ အနိစ္စကိုဘာသာပြန်ပြတဲ့ဝါဒပါ။ အဲဒါလေးကိုပဲ
သိလိုက်ရင် ဘ၀ဟာပြီးပြည့်စုံသွားပါတယ်။ မသိလိုက်ရင်တော့ ပြည်သူ
ပိုင်တွေကို ငါပိုင်ထင် . .
ပြည်သူပိုင်တွေကို ငါပိုင်စီး . .
ပြည်သူပိုင်တွေ ကို ငါပိုင်သုံး . ..
အနိစ္စကို . . .နိစ္စထင် . .
အမောင်မှားနေပြီ ။
ပြည်သူပိုင်ကို . . ငါပိုင်ထင် . .
အမောင်မှားနေပြီ .။
နိုင်ငံပိုင်ကို . . ငါပိုင်သုံး . .
ပြည်သူ့ဘဏ္ဍာသူခိုးပင် ။ အို . . ဘ၀သံသရာမှာ ပေးဆပ်လိုက်ရဦးမယ့်
သန်းခြောက်ဆယ်ရဲ့အ
ကြွေးတွေကို အဟာအ၀ီဝီငရဲ့မှာ ပေးဆပ်ရမှာ။
ဒါ့ကြောင့် . . ဗုဒ္ဓက ရုပ်လောက နာမ်လောက ကမ္ဘာလောကကြီးသည်
ဒီနေ့ခေတ် သက်တမ်းအားဖြင့် (၇၅)နှစ်သက်တမ်းအတွင်းသာ။ ဒါကို
မသိလို့ . . အနိစ္စံ ဘန္တေကို နားမလည်လို့ စစ်ခွေးဆိုးကြီးဗိုလ်သန်းရွှေ
မိုက်ချင်တိုင်းမိုက် ရိုင်းချင်တိုင်းရိုင်း ကန်းချင်တိုင်ကန်းနေလိုက်တာ .
ဒီနေ့ နံက်ခင်းအထိပါပဲ . .. ။ အကယ်၍သာ စစ်ခွေးဆိုးကြီးဗိုလ်သန်း
ရွှေဟာ ငါးဦးသောရဟန်းများက ဗုဒ္ဓဘဂ၀ါဘုရားကို လျှောက်ထားခဲ
တဲ့ " အနိစ္စံ ဘန္တေ " ဆိုတဲ့ ပါဠိစကားလုံးလေးကိုသာ တွေးနိုင်ခြင်း
ဘာသာပြန်နိုင်ခြင်း ကျင့်သုံးနိုင်ခြင်းရှိခဲ့မယ်ဆိုရင် တို့သူငှာသန်းခြောက်
ဆယ်မှာ အခုကဲ့သို့ ဒုက္ခမျိုးစုံမှာမကျင်လည်မခံစားရ။ မိမိရဲ့ရုပ်ကိုတောင်
မိမိမပိုင်ခဲ့ရင် ပြည်သူတွေပိုင်တဲ့ သယံဇာတတွေကိုရောင်းချထားလို့
၇တဲ့ဒေါ်လာသန်းပေါင်းများစွာကရော . . မိမိပိုင်ဆိုင်ခွင့်ရဦးမှာတဲ့လား။
ဒီလို အနိစ္စံ ဘန္တေကို နံက်ခင်းတိုင်းသာ ထိုစစ်ခွေးဆိုးကြီးတွေးမိပါက
မှားလေစွဟူနောင်တရကာ ခရဲခန်းဇာတ်သိမ်းအတွက် သူပြင်ဆင်ခွင့်
ရနိုင်ကောင်းပါရဲ့ . . . .။
█ ░ အလင်းရှင် ░ █

No comments :
Post a Comment