(၁) တဏှာသုံးတန်
✈ ✈ ✈ ✈ ✈ ✈ ✈ ✈✈
တို့လည်း နေ့စဉ်ဆိုသလို ကိုယ့်ဆွမ်းကိုယ်ရှာစားပြီး ဖေ့ဘွတ်ပေါ်မှာပဲ ဆောင်းပါး
တွေ ကဗျာတွေရေးနေဖြစ်ပါတယ်။ တို့ထောင်မကျခင်တုန်းကတော့ ဂျာနယ်တွေ
မှာရေးနေကြပါ။ ထောင်ကထွက်ကတည်းက အရင်ဒကာဒကာမတွေနဲ့အဆက်
အသွယ်ဖြတ်ခဲ့သလို ဂျာနယ်တိုက်တွေကိုလည်း စာမူမပို့တော့ပါဘူး။ ဒါနဲ့ အခုလို
ဖေ့ဘွတ်မှာပဲ ရေးနေဖြစ်ပါတယ်။ ဖေ့ဘွတ်ကိုပိုသေဘာကျတယ်။ ကိုယ်ကြိုက်
တာရေးတင်လို့ရတယ်။ ဂျာနယ်ဆိုတာကတော့ အဲဒီတာအာရုံနဲ့ သင့်လျှော်
လျှောက်ပတ်တဲ့ စာမျိုးကဗျာမျိုးပဲ ရေးလို့ရတာလေ။ ကဲအခုလည်း တို့တွေနေ့စဉ်
စစ်ခွေးဆိုးကြီးဗိုလ်သန်းရွှေရဲ့တရုတ်နဲ့ပူးပေါင်းကာ ပြည်သူနဲ့နိုင်ငံနောက် ဗုဒ္ဓဘာ
သာအပေါ်မှာ ယုတ်မာရက်စက်ပုံ။ ဂျီစုရဲ့ မွတ်ဆလင်အသားပေးဝါဒအကြောင်း။
စသည်ဖြင့်စသည်ဖြင့် ရေးနေပြောနေ၇တာ မောလှပြီ။ နိဗ္ဗာန်အကြောင်းလေးကို
လည်း ပြောကြရေးကြဦးမှ။ ဒါက ဘ၀ရဲ့ ပန်းတိုင်ပဲလေ ။ ဒီတော့ နိဗ္ဗာန်နဲ့တွဲပြော
နေရတဲ့ တဏှာအကြောင်းကို တို့ဝေဖန်ကြရမယ်။ တဏှာကို research လုပ်ကြ
ရမယ်။ တဏှာကို translate လုပ်ကြရမယ်။ တဏှာရဲ့ meaning တွေကို တို့သိ
အောင်လုပ်ကြရမယ် ။ အဲလို များများနားလည်ထားပါမှ တို့တွေလိုချင်တဲ့ နိဗ္ဗာန်
ဆိုတာကို ထင်လွယ်မြင်လွယ်ဖြစ်လာမှာပါ။ တဏှာရဲ့ illustration သရုပ်ဖေါ်ပုံ
က နိဗ္ဗာန်နဲ့ 0ppsite ပါပဲ။ ဒါ့ကြောင့် တဏှာကိုသိရင် နိဗ္ဗာန်ကို Auto သိပြီးသား
ဖြစ်သွားတယ်။ ဒီလို နားမလည်ခဲ့ကြလို့ နိဗ္ဗာန်ကို ဗုဒ္ဓဘာသာဝင်အချို့လိုက်ရှာ
နေကြတာ မိုးကုတ်မှာလည်းရှာရတယ်။မဟာစည်မှာလည်းရှာရတယ်။စွန်းလွန်းမှာ
လည်းရှာရတယ်။ တကယ်တော့ တဏှာရဲ့ illustration သရုပ်ဖေါ်ပုံကိုသိဖို့လို
တာ။ အခုစာရေးသူကိုယ်တိုင်လည်း နိဗ္ဗာန်ကို ရိပ်သာတွေမှာရှာခဲ့ဖူးပါတယ်။ အဲ
လိုရှာခြင်းရဲ့အထောက်အပံ့ကတော့ အခုရေးနေတဲ့ စကားလုံးတွေပါပဲ။ တဏှာရဲ့ meaning လေးကို မှတ်ထားကြပါဦး လိုချင်တာတဲ့။ ဒါ့ကြောင့်
ဗုဒ္ဓမြတ်စွာက တဏှာဆိုတဲ့ လိုချင်မှုသဘောကို (၁) ကာမတဏှာ (၂)ဘ၀တဏှာ
(၃) ၀ိဘ၀တဏှာ ဆိုပြီး သုံးမျိုးပြောခဲ့တယ်။ ဒါကိုပဲ တဏှာသုံးတန်ခရီးကို တို့
တွေ ဖြတ်သန်းလာခဲ့ရတဲ့ ဘ၀ပေါင်းက အသင်္ချေရှိပြီလို့ ရှေးကဆရာတော်ဘုရား
ကြီးများတရားတွေထဲထည့်ဟောခဲ့ကြတယ်။
(၁) ကာမတဏှာ ဆိုတာ ကာမဂုဏ်တွေကိုတက်မက်မှု လိုချင်တပ်မက်မှုကိုခေါ်တာ။
thirst after sensual pleasure လို့ ဦးဟုတ်စိန်အဘိဓာန်ကဖွင့်ပြတယ်။
ကာမဆိုတဲ့ ပါဠိလေးကို တိပိဋကအဘိဓာန်က ကာမေတီတိ ကာမော ။ ကာမိယတီတိ
ကာမော ဆိုပြီး ဖွင့်ဆိုထားတယ် ဒါလေးကို ခြုံမိငုံမိအောင် အလင်းရှင်ရဲ့အာဘော်
အရပြောရရင် မြင်မြင်သမျှ ကြားကြားသမျှ နံနံသမျှ တွေ့ထိသမျှတွေကိုခေါ်တာပါ။
ဒီတော့ ပတ်ဝန်းကျင်မှာရော ကိုယ့်စိတ်တွင်းမှာရောလိုချင်နေတာ တပ်မက်နေတာ
တောင့်တနေတာ နောက်ဆုံးရေဆာတာလေး
ကိုယ်က ကာမတဏှာလို့ခေါ်တယ်။ ဟို sexual အဲလိုဖြစ်မှ ကာမတဏှာဖြစ်တာမ
ဟုတ်ဘူးနော် ။ အဲလိုသိမှ ကမတဏှာကို ကိုယ်ကလိမ္မာပါးနပ်စွာရှောင်ကျဉ်တက်
မှာ။ ကဲ နောက်မှပြန်ဆက်ပြောမယ်နော် လက်ထိပ်လေးတွေက ကီဘုတ်ပေါ်
တင်နေတာကြာတော့ နာလာတယ် နောက်ဆက်ပြောမယ်နော် . .
►► ဆက်ရန် . .► ►►
█ ░ အလင်းရှင် ░ █
—
— with Kula Rakkhita and 16 others. ✈ ✈ ✈ ✈ ✈ ✈ ✈ ✈✈

No comments :
Post a Comment