အေး . . ကွာ။
မင်းတို့ကလည်း မင်းတို့သောက ။
ငါ့မှာလည်း ငါ့သောက . .
မင်းတို့ကဘောလုံးရှုံးလို့၊
ငါ့မှာက သယံဇာတတွေရှုံးလို့ ။
ဘယ်သူဘက်က ပိုနစ်နာသလည်း။
တိုင်းတဲ့သုတပေတံ၊သယံဇာတဆိုတာ၊
နှစ်ကုဋေကုဋာနဲ့မှဖြစ်တာမျိုး၊ရတာမျိုးမို့။
ငါ့အပူက မင်းတို့ထက်သာပါတယ်ကွာ။
တောင်းပန်ပါတယ် .. ဧရာဝတီရယ် . .
မင်းကိုငါ တရုတ်လက်ထဲက မကယ်တင်နိုင်သေးတာ။
တောင်းပန်ပါတယ် . . . လက်ပံတောင်းတောင်ရယ် . .

တောင်းပန်ပါတယ် . . ရက္ခပူရရယ် . .

တောင်းပန်ပါတယ် ဦးလေရယ် . . သမီးတို့ရှုံးခဲ့ရတာ။
တောင်းပန်ပါတယ် ဦးလေရယ် . . ဘောလုံးကွင်းတွေကိုကစားခွင့်ပြန်ပေးပါ။
တောင်းပန်ပါတယ် ဦးလေးရယ် . . လယ်ယာမြေတွေ ပြန်ပေးခဲ့ပါတယ်။
တောက် . . .
ဒီလောက်မှတောင်းပန်လို့မရတဲ့ ခရိုနီနဲ့ အာဏာရှင်
သောက်ခွက်တာဖြတ်ရိုက်လိုက်တော့ ကွာ။
အလင်းရှင်

No comments :
Post a Comment