မင်းဟာ ..
Sea Games ကို ကမ္ဘာနဲ့ချီပြီးဂုဏ်ယူနိုင်သေးရင် . .
လက်ပံတောင်းမြေက လူသတ်ပွဲ သံဃာသတ်ပွဲကိုရော . .
ကမ္ဘာနဲ့ချီပြီးဂုဏ်ယူနိုင်ရဲတဲ့သတ္တိ မင်းမှာရှိလား . . .။
မင်းဟာ . .
Sea Games ကို အားရပါးရသဘောကျနေတယ်ဆိုရင် . .
ရခိုင်မြေက
ရွှေသဘာဝဓာတ်ငွေတွေကို တရုတ်လက်ထဲပေးလိုက်ရတာကိုရော .
ဖေ့ဘွံတ်ပေါ် အားရပါးရ ပြောပြပါဦးလား။
ဒါ့ကြောင့် ကွာ။
ပြည်သူတွေ . ..
ထမင်းငတ်နေချိန်မှာ . . .
ပြည်သူတွေ . .
လယ်ယာမြေတွေ အသိမ်းခံနေရချိန်မှာ . .
ပြည်သူတွေ . .
နေစရာအိုးမဲ့အိမ်မဲ့ဖြစ်နေချိန်မှာ . .
ငါဘယ်တော့မှ ပျှော်ရွင်နိုငမှာမဟုတ်ဘူး။
ငါ့ရင်ဘတ်မှာ . .
ဝမ်းဝမှခါးလှနိုင်မယ့် ပြည်သူတွေကို . .
အူမတောင့်မှ သီလစောင့်နိုင်မယ့်ပြည်သူတွေကို . .
ဝမ်းမ၀သေရွှေ့ . . . .
ခါးမလှသရွှေ . .
ဒီလိုကဗျာတွေ ရေးနေဦးမှာပဲ။
█ ░ အလင်းရှင် ░ █

No comments :
Post a Comment