.

AlinShin

Friday, November 1, 2013

ငါးစကားနွားရဆိုတာ နွားကျောင်းသားပြောတာ ပညာရှိတွေပြောတာမဟုတ်ဘူး။

☛☚✂✎✁ ✃✡☢❥❂☛ ☚✂✎✁✃ ✡☢❥❂☛☚✂✎✁✃✡☢❥❂☛☚✂✎✁✃
စကားဆိုတာ အတ္တနောမတိပြောချင်တိုင်းပြောလို့မရဘူးကွ၊ သုတ္တန္တပိဋကတ်ခေါ် သုတ္တန်ပါဠိတော်ကိုတော့ဖြင့် ကိုးကားရွက်ဆောင်သင့်ပါတယ်။ သုတ္တန္တဆိုသည်မှာ
မြန်မာမှုပြုရင် "ဘ၀နည်းလမ်း" ပါပဲ။ မြတ်စွာဘုရားရှင်ဟာ ပုဂ္ဂိုလ်အမျိုးအစားအား
လျော်စွာ ဟောကြားထားတာမို့ ထိုဒေသနာအစုဟာဖြင့် မျက်မှောက်ခေတ်လူသား
အသီးအသီးအတွက် စံနမူနာကောင်းတခုပါ။ ဗုဒ္ဓ၀ါဒီမှန်ရန် ကိုယ်ပြောချင်တဲ့စကားကို
ပါဠိတော်ကျမ်းရင်းကိုတော့ဖြင့် references လုပ်သင့်တယ်။ သို့တည်းမဟုတ် ဒုတိယအ
နေနဲ့ အဋ္ဌကထာများကိုသော်လည်းကောင်း နောက်ဆုံး ဋီကာအထိတော့ အကိုးအကား
လုပ်ပြီးမှပြောသင့်ရေးသင့်ပါတယ်။ ခရစ်ယာန်ဘာပဲဖြစ်ဖြစ် အခြားဘာသာတွေမှာလည်း
သူတို့ဆိုင်ရာ ကျမ်းစာအုပ်များနဲ့ ကိုးကားပြီးပြောကြရေးကြတာ။ ကဲ စကားပလ္လင်သိမ့်
ချဲ့ပြလိုမရဘူး လိုရင်းပြောပါ့မယ်။ ဒီတော့ပြောချင်တာက နိုင်ငံတစ်နိုင်ငံ၊မြို့ရွာတစ်
ရွာစတာတွေမှာ အရေးအကြီးဆုံးက ခေါင်းဆောင်ပဲ ခေါင်းဆောင်ကကောင်းနေပြီဆိုရင်
ဘယ်လိုအဖွဲ့အစည်းပဲဖြစ်ဖြစ် ထိမ်းနိုင်သိမ်းနိုင်တယ်။ မင်းတို့ကိုဒီလိုပြောတော့ မင်းတို့
ဘက်က ငြင်းလိုတယ်ဆိုရင် ငါဘက်က အများသိတဲ့ လှည်းသားငါးရာဇာတကကိုထုတ်ပြ
မယ်။ ကဲ . . ငြင်းလို့ရသေးလား။ ဒါ့ကြောင့်အေ၇းကြီးတာက ခေါင်းဆောင်ပဲကွ။ ခေါင်း
ဆောင်ကောင်းနေ နောက်လိုက်တော်တော်များများရဲ့ အားနည်းချက်တွေကိုထိမ်းလို့ရ
တယ်။ ဒါ့ကြောင့် တို့ရဲ့ထေရ်မဟာ မာန်လည်က ☛ ရှေ့ကနွားလား ၊ ဖြောင့်ဖြောင့်သွား
သော်၊ နောက်နွားတစ်သိုက်၊ ဖြောင့်ဖြောင့်လိုက်၏ ☚ လို့ မဃဒေ၀မှာဆိုထားတယ်လေ
ဒါ့ကြောင့် တို့မြန်မာနိုင်ငံမှာ (၂၀၁၅)အတွက် ခေါင်းဆောင်ကောင်းသမ္မတရပါမှ ပြည်သူ
တွေချောင်လည်နိုင်မှာဖြစ်တယ်။ ပြည်သူဆိုတာခေါင်းဆောင်ကောင်းရဲ့ ဆုံးမသွင်သင်မှုကို လိုက်နာဖို့ပဲလိုပါတယ်။ ပြည်သူကောင်းဖို့ထက် ခေါင်းဆောင်ကောင်းဖို့ကပိုအရေးကြီးတယ်
ဆိုတာအလင်းရှင်ရဲ့အတ္တနောမတိစကားမဟုတ်ပါ။ဒါ့ကြောင့် ပြည်သူတွေမည်၍မည်မျှ
ပင်အသုံးမကျစေကာမူ ခေါင်းဆောင်ကောင်းရှိနေသေ၇ွ ပြည်သူဟာ ဘ၀အတိဒုက္ခကနေ လွတ်မြောက်နိုင်တယ်ဆိုတာ ဇာတကတွေကိုသင်ကြားဖတ်ဖူးထားရင်ဖြင့် သိနိုင်ပါတယ်။

အလင်းရှင်
Photo: ငါးစကားနွားရဆိုတာ နွားကျောင်းသားပြောတာ ပညာရှိတွေပြောတာမဟုတ်ဘူး။

☀ အလင်းရှင် ☀

No comments :

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget