►◄‼▬▲▼►◄‼▬▲▼►◄‼▬▲▼
ညီတို့ရေ . .
အခုလိုရေးကြပြောကြတာတွေဟာ သူထက်ငါဆရာကဲချင်လို့မဟုတ်
ဘူးနော်တို့တွေ ဝေငှကြတာပါကွာ။ အားလုံးဟာ သူမသာကိုယ်အသု
ဘတွေချည်းသာဆိုတာ ၀ိပဿနာဉာဏ်ဆိုက်လေ သိလေပဲကွ။ တို့များရဲ့
ဘုရားရှင်ဟာ ကိုယ်တစ်ယောက်ထဲ နိဗ္ဗာန်ကိုသွားဖို့ရည်ရွယ်တဲ့အလုပ်ကို
အားမပေးခဲ့ဘူးကွ။ဒါ့ကြောင့်သူကိုယ်တိုင် စံနမူနာအဖြစ် သုမေဓာ ရှင်ရသေ့
ဘ၀ကို သာဓကပြပြီးမင်းတို့ငါတို့ကို တရားချခဲ့တယ်။ ဒါ့ကြောင့် တို့များလည်း
တို့သိတာလေးဝေငှတာပါကွာ။ ပိဋတကတ်သုံးပုံဆိုတာ အာဂုံဆောင်နိုင်ရုံနဲ့
လူတက်ကြီးလို့မထင်နဲ့ ..
(၁)ကျမ်းဂန်လာကို ၊ နှုတ်မှာအမြဲဆောင်နိုင်ခဲ့၏။
(၂)နှုတ်ထဲလေ့လေ့၊ရွတ်ဆောင်ရွေ့လဲ၊ မမေ့မှတ်စွဲ၊ဆောင်နိုင်ခဲ၏။
(၃)၀မ်းထဲအကယ်၊ဆောင်မှတ်လွယ်လဲ၊အဓိပ္ပါယ်အနက်၊၀က်ဝက်ဝေခွဲ၊သိနိုင်ခဲ့၏။
ထို ☛ ခဲ ☚ သုံးဖြာလွန်မြောက်ပါမှ၊ ပညာရှိမြတ် ၊က၀ိမှတ်လော့။
လို့မာန်လည်ဆရာတော်ကမိန့်ဆိုခဲ့တယ်ကွ။ ဒါ့ကြောင့် ပိဋတကတ်ဘုရင်လို့
တင်စားခေါ်ဝေါ်ထိုက်တဲ့ မင်းကွန်းဆရာတော်ဘုရားကြီးဟာ မိုးကုတ်ဆရာ
တော်ဘုရားကြီးကို (မြန်မာပြန်အဋ္ဌကထာဆရာကြီး)လို့ တင်စားပူဇော်ဂုဏ်
ပြုခဲ့တာပေါ့ကွာ။
အေး . . ဒါ့ကြောင့် ငါလည်း . . စာလေးပေလေးတီမိခေါက်မီရှိတော့ အခုလို
ရဟန်းဘ၀လေးကို ဘာနဲ့မှမလဲနိုင်ပါဘူးကွာ။ ဒါလေးတော့ ပြောပါရစေ . .
အလင်းရှင်

No comments :
Post a Comment