☭ ✖ ✿ ☭ ✖ ✿ ☭ ✖ ✿ ☭ ✖ ✿☭ ✖ ☭ ✖ ✿ ☭ ✖ ✿ ☭ ✖ ✿ ☭ ✖ ✿☭ ✖
News Feed ပေါ်မှာ မျိုးဆက်သစ်တွေတာဝန်မကျေခဲ့သော်
ဆိုတဲ့စာလေးတွေ့တယ်။ မျိုးဆက်သစ်တွေက တာဝန်အကျေ
တောင်လွန်နေပါသေးတယ်ကွာ။တာဝန်မကျေတာက စစ်ခွေးဆိုးကြီး
သန်းရွှေတစ်ကောင်ထဲပါ။ ဒီလိုပြောတော့ကိုယ့်မိရွယ်ဖရွယ်ကြီးကို
လို့မင်းတို့က ရိုင်းတယ်ထင်မယ် မထင်နဲပ ဒီမိစ္ဆာကြီးရှုတ်ခဲ့သမျှ
နောက်အနှစ်ရာကျော်တောင် မြန်မာပြည်အတွက် ပြဿနာပေါင်းစုံကိုဖြေ
ရှင်းလို့ရမှာမဟုတ်ဘူး။ အေး ဒေါ်စုကြည်ကို ရှင်းနိုင်မယ်ထင်ပြီးပြည်သူကမဲပေး
ခဲ့တာ အဲဒီမှပိုရှုတ်ကုန်တယ်ကွာ။ ဒါ့ကြောင် စစ်ခွေးဆိုးကြီးဗိုလ်သန်းရွေက
အားလုံးကိုချုပ်ကိုင်ထားတာပဲလေ . . သူ့လက်ထဲမှာ သေနပ်နဲပစ်လို့ရသလိုဗုံးနဲ့
လည်းထုလို့ရတယ်။ နောက်ဆုံး လူသားဗုံးနဲ့ပါဆော်လို့ရတယ်။
လူသားဗုံးဆိုတာ ကုလားအရေးအခင်းကိုပြောတာနော် အုပ်ချုပ်သူရဲ့
လက်ထဲမှာ ပြည်သူကို ထိန်းဖို့ remote control ရှိတယ်လေ။ နောက်ဆုံး
စီးပွားရေးအရပဲကြည့်ဦးမှာလား အားလုံးကသူတို့လက်ထဲမှာ။ အခုတို့မျိုး
ဆက်သစ်တွေက ဘာမှကိုလုပ်လို့မရဘူး လှုပ်လို့လည်းမရဘူးနော် . .။
လှုပ်ချင်တဲ့စိတ်လည်းမရှိတော့ဘူး အားလုံးလူငယ်တွေကို ဂလယ်အူ
ကြောင်ဖြစ်အောင် ပညာရေးစနစ်အတွေးအခေါ်စနစ်တွေကို memory ထည့်
လိုက်ပြီးသွားပြီ . .။ လူထဲတင်မဟုတ်ဘူး သာသနာရေးနယ်ပယ်ထဲမှာလည်း
ဂလယ်အူကြောင်ဖြစ်အောင်လုပ်ထားတာ။ မယုံရင် မင်းတို့အိမ်ဆွမ်းခံကြွတဲ့
ကိုယ်တော်တစ်ပါးလောက်ကိုမေးကြည့် ဘုရားရှင်ကိုယ်တော်မြတ်ကြီးက
သံဃနာယကအဖွဲ့ရယ်လို့ ဖွဲ့ဖို့ခွင့်ပြုထားလားမထားဘူးလားဆိုတာမေး
လျှောက်ကြည့်ပါ။ ဒါတွေကို သိလို့ လိုက်ပြောနေလည်း ငါကိုယ်တိုင်တောင်
ဂလယ်အူကြောင်လို့အပြောခံနေရဦးမယ်။
အလင်းရှင်

No comments :
Post a Comment