သုတ္တန်ပိဋကတ်၊ မဇ္ဈိမနိကာယ်၊ မူလပဏ္ဏသပါဠိတော်၊ မဟာသစ္စကသုတ်
ကို ဖတ်တယ်။ မူရင်းပါဠိတော်ရယ်။ မိုးထိမူနိဿယရယ် နောက် ဆဋ္ဌသ
င်္ဂါယနာ တင်မြန်မာပြန်ရယ်ကို တိုက်ကြည့်တယ်။ ဝေသာလီပြည်မဟာဝုန်
တောထဲက ဘုရားကျောင်းတော်ရာထဲမှာ ဘုရားရှင်ကိုဖူးမြင်လိုက်ရသလို
မျိုး . . နောက် အနားမှနေတဲ့ ညီတော်အာနန္ဒာရဲ့ နူးညံ့သိမ်မွှေ့မူကိုလည်း
ကြည်ညိုရတယ်။ ဒီလို Felling မျိုးတွေကို ဟိုး ငယ်စဉ် ဇိနတ္ထပကာသနီ
ကျမ်းစာအုပ်ကြီးးတွေ ဖတ်တက်ကတည်းက ဖြစ်လာတာ အခုအထိပဲ။
စက်တင်ဘာနောက်ပိုင်း ထောင်ကျတော့ သူများတွေက ထောင်ကျနေ
တယ်လု့ ထင်ပေမယ့် ကိုယ်ကတော့ ဗုဒ္ဓအငွေ့အသက်တွေထုံမွှေ့ထားလို့
လားမသိ တော်နေကြာ ဇေတ၀န်ကျောင်းထဲရောက်လိုက် ကောသလမင်း
ကြီးနဲဆုံလိုက် တော်နေကြာ မလ္လိကာမိဘုရားမကြီးနဲ့တွေ့လိုက် အို . .
ကိုယ့်ဘ၀ကတော့ အာဏာရှင်တွေထားတဲ့ထောင်ထဲမှာမရှိဘဲ ပိဋကတ်
ထဲပဲ-၀င်ဝင်နေနေတော့ . . ဗိုလ်သန်းရွှေကိုတောင် ကျေးဇူးတင်ရမလို
ြုဖစ်နေသေးရဲ့။ နောက်မို့ဆို ကျောင်းမှာ စာသိပ်မဖတ်ရဘူးလေ။ အခု
တောင် လနဲ့ချီနေပြီ စာမဖတ်ရတာ။ အခုမှ တစ်နာရီလောက်ဖတ်ဖြစ်တာ
အဲဒါပေမယ့်လည်း ကိုယ်အကျင့်က ဓမ္မဓာတ်ပါနေတော့ ကိုယ့်ပတ်ဝန်း
ကျင်မှာဖြစ်ပေါ်လာတဲ့အကြောင်းတရားတွေကို ကိုယ်က ဓမ္မဂုဏ်ရည်နဲ့
ကြည့်လိုက်တော့ သူမိုက်သူကန်းတွေက လွဲနေတယ်လို့ပဲမြင်နေတယ်။
ဒါပေမယ့်ကိုယ်လည်းအမှန် ဖြစ်နေတဲ့ အကြောင်းကလည်းအမှန် . .
အလင်းရှင်ဟာ ဓမ္မရှုထောင့်ကကြည်ကြည့်ပြီး သုံးသပ်နေနေ့ အဓမ္မ
သမားတွေနဲ့ အမြဲ ပြဿနာဖြစ်နေရတယ်။
အင်း ..တစ်ယောက်ထဲနေလိုတဲ့စိတ်က အလင်းရှင်ကို alarm ပေးပေး
နေတာ ကြာခဲ့ပါပြီ။ သိတယ်လေ ။ ကိုယ်ကလည်းတစ်ယောက်ထဲ နေချင်
နေတဲ့ကောင်ပါ။ ဒီမျက်လုံးစုံလုံးမကန်းသရွေ့တော့ စာဖတ်ရင်းနေမယ်
အဲ စုံလုံးကန်းသွားတဲ့နေ့ကတော့ အလင်းရှင်တို့ တစ်ယောက်ထဲနေတဲ့
နေ့ပဲ . .. ဟေ့ ။
အင်းတကယ်တော့ တစ်ယောက်ထဲသာဆိုတယ် ..
ကိုယ့်ရင်ဘတ်ထဲမှာတော့ .. ငါရယ် . . ဗုဒ္ဓရယ် . .
ဗုဒ္ဓရယ် . . ငါရယ် . . အာနန္ဒာရယ် . . .
နောက် ..ငါ့အပေါ်ကျေးဇူးရှိကြတဲ့ ဒကာဒကာမတွေရယ် . . . .
❝ ❞ ❝ ❞ ❝ ❞ ❝ ❞ ❝ ❞ ❝ ❞ ❝ ❞ ❝ ❞ ❝ ❞ ❝ ❞ ❝ ❞ ❝ ❞
ဤမှန်သောသစ္စာစကားကြောင့် မစ္ဆာဝါဒ၊ အာဏာရှင်ဝါဒပျက်ပြုန်းပါစေ
☀အလင်းရှင် ☀

No comments :
Post a Comment