ကျနော် .. ငယ်ငယ်ကတည်းက ဘာမှမသိဘဲ စွဲလမ်းမိတာလေးတစ်ခုရှိခဲ့တယ်ဗျာ။
သူ့ကိုတော့ နိဗ္ဗာန်တဲ့ ဟိန္ဒူစကားကတော့ နိန်း လို့ပြောကြတယ်။ အိန္ဒိယကိုရောက်
ရင် ဟိန္ဒူကုလားတွေက ပရုပ်ဆီတို့ဘာတို့ညာတို့ကိုတောင်းတယ်ဗျ။ အဲဒီအခါကျရင်
အင်္ဂလပ်လိုပြောလို့လည်းမရဘူးနော် . . သူတို့စကားနဲ့ပြန်ပြောရတယ် .. နိန်း ..တဲ့။
နိန်း လို့ပြောလိုက်ရင် ကုလားလေးလှည့်ပြန်သွားတယ် ဆက်မတောင်းတော့ဘူးဗျ။
အဲ .. ကိုယ်ကအဲလိုမှမပြောရင် တွယ်ကပ်ပြီးတောင်းတက်တယ်။ နိန်းဆိုတာသူတို့
စကားအရ မရှိဘူးလို့ ပြောတာပဲ။ ဒါ့ကြောင့် ကုလားလေးကို နိန်းလို့ပြောလိုက်ရင်
ကုလားလေးဟာ မရှိဘူးဆိုတာ သိသွားတယ်။
ကဲ . . နိဗ္ဗာန်လေးပြန်ကောက်ကြရအောင် . . ပြောခဲ့သလိုပေါ့ဗျာ ကျနော်ငယ်ငယ်
က အဲဒီ နိဗ္ဗာန်ကြီးကို အရမ်းသိချင်တာဗျာ။နောက်တော့လူကြီးတွေကပြောတယ်။
နိဗ္ဗာန်ရောက်သွားရင် ဘာမှခံစားမှုမရှိတော့ဘူးတဲ့ . . . အဲဒီမှာကျနော် စိတ်ပျက်သွား
တယ်။ ဘာမှမရှိတဲ့ ခံစားမှုမဲ့တဲ့ နိဗ္ဗာန်ကြီးကိုတော့ ကျနော်မလိုချင်ဘူလေဗျာ။
အင်း .. ဒါ . .ကျနော်ခံစားဖူးတဲ့ ငယ်ငယ်ကနိဗ္ဗာန်ပါပဲ။
အကယ်၍ ကျနော်အားရင် စိတ်ပါရင် မသေသေးရင်၊ထောင်မကျသေးရင်
ဆက်ပြောပါဦးမယ်။ ဘာဖြစ်လို့ အခုလိုကျနော်ပြန်ပြောပြရသလဲဆိုတော့ အခုနောက်
ပိုင်း ဗုဒ္ဓပိဋကတ်တွေဖတ်ရတဲ့အခါမှာ နိဗ္ဗာန်ဆိုတာ ခံစားမှုစိတ်သုန်းတဲ့နေရာအဖြစ်
နားလည်ပြီး အားလုံးကိုကျနော်သိသလိုသိစေချင်လို့ပါ။
အလင်းရှင်

No comments :
Post a Comment