ဖေ့ဘွတ်သုံးမယ့်အချိန်တွေကိုလျှော့ချခဲ့တယ်။ နောက် စာမရေးဘူးလို့နေတာ
စာတွေဖတ်ရင်း ရင်ထဲမှာ အခုလိုချရေးချင်တဲ့ စိတ်တွေကြောင့် . . . .။
မြတ်စွာဘုရားရဲ့ပိဋကတ်ဓမ္မကိုကြည့်ရင် သူ့တပည့်သံဃာတွေ ကိုဟောတာရှိ
တယ်။ ၀ါဒမတူတဲ့ တိတ္ထိတွေကိုဟောတာရှိသလို ပုဏ္ဏားများကိုလည်ဟောခဲ့
တာရှိတယ်။ သူတောင်းစားများကို ဟောခဲ့တာရှိတယ်။ နောက်သူဋ္ဌေးသူကြွယ်တွေ
ကိုဟောခဲ့တာရှိ တယ်။ မင်းအမတ်တွေကိုဟောခဲတာရှိတယ်။ နောက် မိဘတွေမ
ရှိ တော့တဲ့ လူငယ်လူရွယ်လေးတွေကိုဟောတာရှိတယ်။မြတ်စွာဘုရားဟော
သမျှတွေမှာ သူ့အသက်သက်ခြင်းအစရှိတဲ့ အကုသိုလ်တရားကိုဟောခဲ့တာမရှိ
ပါဘူး။ မရှိတာမှ လုံးဝဥဿုံကိုမရှိတာတာနော် . . .။
ဒါ့ကြောင့် ဒီနေ့အထိ ကမ္ဘာ့ပညာရှင်ကြီးတွေက ဗုဒ္ဓနဲ့ဗုဒ္ဓဓမ္မတွေကို ကြည့်ညို
နေကြတာပါ။ ဗုဒ္ဓ၀ါဒဟာ ဖြစ်တည်းခြင်းအနက်ကို ပျက်သုန်းခြင်းအနက်အထိကို
ရောက်အောင် ခွဲခြားစိတ်ဖြာနိုင်တဲ့ ဉာဏ်ရောက်အောင်ဆွဲခေါ်သွားတက်တယ်။
ဘယ် တော့မှ အတ္တပုံဆောင်မှုကို မြဲမြံခိုင်ခံ့တဲ့သဘောကိုမဟောခဲ့ဘူး။ ဘာတွေဘာတွေပဲဖြစ်ခဲဖြစ်ခဲ့ ဖြစ်ခြင်းရဲ့အဆုံးမှာ ချုပ်ငြိမ်းခြင်းဆို တာကို မြင်နိုင်အောင်

ပြတဲ့ဝါဒပါ။
အကယ်၍ ဗုဒ္ဓ၀ါဒသာ ကမ္ဘာကိုလွှမ်းနိုင်မည်ဆိုပါက စစ်မက်ဘေးတွေ
ချုပ်ငြိမ်းကွယ်ပျောက်နိုင်ပါတယ်။ ငတ်မွတ်မှုဘေးတွေ ကွယ် ပျောက်နိုင်
ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဇာတိသဘောကို ခွဲခြားစိတ်ဖြာထားပြီး ဒီဇာတိဟာ

ကိုယ့်အတွက် ဘာမှအကျိုးမရှိ သော ဒုက္ခသက်သက်ဖြစ်ကြောင်း ဗုဒ္ဓ၀ါဒကဆိုတယ်။
ဗုဒ္ဓကလောကကို လိုချင်တဲ့မျက်စေ့နဲ့မကြည့်ဖို့နဲ့ ရလာရင်လည်း အဲ ဒီဒြပ်ဝတ္ထုတွေမှန်

သမျှကို မသာယာမိစေဖို့အတွက် ဆုံးမထားတယ်။ မရလာရင်လည်းပဲ
ဒေါသတွေမဖြစ်ဖို့
ဆုံးမထားတယ်။ ရခြင်းမရခြင်းထက် လိုချင်တက်မက်သူမိမိကိုယ်တိုင် အနတ္တဒြပ်
ဝတ္ထုဖြစ်နေတယ် လို့ကို ထောက်ပြထားတယ်။
ဒါ့ကြောင့် ဗုဒ္ဓ၀ါဒသည် ပျက်သုန်းမှုကိုဖြစ်စေသောဝါဒမဟုတ်ဘဲ ပျက်သုန်းလေ့ရှိသော

လောကကိုပျက်သုန်းတက်သည့်အမှန်ကိုသာ
ထုတ်နှုတ်ပြသောဝါဒဖြစ်သည်။
ထို့ကြောင့် ဗုဒ္ဓ၀ါဒသည်အလောဘ ၀ါဒမို့
ဗုဒ္ဓ၀ါဒနိုင်ငံတော်တကယ်စစ်မှန်လျှင်
ငြိမ်းအေးနေလေ့ရှိသည်။
ဗုဒ္ဓ၀ါဒကိုလက်ခံယုံကြည်သောသူသည် ဘယ်တော့မှ သူတစ်ပါး ကိုယ်စိတ်ဆင်းရဲမှုကို
အားထုတ်တော့မည်မဟုတ်။
သည့်အတွက် ကြောင့် ဗုဒ္ဓ၀ါဒနိုင်ငံတော်တွင်
သူသတ်ခြင်းအစရှိတဲ့အကုသိုလ်အ လိုဆိုးများ ချုပ်ငြိမ်းနေမည်။
အခုတော့ . . မြန်မာနိုင်ငံသည် ဗုဒ္ဓ၀ါဒများကို ကျောက်စာထက်၊
စာအုပ်ထက်CD or DvD ထက်တွင်ရှိနေသော်လည်း လူတို့၏ နှလုံးသားတွင်
မရှိသောကြောင့် သန်းခြောက်ဆယ်မှာ ဒုက္ခိတဘ၀သို့ ရောက်၍နေသည်။ ဘာ့ကြောင့်လည်းဆိုတော့ ခေါင်းဆောင်အ ဆက်ဆက်သည် အတ္တကိုသရုပ်မခွဲ
တက်ဗုဒ္ဓ၀ါဒကိုနားမလည်ခဲ့ သည့်အတွက် အာဏာရူးကြီး ဗိုလ်သန်းရွှေသည် မိမိကိုယ်

ကျိုးစီး ပွားအဖြစ် မြန်မာနိုင်ငံတော်ကြီးကို တရုတ်လက်ထဲ သို့အပ်ခဲ့သည်။
ထိုသည်ကား ပြည်သူပြည်သားတို့ရဲ့ ဒုက္ခကံကြမ္မာတည်း။
အလင်းရှင် (ဗုဒ္ဓ၀ါဒနိုင်ငံတော်)
— with Thu Ri Ya and 19 others. အလင်းရှင် (ဗုဒ္ဓ၀ါဒနိုင်ငံတော်)
No comments :
Post a Comment