.

AlinShin

Wednesday, October 9, 2013

တာဝန်သိပါ . . . သိန်းစိန်အစိုးရ .

ဗုံးပေါက်တယ် . . . လက်နက်တွေ့တယ် . .
ဒါတွေဟာ ပြည်သူကို ချိန်းခြောက်တာပဲ .. ဗျ။
ဒီလိုမဟုတ်ရင်လည်း အစိုးရမှာတာဝန်ရှိတယ်လေ . .
အစိုးရဆိုတာ ပြည်သူ့ကျွန်ဗျ။ ပြည်သူ့ရဲ့
အသက်အိုးအိမ်စည်းစိမ်ကို
ကာကွယ်ပါ့မယ်လို့ ကျမ်းသစ္စာကျိန်ဆိုပြီးမှ အစိုးရဖြစ်ခွင့်ရတာ။
အခုတော့ ပြည်သူကိုချိန်းခြောက်တာလား ? အကာအကွယ်မပေးနိုင်တာလား?
ဆိုတာ စဉ်းစားစရာမလိုဘူးဗျ။ သူတာဝန်မယူနိုင်ရင် တာဝန်ကနေ နှုတ်ထွက်
လိုက်လေ . . လုပ်နိုင်သူတာဝန်ယူနိုင်သူကဆက်လုပ်မှာပေါ့။
အခုတော့ မဲပြာပုဆိုးစတိုင်နဲ့ လှည့်ကွက်ဇာတ်လမ်းဆင်နေတာဟာ
အရမ်းကို ရှက်ဖို့ကောင်းတယ် . .. ကြာရင် သိန်းစိန်အစိုးရကိုပါ
ငါနဲ့တုတ်မိတော့မယ်။ ပြည်သူ့ထံမှာ လောက်လေးခွတောင်မရှိဘူးဗျ
နိုင်ငံခြားမှာလို ပြည်သူ့မှာလက်နက်ကိုဝယ်သုံးလို့ရတဲ့ မှောင်ခိုဈေးကွက်
ဟာ မြန်မာပြည်မှာမရှိသေးဘူးဗျ။ ဒီတော့က ဒီလိုဇာတ်ကွက်တွေဟာ
အရင်စစ်ရေခွံဝတ်တုန်းကတည်း သုံးခဲ့တဲ့ ရိုက်ကွက်တွေဆိုတာ
ပြည်သူတွေအတော်များများ စဉ်းစားမိမှာပါ။
ဒါကို ဗုံးတွေ့လိုက်သေနပ်တွေ့လိုက်နဲ့ ရုပ်ရှင်ရိုက်နေတာကတော့
စိတ်ပျက်မိတယ်ဗျာ . . ။

အလင်းရှင်

No comments :

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget