သစ္စာမဖေါက်ဘူးဆိုတာပါပဲ။
..............................
အလင်းရှင် အတ္တစွဲမထားဘူး . . .
ကိုယ်နဲ့ယုံကြည်ချက်တူရင်ပေါင်း
မွေးတုန်းကလည်း တစ်ယောက်တည်း ။ သူများလိုအမွှာပူးမဟုတ်ခဲ့ဘူး။
သေရင်လည်း တစ်ယောက်တည်းပဲ . .မှတ်တိုင်ဆိုတာကတော့
ကိုယ်သက်ရှိစဉ်က လုပ်ခဲ့တဲ့ ကုသိုလ်အကုသိုလ်ပဲ။
ကိုယ်တစ်ကိုယ်တည်း ယုံကြည်ရာကိုလှမ်းရွယ်ရင်း . . .
ဆန္ဒမတူသူကိုတော့ ဗုဒ္ဓဘုရားရှင်ရဲ့ မင်္ဂလာသုတ်တော်အတိုင်း
ဗာလနံဆိုရင် အသေ၀နာစ လုပ်လိုက်တာ။
အခုရေးဆဲ့အထိစရင်းကတော့ . . . အောက်ပါအတိုင်းပါပဲ . .
ရှေ့ဆက်ပြီး ဆန်ကျင်ဘက် ဗာလနံများတွေ့ရင် အသေ၀နာစ လုပ်နေဦးမှာပဲ
ပြောချင်တာက အလင်းရှင်ကို Add မယ်ဆိုရင် ဖရင့်ဖြစ်ပြီးသားတွေကလည်း
အလင်းရှင်နဲ့ စရိုက်ဝါသနာမတူရင် အခုကတည်းက ထွက်သွားလိုက်ပါ။
အားလုံးအတွက် မင်္ဂလာဖြစ်တာပေါ့။ ကျန်ရှိနေတဲ့ မိတ်ဆွေများနဲ့
နောက်နောက် အသစ်ပေါင်းသင်းခွင့်ရမယ့် မိတ်ဆွေများအတွက်တော့ . .
အလင်းရှင် ကတိတစ်ခုပေးချင်ပါတယ်။ အခြားတော့မဟုတ်ပါဘူး
ခင်ဗျားတို့အပေါ်ကို အလင်းရှင်ဘယ်တော့မှ သစ္စာမဖေါက်ဘူးဆိုတာပါပဲ။
အလင်းရှင်
No comments :
Post a Comment