ဗုဒ္ဓမြတ်စွာ သက်တော်ထင်ရှားရှိစဉ်ကို လှမ်းကြည့်ရင် . . .
လက်ဝဲတော်ရံ လက်ယာတော်ရံ စသည်ဖြင့် . . . စသည်ဖြင့်တွေ့ရတယ်။
ဒါတွေကိုသုံးသပ်ကြည့်တော့ ဗုဒ္ဓမြတ်စွာဟာ သူ့သာသနာတော်ကို သူတစ်ပါး
တည်းသာ ထမ်းရွက်လိုတော်မူရင်းမဟုတ်ဘဲ ညီမျှသောဝန်ဖြင့် သတ္တ၀ါအားလုံး
တို့ကို ထမ်းရွက်စေခြင်းသာဖြစ်သည် ဒါ့ကြောင့် ဗုဒ္ဓမြတ်စွာက သူ့ရဲ့ ၀ါစကာတော်
များကို သက္ကဋဘာသာတစ်မျိုးတည်းဖြင့် ဘာသာမပြန်ကြရန် မိန့်မှတ်တော်မူခဲ့
တာပဲဖြစ်ပါတယ်။
သြော် . . . .
အခုလည်းတွေ့နေရပါတယ် အွန်းလိုင်းပေါ်မှာ မျိုးချစ်လူငယ်လေးတွေလေ . .
သူတို့နားလည်တဲ့ စကားလုံးနဲ့ ဖေ့ဘွတ်ပေါ်မှာ ရေးမှတ်ဆောင်ရွက်နေကြတာကို တွေ့ရတာ
အားရှိစရာပါ။ ထိုထိုသောလူငယ်လူရွယ်များဟာ နောင်ဘုရားအတွက်များ
ဖြစ်နေရော့ . ..လား ? လို့တွေးမိရင်း . . . အလင်းရှင်တော့ နောက်နားလေး
ကထိုင်ကြည်ညိုနေမိပါတော့ . .တယ်။
အလင်းရှင်

No comments :
Post a Comment