.

AlinShin

Tuesday, October 29, 2013

သံသယနဲ့ ချစ်နေမယ့်အစား

♥ ❥ ♠♥♣ ♥ ❥ ♠♥♣ ♥ ❥ ♠♥♣
ဗုဒ္ဓဘုရားရှင်တွင် . . .
ဘုန်းတော်အနန္တ၊ ကံတော်အနန္တ၊ ဉာဏ်အနန္တ ရှိတယ်ဆိုတာကို မင်းအကြွင်း
မဲ့ယုံကြည်ထားပါ။ သို့သော် . . သူကိုယ်တိုင်ခါးနာဝေဒနာဖြစ်တာကိုတော့
ပျောက်အောင်မကုနိုင်ဘူးနော် . . . ဒေ၀ဒတ်
ကျောက်မောင်းဆင်ရာမှာ
ခြေမတော်လေးနဲနဲပွန်းပဲသွားတယ်နော် . . ဒါကိုလည်း မကုနိုင်ဘူးနော် . . .
အဲလိုလေးတွေးမိတော့ . . မင်းစိတ်ထဲ ဗုဒ္ဓအပေါ် ဘုန်းတော်အနန္တ ဆိုတာတွေ
သံသယလေး ၀င်မသွားဘူးလား? ဒါဝင်သင့်ဝင်ထိုက်တယ် ဒီလိုသံသယ၀င်လာပါမှ
အကြောင်းအကျိုးကိုခွဲခြားနားလည်နိုင်တာ။ ဥပမာကွာ။ လူကိုဘုရားကဖန်ဆင်း
တယ်လို့ ယုံကြည်နေတဲ့သူဟာ သူယုံကြည်နေသမျှကာလပတ်လုံး သူ့ကိုဘုရား
 ကဖန်ဆင်းတယ်လို့ပဲ သူထင်မြင်နေတယ်။ အဲ . . ငါ့ကို ဘုရားကဖန်ဆင်းတာ
ဟုတ်မှဟုတ်ပါရဲ့လား? လို့ သံသယလေးဝင်မိတာနဲ့ အဲဒီဝင်လာတဲ့သံသယကို
ဖြေရှင်းနိုင်ဖို့အတွက် စာဖတ်ရတော့မယ် သူစူးဆန်းလေ့လာရတော့မယ်။
ဒါဆိုရင် ထိုသံသယ၀င်သူဟာ သူ့ကိုဘုရားကဖန်ဆင်းတာမဖန်ဆင်းနိုင်တာကို
အထိုက်အလျှောက်သိနိုင်သွားတယ်။
ဒါ့ကြောင့် လူ့ဘ၀အတွက် အချို့ကိစ္စရပ်တိုင်းကို လက်လွတ်ပြီးစလွယ်မယုံကြည်
သင့်ဘူး။ သံသယလေးတော့ထားရတယ်။တို့လည်းငယ်စဉ်က ဒီလိုပဲ သံသယ၀င်မိ 
ပါတယ်တကယ်တော့ ဗုဒ္ဓမြတ်စွာဟာတို့တွေရဲ့ သံသယကိုဖြေဖြောက်နိုင်စေဖို့
အတွက်ကမ္မတရားတို့ . . နိယာမတရားတို့ကို ဟောခဲ့တာပေါ့။
အကယ်၍ မင်းမှာ ဗုဒ္ဓအပေါ်သံသယတွေထင်ကျန်နေသေးတယ်ဆိုရင် ဗုဒ္ဓမြတ်
စွာရဲ့ တရာတော်တွေကို လိုအပ်သလောက်မနာကြားရသေးလို့ပါ။ ဒီအတွက်
ဗုဒ္ဓတရားတော်များကို ဖတ်ရှု့နားကြားပါ။ အခြေအားဖြင့်လေ့လာနိုင်ဖို့အတွက်
မဟာဂန္ဓာရုံဆရာတော်ရဲ့ ရတနာ့ဂုဏ်ရည်ကျမ်းစာအုပ်လေးကို အခုပေးထား
တဲ့လင့်မှာ Download ၀င်ဆွဲလိုက်လေ . . .။
ဒါ့ကြောင့် ဗုဒ္ဓ၀ါဒကို များများလေ့လာလေ .. ဗုဒ္ဓရဲ့ အနှိုင်းမဲ့ဂုဏ်ရည်တွေဟာ
အနန္တပါလားရယ်လို့ ပိုပိုသိလာတယ်။ နောက်ဆုံး ကိုယ့်နှာသီးဖြားလေးထဲကို
ဝင်လာတဲ့လေ .. ထွက်သွားတဲ့လေလေးကိုပဲ သေချာစိုက်ကြည့်လိုက် . .
လေရဲ့ မမြဲမှုအနိစ္စလေးကိုရှု့ကြည့်စမ်းပါလား . . ။
အို . . . လောဘ ဒေါသ မောဟ ဆိုတဲ့ အကုသိုလ်အလိုဆိုးတရားတွေဟာ
လွှင့်စင်ထွက် သွားတာကို မြင်လိုက်ရလိမ့်မယ်။ သေချာကြည့်ပါများလာရင်
အလင်းရှင်ဟိုးအရှေ့ကရေးခဲ့တဲ့ ဒေါ်စုကြည်မကောင်းကြောင်း အာဏာရူးတွေ
မကောင်းကြောင်း ပြည်သူတွေ ဒုက္ခအတိရောက်နေကြောင်းတွေရဲ့ အဖြေကို
သိလာလိမ့်မယ်။

☛ မသေသေးရင် . . . .
ထောင်ကိုနောက်တစ်ခေါက်အလည်မသွားဖြစ်သေးရင် . .
အခုလိုမျိုးဆက်ရေးချင်ပါသေးတယ် . . ။☚
☀ အလင်းရှင် ☀
http://aungminkhoung.blogspot.com/search/label/ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒ

No comments :

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget