ဘယ်သူ့ကိုမှ မမုန်းပါ
✎✎✎✎✎✎✎✎✎
အမျိုးဘာသာအတွက် အချိန်ပေးခြင်းသည် ဗုဒ္ဓအလိုတော်ကျဖြစ်သည်။ အမျိုးဘာသာကိုချစ်သောစိတ်သည် ဗုဒ္ဓလောင်းလျာတို့တွင်ရှိသောစိတ်ထားဖြစ်
သည်။ ဒီကနေ့မြန်မာပြည်မှာ မော်ဒယ်ပြိုင်ရေးက ပြည်သူအတွက်အဓိကလား .. လယ်ယာမြေတွေအသိမ်းခံနေရလိုသောကဗျာပါဒမီးတွေတောက်လောင်နေ

တဲ့ပြည်သူကိုဖြေသိမ့်နှစ်သိပ့်ကုညီနိုင်ဖို့က အဓိကလား . . ဒါတွေကိုလူငယ်တွေသိဖို့
အလင်းရှင်ရေးတာပါ။ ဘယ်သူ့ဘယ်သူကိုမှ ထိခိုက်နာကျင်စေဖို့မဟုတ်ဘဲ . . နွမ်းပါးငတ်ပြတ်နေတဲ့ ပြည်သူကို ကူညီ ကြဖို့ နှိုးဆော်လိုက်တဲ့ ကဗျာပါ။
ဒီနေ့ ပြည်သူတွေ ဗုံးပေါက်မှာကိုကြောက်နေတယ်။ အလုပ်လက်မဲ့ပြဿနာနဲ့
ဥပဒေမဲ့ပြည်သူသူကို အစိုးရက နှိပ်စက်သလို ပါတီတွေကလည်း သူတို့မဲရဖို့
talking ပဲ ပွားနေတယ်။ ဒီလိုလေးသိဖို့ တင်ပြတာပါ။
အတိက်ကံအကြောင်းတစ်လွှာကြောင့် ထမင်းနပ်မှန်ပြီးဇိမ်ကြကြကားလှလှနဲ့
စီးနိုင်သူတွေအတွက် အလင်းရှင်ရဲ့စကားလုံးဟာ ကရုဏာပါ . . သူကိုတော့
မုန်းစေ . . သူ့ကိုတော့ ချစ်စေဆိုတာမျိုးမဟုတ်ပါဘူး။ အဓိကနဲ့သာမညကိုခွဲ
ခြားမြင်စေချင်တာပါ။
တရုတ်နဲ့ရန်တိုက်သည်မတိုက်သည်ဖြစ်စေ ကုလားနဲ့ရန်တိုက်သည်မတိုက်သည်
ဖြစ်စေ မြန်မာလူငယ်လူရွယ်တွေအတွက် အဓိကဖြစ်တဲ့ ထမင်းငတ်ဘေးကျပ်
နေတဲ့ ပြည်သူ့ဘ၀ကို ကာယကံမြောက်မကူညီနိုင်ရင်တောင်မှ ၀စီကံမြောက်
လေး ကူညီစေချင်တယ်။ မောဒယ်ပြိုင်ပွဲဟာ နိုင်ငံဂုဏ်ဆောင်ဆိုရင် . . .
နေ့စဉ် လယ်ယာမဲ့အိုးမဲ့အိမ်မဲ့ဖြစ်နေတဲ့ ပြည်သူတွေအနှိပ်စက်ခံနေရပုံကရော
နိုင်ငံအတွက် ဂုဏ်မပျက်စေဘူးလား . .. နားလည်ကြပါ ညီငယ်ညီမငယ်တို့
ရယ် . . လောကမှာ ဘာပဲလုပ်လုပ် ဖြစ်ချင်တာက ဆန္ဒဖြစ်နေတာကဘ၀ပါ။
ဆန္ဒအရ နိုင်ငံကိုဘက်စုံတိုးတက်စေချင်သော်လည်း တကယ်ဖြစ်နေတာက
တော့ ထမင်းနှပ်မှန်တဲ့ပြည်သူတွေ အသိဉာဏ်ငတ်ပြတ်နေတဲ့ပြည်သူတွေ
အတွက်ကို အလေးပေးစေလိုပါတယ်။
ရေပြည့်နေသောအိုးကို ရေတွေလောင်းထည့်နေခြင်းထက် ရေမရှိတဲ့အိုးကို
ရေလောင်းထည့်ခြင်းသည်သာ မူမှန်သောလုပ်ရပ်ဖြစ်ကြောင်း . . .
မသေသေးရင် ဆက်ပြောဦးမယ်။
အလင်းရှင်

No comments :
Post a Comment