.

AlinShin

Thursday, October 24, 2013

စိတ်အစာမကျေမှုများ ☛☚

ကောင်မလေးရေ . . .
နိုင်ငံတကာကိုတင်တဲ့အကြွေးတွေ အမြန်ကြေဖို့ . .
ငါ့ကဗျာကို ဘယ်မှာသွားရောင်းရမလည်း . . ။
တကယ်တော့ . .
ငါ့ရင်ဘတ်ထဲမှာလည်း . . အကုသိုလ်အကြွေးတွေက ထုနဲ့ထေး . .။
ဟင်း .. ဆိုတဲ့သက်ပြင်းသံတွေတောင် မောနေလှပြီ။
စိတ်မကောင်းပါဘူး . . . မြန်မာပြည် . . ။
ခင်းဗျားကိုယ်တိုင်ကိုယ်က

အာဏာရူးတွေအတွက်သယံဇာတတွေ သွန်ချပေးနေတာကို ။
ကျုပ်တော့ . .
ထမင်းနှပ်မမှန်တဲ့ ပြည်သူနဲ့ စာပေအဟာရပြတ်နေတဲ့သူတွေကိုပဲသနာ
းတယ်။
သွားတော့ . . မြန်မာပြည်ရေ . . ။
ခင်ဗျားမှာ ရစရာဘာမှမရှိတော့ဘူး . . ။
ကျွန်းသစ် . ရေနံ . သဘာဝဓာတ်ငွေ . ရတနာမျိုးစုံ . .
အဲဒါတွေ အခုဘယ်ရောက်သွားပြီးလဲ . . ဗျို့ . .။
ငါပိုင် .. ဦးပိုင် . . ၀မ်ပေါင်ပိုင် ဖြစ်သွားပြီးလား . ။
စိတ်နာတယ် . . ဗျာ။
ခင်ဗျားကိုလည်း စိတ်နာတယ် . . ။
အာဏာရူးတွေကိုလည်း စိတ်နာတယ် . . ။
ခရိုနီတွေကိုလည်း စိတ်နာတယ် . . ။
သောက်သုံးမကျတဲ့ စုကြည်မကိုလည်း စိတ်နာတယ် . . ။
ကောင်မလေးကိုလည်း စိတ်နာတယ် . . ။

အလင်းရှင်

No comments :

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget