အလင်းရှင်ကို ချက်ဘောက်ကနေ ကောင်လေးတစ်ယောက်က
(အရှင်ဘုရားစာရေးတာမဆိုးဘူး)တဲ့ . . သည်ဖြင့်ပြောတယ်။
ထိုကလေးကို . .
အလင်းရှင်
မင်းအသက်ဘယ်လောက်ရှိပြီလဲ?
ကလေး
ဆယ့်ရှစ်နှစ်ရှိပြီဘုရား
အလင်းရှင်
အေး . . ငါစာရေးလာတာ မင်းထက်အသက်(တစ်နှစ်)ကြီးနေတယ်ကွယ်။
ကောင်လေး
ဝို့ အို . .
အဲလိုဖြေတယ်။
ဒါ့ကြောင့် . . . (၀ို့အို ) အိုဆိုတဲ့ ထိုကောင်လေးဖြေသောစကားကို
စာရေးသက်(၁၉)နှစ်လောက်ရှိသော အလင်းရှင်နားမလည် မည့်သည့်အဘိဓာန်
တွင်ပါရှိကြောင်း သိမီတက်သိသူများဖြေကြားပေးပါရန်လေးစားစွာ တောင်းဆို
အပ်ပါသည်။

No comments :
Post a Comment