.

AlinShin

Wednesday, September 11, 2013

တဘောင်အရဆိုရင် ဒေါ်စုကြည်ဟာ တကယ့်မင်းကောင်းပဲကွ

မျိုးရိုးကိုက . . ဆဋ္ဌသင်္ဂါယနာပွဲမှာ ဘကြီးဘုန်းကြီးကအထင်ကရပါ။
ပြောချင်တာက ဒါမှဟုတ်ဘူး။ နောက်ပေါက် လေးတွေကို ဇာနည်ကျက်မ
တဘောင်လေးရွတ်ပြချင်လို့ပါ။ ထောင်ကထွက်ကတည်းက ဖေ့ဘွတ်ခ်အကောင့်ကိ
ပြည်ပ ကဒကမတွေထံလှမ်းလုပ်ခိုင်းတယ် ပြီးတော့ ဇာနည်ကြက်မ
တဘောင်ကိုရေးခဲ့တယ်။(Time Lime ထဲတွင်ရှိသည်)။
၈၈ မှာတဘောင်ပေါ်ခဲ့တယ်ဆိုပေမယ့် ဒီတဘောင်က ဟိုးတုန်း ကတည်းကရှိတာ ငါ့ဘကြီးက မှော်ဘီဆရာသိန်းတို့လက်ထွက် ဆိုတော့ တဘောင်တော်တော်များများက သူ့နှုတ်ခါးပါတ်ထဲမှာ ထည့်ထားတာကွ။အကြောင်းတိုက်ဆိုင်ရင် အသံနေအသံထား 
နဲ့ရွတ်တော့တာပဲ။
ငါကလည်း ဖင်မွှေးမစင်ခင်ကတည်းကိုယ်က စာသံပေသံဆို ခံတွင်း
လိုက်တဲ့ကောင်လေ . .ဒီတော့ ငါ့ဘကြီးရဲ့တဘောင်က ငါ့ဆီရောက်တော့
တာပေါ့ကွာ။ ကဲ . . အခုတော့ ငါ့ထံကနေ ဖေ့ဘွတ်ဆီရောက်ပြန်တယ်။
တဘောင်အရဆိုရင် ဒေါ်စုကြည်ဟာ တကယ့်မင်းကောင်းပဲကွ ငါလိုရင်းတို
တိုလေးပဲရွတ်ပြမယ်။ ̏ ဂူအောင်းတဲ့ခင်ကြီးပျှော်ရယ် သမီးတော်လွှတ်လိုက်ပါဦး၊
ဇာနည်ကြက်မတစ်ခါတွန်လျှင် ဇဗ္ဗူတစ်ခွင်လင်းလိမ့်မဆုံး˝
̏ ဂူအောင်းတဲ့ခင်ကြီးပျှော်ရယ် ဆိုတာ ဗိုလ်ချုပ်အောင်ဆန်းကို ပြောတာ . . သမီးတော်ဆိုတာ ဒေါ်စုကြည်ကိုပြောတဲ့အပြင် အဲဒီဇာနည်ကြက်မတစ်ခါ
တွန်လိုက်ရင် ကမ္ဘာအထိမြန်မာသိ မယ်လို့ဆိုတယ်။
မှန်တော့မှန်တယ်။ တဘောင်ဟာတကယ်မှန်တယ်။ သို့သော် သူဟာ ပစ္စပ္ပါန်ကံမှာ ကလျှာဏမိတ္တနဲ့မပေါင်းမိလိုက်ဘူး။ ကုလားပြောတာအဟုတ်မှတ်အဟုတ်ထင်ပြီး
လိုက်ပြောတော့ ကမ္ဘာအထိကိုအမှားရောက်သွားတယ်။ ဒီအမှားဟာ ပြင်လို့မရ
တဲ့အမှားပဲ။ ဒါ့ကြောင့် ဗာရဏသီက သူဋ္ဌေးသားကိုကြည့်ပြီး ဗုဒ္ဓ ဒီသူဋ္ဌေးသားဟာ
 အတိက်ကံကတော့ ရဟန္တာအထိဖြစ်နိုင်တယ် သို့သော်ပစ္စပ္ပါန်ကံညံ့တဲ့အတွက် အခုသူတောင်းစားဖြစ်နေရတယ် လို့ . . အာနန္ဒာကိုဟောခဲ့တယ်။
ဒီအကြောင်းကို ဆီးပန်းနီ ဆရာတော်က ̏ မောင်ငယ်ယဉ်ကျေး . .˝ ဆိုပြီး
ကဗျာရေးခဲ့တာကို တို့ ကျောင်းစားအဖြစ်သင်ဖူးတယ်။ ဒါ့ကြောင့်ညီငယ်တို့ရေ . . ဒေါ်စုကြည်ဟာ မြန်မာနိုင်ငံရဲ့ ဇာနည် ကြက်မပင်ဖြစ်လင့်ကစား ပစ္စုပ္ပါန်ကံရဲ့
အားနဲမှုကြောင့် . . .

အလင်းရှင်
Photo: တဘောင်အရဆိုရင် ဒေါ်စုကြည်ဟာ တကယ့်မင်းကောင်းပဲကွ 
………………………..
မျိုးရိုးကိုက . . ဆဋ္ဌသင်္ဂါယနာပွဲမှာ ဘကြီးဘုန်းကြီးကအထင်ကရပါ။
 ပြောချင်တာက ဒါမှဟုတ်ဘူး။ နောက်ပေါက် လေးတွေကို ဇာနည်ကျက်မ
 တဘောင်လေးရွတ်ပြချင်လို့ပါ။ ထောင်ကထွက်ကတည်းက ဖေ့ဘွတ်ခ်အကောင့်ကို
 ပြည်ပ ကဒကမတွေထံလှမ်းလုပ်ခိုင်းတယ် ပြီးတော့ ဇာနည်ကြက်မ 
တဘောင်ကိုရေးခဲ့တယ်။(Time Lime ထဲတွင်ရှိသည်)။
၈၈ မှာတဘောင်ပေါ်ခဲ့တယ်ဆိုပေမယ့် ဒီတဘောင်က ဟိုးတုန်း ကတည်းကရှိတာ ငါ့ဘကြီးက မှော်ဘီဆရာသိန်းတို့လက်ထွက် ဆိုတော့ တဘောင်တော်တော်များများက သူ့နှုတ်ခါးပါတ်ထဲမှာ ထည့်ထားတာကွ။အကြောင်းတိုက်ဆိုင်ရင် အသံနေအသံထား နဲ့ရွတ်တော့တာပဲ။
ငါကလည်း ဖင်မွှေးမစင်ခင်ကတည်းကိုယ်က စာသံပေသံဆို ခံတွင်း
လိုက်တဲ့ကောင်လေ . .ဒီတော့ ငါ့ဘကြီးရဲ့တဘောင်က ငါ့ဆီရောက်တော့
တာပေါ့ကွာ။ ကဲ . . အခုတော့ ငါ့ထံကနေ ဖေ့ဘွတ်ဆီရောက်ပြန်တယ်။
တဘောင်အရဆိုရင် ဒေါ်စုကြည်ဟာ တကယ့်မင်းကောင်းပဲကွ ငါလိုရင်းတို
တိုလေးပဲရွတ်ပြမယ်။ ̏ ဂူအောင်းတဲ့ခင်ကြီးပျှော်ရယ် သမီးတော်လွှတ်လိုက်ပါဦး၊
 ဇာနည်ကြက်မတစ်ခါတွန်လျှင် ဇဗ္ဗူတစ်ခွင်လင်းလိမ့်မဆုံး˝
 ̏ ဂူအောင်းတဲ့ခင်ကြီးပျှော်ရယ် ဆိုတာ ဗိုလ်ချုပ်အောင်ဆန်းကို ပြောတာ . . သမီးတော်ဆိုတာ ဒေါ်စုကြည်ကိုပြောတဲ့အပြင် အဲဒီဇာနည်ကြက်မတစ်ခါ
တွန်လိုက်ရင် ကမ္ဘာအထိမြန်မာသိ မယ်လို့ဆိုတယ်။
မှန်တော့မှန်တယ်။ တဘောင်ဟာတကယ်မှန်တယ်။ သို့သော် သူဟာ ပစ္စပ္ပါန်ကံမှာ ကလျှာဏမိတ္တနဲ့မပေါင်းမိလိုက်ဘူး။ ကုလားပြောတာအဟုတ်မှတ်အဟုတ်ထင်ပြီး 
လိုက်ပြောတော့ ကမ္ဘာအထိကိုအမှားရောက်သွားတယ်။ ဒီအမှားဟာ ပြင်လို့မရ 
တဲ့အမှားပဲ။ ဒါ့ကြောင့် ဗာရဏသီက သူဋ္ဌေးသားကိုကြည့်ပြီး ဗုဒ္ဓ ဒီသူဋ္ဌေးသားဟာ အတိက်ကံကတော့ ရဟန္တာအထိဖြစ်နိုင်တယ် သို့သော်ပစ္စပ္ပါန်ကံညံ့တဲ့အတွက် အခုသူတောင်းစားဖြစ်နေရတယ် လို့ . . အာနန္ဒာကိုဟောခဲ့တယ်။ 
ဒီအကြောင်းကို ဆီးပန်းနီ ဆရာတော်က ̏ မောင်ငယ်ယဉ်ကျေး . .˝ ဆိုပြီး 
ကဗျာရေးခဲ့တာကို တို့ ကျောင်းစားအဖြစ်သင်ဖူးတယ်။ ဒါ့ကြောင့်ညီငယ်တို့ရေ . . ဒေါ်စုကြည်ဟာ မြန်မာနိုင်ငံရဲ့ ဇာနည် ကြက်မပင်ဖြစ်လင့်ကစား ပစ္စုပ္ပါန်ကံရဲ့ 
အားနဲမှုကြောင့် . . .
အလင်းရှင်

No comments :

Related Posts Plugin for WordPress, Blogger...
Twitter Bird Gadget