ပရိတ်သတ်ဆိုတာပြည်သူပါ။ မင်းသမီးဆိုတာနိုင်
ငံရေးခေါင်းဆောင်အဲလိုနားလည်ပြီး သုံးသပ်လေ့လာရင်။
ပိတ်ကားပေါ်ကသရုပ်ဆောင်မှုကိုပဲ ဝေဖန်တာဟာ ပရိတ်သတ်ရဲ့အလုပ်ပါ။
ပိတ်ကားရဲ့နောက်ကွယ်ကကိစ္စတွေကတော့ ပရိတ်သတ်အလုပ်မဟုတ်ူဘူးလေ။
ဒီလိုပါပဲ နိုင်ငံရေးရုပ်ရှင်ပိတ်ကားကိုကြည့်နေရတဲ့ ပရိတ်သတ်ပြည်သူဟာ
သရုပ်ဆောင်သူ နိုင်ငံရေးသမားတွေရဲ့ ရင်ထဲကိုထိုးဖေါက်ပြီးကြည့်နိုင်လောက်တဲ့
ဒိဗ္ဗစက္ခု တို့ . . ဒိဗ္ဗသောတတို့မရထားလေတော့ နိုင်ငံခေါင်းဆောင်များဟာ
နိုင်ငံရေးပိတ်ကားထက်မှာ သရုပ်ဆောင်တဲ့အခါ ပြည်သူကိုနားလည်အောင်
ပြည်သူကို လိပ်ပတ်လည်အောင်သရုပ်ဆောင်တက်ရမယ်။
ဒါ့မှ နိုင်ငံရေးမင်းသမီးကောင်းတစ်လက်ဖြစ်မှာပေါ့ . . ဗျာ။
ဒီလိုမှမဟုတ်ဘဲ သရုပ်သဏ္ဍာန်လုပ်ဟန်တွေက ဆင်ဝှေ့ရန်ရှောင်ဆိုရင်တော့
ပရိတ်သတ်က ဒီမင်းသမီးကို ပိုက်ဆံနဲ့ငွေအကုန်ခံပြီး ကြည့်နေမှာမဟုတ်ဘူး။
အလင်းရှင်

No comments :
Post a Comment